ငလျင်ပြင်းထန်အားနှင့် လှိုင်းအရှိန်ကြာနိုင်ချေတို့ကို ခန့် မှန်းတွက်ချက်ဖော်ပြထားသည့် ငလျင်ဇုန်ပြမြေပုံအား မြန်မာနိုင်ငံ တစ်ဝန်းလုံးသို့ ၂၀၁၃ခုနှစ်၊ဧပြီလ မတိုင်မီ ဖြန့်ချီမည်ဖြစ်ကြောင်းသိ ရသည်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဦး စီးဌာန၊နေပြည်တော်မိုးလေ၀သ နှင့် ဇလဗေဒဌာနအောက်ရှိ ငလျင်ဌာနတို့က ပူးပေါင်းဖြန့်ချီ မည်ဖြစ်ပြီး၊အဆိုပါ မြေပုံအား ထိုင်းနိုင်ငံအခြေစိုက် အာရှသဘာဝ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင် ရေးဌာနအပါအ၀င် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းရှိ ငလျင် ကော်မတီ၊မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားရေးမှူးဦးစီးဌာန၊တက္က သိုလ်များရှိ ဘူမိဌာနနှင့်မန္တလေး မြို့တော်စည်ပင်တို့က(၂)နှစ်ကြာ ပူးပေါင်းရေးဆွဲခဲ့ကြခြင်းဖြစ်သည်။
၂၀၁၂ခုနှစ် ဇွန်လအတွင်း ရေးဆွဲပြီးစီးခဲ့သည့် အဆိုပါမြေပုံ ကို အင်ဂျင်နီယာများ၏ ပညာ ရပ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုနှင့်အသုံး တည့်နိုင်ရေးအတွက် အဓိကရည် ရွယ်ပြီး ငလျင်ပြင်းထန်အားခံနိုင် ရည်ရှိမှု၊ငလျင်လှိုင်းအရှိန်နှစ်ကြာ ရှည်ခံနိုင်မှုတို့ကို၊ငလျင်လှုပ်ခတ် ခဲ့မှု သမိုင်းစဉ်အပေါ်အခြေခံ တွက်ချက်ထားသည့် အကဲဖြတ် စနစ်ဖြင့်ရေးဆွဲထားကြောင်းလည်း သိရသည်။
““ငလျင်နဲ့ပတ်သက်ပြီး လူ တိုင်းသတိထားနိုင်ဖို့အတွက် ဒီ မြေပုံကိုရေးဆွဲရပါတယ်။ဇွန်လက ရေးဆွဲပြီးစီးခဲ့တဲ့ မြေပုံကတော့ အင်ဂျင်နီယာတွေအတွက်ဆောက် လုပ်ရေးလုပ်ငန်းခွင်တွေမှာ ပိုအ သုံးဝင်နိုင်အောင် အဓိကရည်ရွယ် ပါတယ်””ဟု မြန်မာနိုင်ငံ အင်ဂျင် နီယာအသင်း၊ငလျင်ကော်မတီမှ အတွင်းရေးမှူး ဦးစိုးသူရထွန်းက ပြောသည်။
ရန်ကုန်တိုင်းအတွက် ပြည် လမ်းနှင့်ကမ္ဘာအေးဘုရားလမ်းမှ အပ အခြားနေရာများသည် နုန်း တင်မြေနုများဖြစ်သဖြင့် ငလျင်ဒဏ် ခံရကြောင်းသိရသည်။
ညီညီ



Vol-3,No-141
Vol-3,No-140
Download
August 9, 2012
Home, သတင်း