နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ သစ်အရ နိုင်ငံခြားသားကုမ္ပဏီ များကို (၁၀၀)ရာခိုင်နှုန်းပြည့်ရင်း နှီးမြှုပ်နှံလုပ်ကိုင်ခွင့်ပေးရန်ရှိသော် လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ များအနေဖြင့် မြန်မာနိုင်ငံတွင် ရာနှုန်းပြည့်ပိုင် ကုမ္ပဏီအဖြစ်လာ ရောက်အခြေစိုက်ရန် လွယ်ကူ မည်မဟုတ်ဘဲ ပြည်တွင်းကုမ္ပဏီ များနှင့်ဖက်စပ်လုပ်ကိုင်ရန်မျှော် လင့်ထားကြောင်း မြန်မာ့ခရီးသွား လုပ်ငန်းအသင်းမှ တာဝန်ရှိသူများ က ပြောပြသည်။
““ကိုကာကိုလာလို ကုမ္ပဏီ ကြီး မြန်မာနိုင်ငံမှာလုပ်ငန်းလုပ် မယ်ဆိုရင်တောင်မှပူးပေါင်းဆောင် ရွက်မယ့် မြန်မာကုမ္ပဏီတစ်ခု တော့လိုမှာပါ၊ဘာဖြစ်လို့လဲဆိုတော့ ပူးပေါင်းလုပ်မယ့်ကုမ္ပဏီမရှိဘဲနဲ့ အောင်မြင်ဖို့မလွယ်ဘူးလေ။အခု ခရီးသွားလုပ်ငန်းမှာလည်း အဲဒီ လိုပါပဲ””ဟု သမ္မတရုံးအကြံပေး အဖွဲ့ဝင် ပါမောက္ခဒေါက်တာ အောင်ထွန်းသက်မှပြောကြားသည်။
ပတ္တမြားမြေခရီးသွားကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးအေးကျော် ကမူ ““နိုင်ငံခြားခရီးသွားကုမ္ပဏီ တွေက ဈေးကွက်ရှိပြီးသားပါ။အဲ ဒီတော့ ကျွန်တော်တို့ပြည်တွင်း ကုမ္ပဏီတွေ အနေနဲ့ဈေးကွက်တွေ ပိုပြီးကျဉ်းလာမယ်ထင်တယ်””ဟု ပြောသည်။
အာဆီယံလွတ်လပ်ကုန်သွယ် မှုစနစ်ကို ၂၀၁၅ခုနှစ်တွင် ကျင့် သုံးတော့မည်ဖြစ်ပြီး မြန်မာနိုင်ငံ ရှိ ခရီးသွားကုမ္ပဏီများအနေဖြင့် အားသာချက်များရှိကြောင်း၊နိုင်ငံ ခြားကုမ္ပဏီများတွင် နည်းပညာ နှင့်ငွေကြေးအင်အားတောင့်တင်း ကာ၊မြန်မာကုမ္ပဏီများအနေနှင့် နယ်ခံဆိုသော အားသာချက်ရှိ သဖြင့်ခရီးသွားလုပ်ငန်းကိုဖက်စပ် လုပ်ကိုင်ရန်သာ ပြည်တွင်းကုမ္ပဏီ များက မျှော်လင့်ကြောင်းသိရ သည်။
ညီညီ



Vol-3,No-141
Vol-3,No-140
Download
August 9, 2012
Home, သတင်း