ထိုင်း မြန်မာနယ်စပ်အနီး ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့မှာ မိုးအဆက်မပြတ် ရွာသွန်း ပြီး ဇမိမြစ်ရေကြီးနေတဲ့အတွက် ကမ်းနားပိုင်း ရပ်ကွက်ဖြစ်တဲ့ အမှတ်(၆)ရပ်ကွက် တစ်ခုလုံးနီး ပါးနဲ့ အမှတ်(၄)ရပ်ကွက်တချို့ အိမ်ခြေ ၃၀၀ခန့် ရေတွေနစ်မြှုပ် နေတယ်လို့သိရပါသည်။
ရပ်ကွက်(၆)ခုရှိသည့်အနက် အမှတ်(၆)နှင့်အမှတ်(၄)ရပ်ကွက် အချို့နေရာတို့ ရေနစ်မြှုပ်နေ လို့အကူအညီပေးရေး လုပ်ဆောင် နေတဲ့ ဒေသခံ မြို့သားတစ်ယောက် က ““ဇမိမြစ် မြစ်ရေက အမြင့် ပေ(၁၀)ပေလောက် တက်လာ တယ်။ စိုးရိမ်ရေမှတ်ရဲ့ အပေါ် (၁)ပေလောက် မြင့်တက်လာ တယ်။အမှတ်(၆)ရပ်ကွက် အဲဒီဘက်မှာက ကမ်းနားပိုင်းတစ် ခုလုံးပေါ့။နောက်အမှတ်(၄)ရပ် ကွက်နည်းနည်း၊အိမ်ခြေက (၁၅၀) မြှုပ်သွားပြီ။အခု ကျွန်တော်တို့ အိမ်ခေါင်မိုးအထိက ထက်ဝက် ကျော်လောက်မြှုပ်တယ်။အိမ်ရဲ့ တစ်ဝက်တိတိလောက်ကိုအိမ်ကြမ်း ပြင်ရဲ့ တစ်ဝက်လောက်ပေါ့။အိမ် ကြမ်းပြင်လောက် တစ်ဝက်တိတိ မြှုပ်တာက အိမ်(၁၀၀)လောက်ရှိ တယ်လေ။ဒုက္ခရောက်တဲ့ လူဦးရေ က(၇၀၀-၈၀၀)လောက်ရှိတယ်။ ရေအခြေအနေက အဲဒီအမြင့်ပေ မှာပဲ တန့်နေတယ်။အနောက်ဘက် ကမ်းမြှုပ်လို့ရှိရင်တော့ တစ်မြို့လုံး မြှုပ်မယ့်အနေအထားမှာ ရှိတယ်”” တချို့လူတွေက မိမိတို့ အိမ်ကြမ်း ပြင် မမြှုပ်သည့်အတွက် အိမ်ပေါ် မှာနေကြသေးကြောင်း ရေကြီး နေသည့်အတွက် လူဦးရေ(၈၀၀) ခန့် အမှတ်(၆)ရပ်ကွက် ရော်ဘာ ခြံ ကုန်းမြင့်နဲ့ဗိုလ်တဲစုများတွင် ယာယီတဲထိုး၍နေနေကြကြောင်း။ ရေဘေးဒုက္ခရောက်သူများကို ဆန်၊အ၀တ်အထည်၊စားနပ်ရိက္ခာ များကို ကျောင်းသားလူငယ်တွေ က ကူညီခဲ့ကြပြီး နောက်ပိုင်းမှာ တော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ပြည်ခိုင်ဖြိုးပါတီနဲ့ရပ်မိ ရပ်ဖတွေ ပါဝင်ကူညီလာကြသလို၊ ပြည်နယ် သတ္ထုတွင်းဝန်ကြီး ဦး ဆောလောလလည်းလာရောက်ပြီး လိုအပ်တာတွေကို ကူညီပေးခဲ့ ကြောင်းသိရသည်။ ရေဘေး ကြောင့် ကလေးငယ်တချို့ ဖျား နာသည်ကလွဲ၍သေကြေပျက်စီး မှုတော့ မရှိသေးကြောင်းလည်း သိရပါသည်။
လင်းလက်ကြယ်



Vol-3,No-141
Vol-3,No-140
Download
August 9, 2012
Home, သတင်း