NGOအဖွဲ့ အစည်းတွေ ဆက်လက်အကူအညီပေး ရန်UNHCRတိုက်တွန်း

August 9, 2012

Home, သတင်း

 

အစိုးရမဟုတ်သောNGO အဖွဲ့ အစည်းများအနေနဲ့မြန်မာနိုင်ငံ  ရခိုင်ပြည်နယ်မှ ထွက်ပြေးလာကြ သူ ရိုဟင်ဂျာဒုက္ခသည်တွေအ ပေါ် ဆက်လက် အကူအညီပေး ခွင့်ပြုဖို့ ဘင်္ဂလားဒေ့ရှ် အာဏာ ပိုင်များ၊ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)   မှ သြဂုတ်လ(၇)ရက်နေ့ တိုက် တွန်းလိုက်ပါသည်။(UNHCR) ပြောခွင့်ရသူမှ မြန်မာ ဘင်္ဂလားဒေ့ရှ်  နယ်စပ် ကောက်စ်ဘဇားမြို့အနီး ဖွင့်လှစ်ထားသည့် တရားမ၀င်  ရိုဟင်ဂျာ ဒုက္ခသည် စခန်း၏ ဆောင်ရွက်လုပ်ကိုင်နေခြင်းကို ရပ်ဆိုင်းဖို့NGO အဖွဲ့သုံးဖွဲ့ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက  အမိန့်ထုတ်ခဲ့ကြောင်း၊ယင်းအမိန့်  ကို အကောင်အထည်ဖော်လျှင်  စခန်းတွင်းရှိ ဒုက္ခသည် လေး သောင်းလောက်အတွက် ကြီးမား  သောအခက်အခဲများနှင့်ရင်ဆိုင် ရမှာဖြစ်သ၍ စခန်းအနီးရှိ ဒေသ ခံများအတွက်လည်းNGO အဖွဲ့ မှ ရရှိနေသော အခြေခံဝန်ဆောင်  မှုများထိခိုက်ဆုံးရှုံးရမှာဖြစ်ကြောင်း  ပြောဆိုပါသည်။
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်  များ၏ လုပ်ငန်းရပ်ဆိုင်းမိန့်ပေးခဲ့ သော အဖွဲ့သုံးဖွဲ့မှာ ပြင်သစ်အ ခြေစိုက်MSF ခေါ်နယ်စည်းမခြား ဆရာဝန်များအဖွဲ့နှင့်ငတ်မွတ်ခေါင်း ပါးမှု တိုက်ဖျက်ရေးအဖွဲ့၊ဗြိတိန်  အခြေစိုက် မူဆလင် ကူညီရေး  အဖွဲ့တို့ဖြစ်ပါသည်။
ကောက်စ် ဘဇားမြို့တွင်  ဖွင့်လှစ်ထား ဒုက္ခသည် စခန်းနှစ်  ခုတွင် တရားဝင် ဒုက္ခသည် သုံး သောင်းလောက်ရှိကြောင်းUNHCR က ပြောပါသည်။UNHCR အ နေနှင့် ဒုက္ခသည်များအတွက်  အရေးပေါ် အကူအညီတွေဖြန့် ဖြူးပေးနေကြောင်း၊ကမ္ဘာ့ စားနပ် ရိက္ခာအဖွဲ့WFP လို တခြားကုလ  သမဂ္ဂ အဖွဲ့တွေကလည်း လိုအပ် တဲ့ ရိက္ခာနဲ့ တခြားလူသားချင်း  စာနာရေးဆိုင်ရာ အကူအညီတွေ  ပံ့ပိုးပေးနေကြကြောင်းသိရသည်။

 

သိန်းလှိုင်

,

No comments yet.

Leave a Reply

You must be logged in to post a comment.