မြန်မာ့ဒီမိုကရေစီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ကိုယ်တပိုင်းပုံ ပလာစတာ ရုပ်တု တခုကို အိန်္ဒိယ-မြန်မာနယ် စပ် မိုးရေးမြို့တွင်း ထားရှိမည် ဖြစ်ကြောင်း မြန်မာ့အရေး လှုပ် ရှားနေသည့် ဒေသခံအဖွဲ့တခုဖြစ် သည့် မဏိပူရပြည်နယ် အခြေ စိုက် Solidarity committee for Burma’s Democracy (SCBD) အဖွဲ့မှ ပြောကြားသည်။
ရုပ်တုဖွင့်ပွဲကို မြန်မာ့ဒီမိုက ရေစီ တော်လှန်ရေး ၈၈၈၈ နှစ်ပတ် လည် သြဂုတ်လ ၈ရက် နံနက် ပိုင်းတွင် မိုးရေးမြို့ သတင်းထောက် များအသင်းခန်းမ၌ အခမ်းအနား ကျင်းပကာ ဆွေးနွေးပွဲများလည်း ပြုလုပ်သွားမည်ဟုသိရသည်။
SCBD တွင် နာယက Mr.Ksh. Santa နှင့်အတူ အိန်္ဒိယ ကွန်မြူနစ်ပါတီ (CPI) ဒေသတွင်း ခေါင်းဆောင်တဦးဖြစ်သည့် Com. L.Sontin Kumar တို့ ဦးဆောင် ကာ သဘာပတိ အဖွဲ့ဝင် ငါးဦး ဖြင့်အရာရှိဟောင်းများ ပါဝင်ကာ ၁၉၈၈ခုနှစ်နောက်ပိုင်း မြန်မာ ဒီမိုကရေစီရေး လှုပ်ရှားမှုများကို အစဉ်တစိုက် အားပေးခဲ့သည်။လေးစား၊အတုယူဖွယ်ကောင်းသည့် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်တု ထားရှိရန် မိုးရေးမြို့ကို ရွေးချယ် ရခြင်းနှင့်ပတ်သက်ပြီး ရှေ့နေ Mr.Ratan က ““မဏိပူပြည်နယ်က ပြည်သူတွေဟာ မြန်မာ့ဒီမိုကရေ စီ ခေါင်းဆောင်ဒေါ်အောင်ဆန်း စုကြည်၏ ဒီမိုကရေစီရေး လှုပ် ရှားမှုများကို ထောက်ခံကြောင်း ပြသခြင်းဖြစ်သည်။မြန်မာနိုင်ငံမှ ဒီမိုကရေစီ အရေးလှုပ်ရှားတဲ့ ပြည်သူတွေကို ဂုဏ်ပြုတာပါ။ အဲဒါကြောင့် ကျွန်တော်တို့နယ်စပ် မြို့ တခုဖြစ်တဲ့ မိုးရေးမှာ ဒေါ် အောင်ဆန်းစုကြည် ရုပ်တုကိုထား ဖို့ ရွေးချယ်တာပဲဖြစ်ပါတယ်။မ ဏိပူ ပြည်သူတွေရောမြန်မာနိုင်ငံ က ပြည်သူတွေပါ မြင်တွေ့နိုင် အောင်ပါ””ဟုဆိုသည်။
သိန်းလှိုင်



Vol-3,No-141
Vol-3,No-140
Download
August 9, 2012
Home, ကာတွန်း, သတင်း