ရေနံနှင့်သဘာဝဓာတ်ငွေ့  နိုင်ငံခြားကုမ္ပဏီများလုပ်ကိုင်နေ

August 9, 2012

Home, သတင်း

 

မြန်မာနိုင်ငံ၏ကုန်းပိုင်းနှင့် ကမ်းလွန်ရေနံ၊သဘာဝဓာတ်ငွေ့  လုပ်ကွက်(၃၇)ခုတွင် နိုင်ငံခြား ကုမ္ပဏီ(၂၀)မှ လာရောက်ရင်းနှီး မြှုပ်နှံအကျိုးတူပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း စွမ်းအင်ဝန် ကြီးဌာန၏ ထုတ်ပြန်ချက်များ အရ သိရသည်။
မန်းရေနံမြေ၊ချောက်ရေနံ မြေ၊ရေနံချောင်းရေနံမြေ၊ရွှေဘို-  မဟူဒေသ၊မဟူတောင်ဒေသ၊စစ် တွေဒေသ၊ဟူးကောင်းဒေသ၊ဥရု ဒေသ၊ငလှိုင်ဒေသ၊မဲပလေဒေသ ရှိ ကုန်းပိုင်းလုပ်ကွက်(၁၀)ခုတွင်MPRLE&Pltd Gold Petral CNOOC SINOPEC ESSAR Nobel Oil NPCC SNOGစ သည့်နိုင်ငံခြားကုမ္ပဏီများက  ဆောင်ရွက်နေကြောင်းသိရသည်။
ရေနံနှင့်သဘာဝဓာတ်ငွေ့  လုပ်ငန်းများတွင် နိုင်ငံခြားကုမ္ပဏီ  များဝင်ရောက်လုပ်ကိုင်ရန် အကျိုး    တူပူးပေါင်းဆောင်ရွက်နိုင်ရန် တင်ဒါများခေါ်ယူကာ နိုင်ငံတကာ   ကုမ္ပဏီများဝင်ရောက်ယှဉ်ပြိုင်မှု များထဲမှ စီစစ်ရွေးချယ်ပြီး ကမ်း လွန်လုပ်ကွက်များအတွက်လုပ် ကိုင်လိုသည့်လုပ်ကွက်များအား  တိုက်ရိုက်ဆွေးနွေးညှိနှိုင်းနိုင်  ကြောင်းသိရသည်။
မုတ္တမကမ်းလွန်၊တနင်္သာရီ  ကမ်းလွန်နှင့်ရခိုင်ကမ်းလွန်လုပ်  ကွက်များတွင်လည်းTotal e&p PTTER Daewoအပါအ၀င်  နိုင်ငံခြားကုမ္ပဏီ(၁၂)ခုမှ အကျိုး တူပူးပေါင်းဆောင်ရွက်နေသည်။

 

ညီညီ

,

No comments yet.

Leave a Reply

You must be logged in to post a comment.