တစ်ဦးချင်းကုန်သွယ်ကဒ် ထုတ်ပေးရေးနှင့်ကန့် သတ် ပစ္စည်းကိစ္စများနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဝင်းမှမေးခွန်းမေးမြန်း

August 7, 2012

Home, သတင်း

 

အမျိုးသားလွှတ်တော်အစည်း အဝေး (၂၀)ရက်မြောက်နေ့အား သြဂုတ်လ ၆ ရက်နေ့ နေပြည် တော်ရှိ လွှတ်တော်အဆောက် အဦးအမျိုးသားလွှတ်တော်ခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ပြီး မေးခွန်း မေးမြန်းခြင်းကဏ္ဍ၌ စစ်ကိုင်းတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၉) မှ အမျိုးသားလွှတ်တော် ကိုယ်စား လှယ်ဦးသိန်းဝင်းမှ ““တစ်ဦးချင်း ကုန်သွယ်ကဒ် ထုတ်ပေးရေး အစီ အစဉ်ရှိမရှိ၊ ရှိပါက မည်သည့် အဆင့်တွင် ရောက်ရှိနေပြီး မည် သည့်အချိန်တွင် ကုန်သွယ်ခွင့် ရရှိနိုင်မည့် အခြေအနေ၊ ကန့် သတ်ထားသော ပစ္စည်းများ တင်သွင်းခွင့်ကို ဖြေလျှော့ပေးနိုင် မှု ရှိ/မရှိ၊ ကုန်ပစ်္စည်းများအား ကန့်သတ်မည့်အစား တင်သွင်း ခွင့်ပေးပြီး အခွန်စနစ်ဖြင့် ထိန်း ချုပ်ရေး အစီအစဉ် ရှိ/မရှိနှင့် ပတ်သက်၍ မေးခွန်းမေးမြန်းခဲ့ ရာ စီးပွားရေးနှင့် ကူးသန်း ရောင်း ၀ယ်ရေး ၀န်ကြီးဌာနမှ ပြန်လည် ဖြေကြားရာတွင် ““တစ်ဦးတည်း ပိုင် ပုဂ္ဂလိက လုပ်ငန်းများအနေ ဖြင့် လုပ်ငန်းဖွဲ့စည်းမှု ခိုင်မာခြင်း မရှိဘဲ စိစစ်ဆောင်ရွက်နိုင်မှုအား နည်းခြင်းကြောင့် ၂၀၀၂ ခုနှစ်မှ စတင်ကာ ထုတ်ကုန်သွင်းကုန် မှတ်ပုံတင်ကဒ် ထုတ်ပေးခြင်းကို ရပ်ဆိုင်းခဲ့ပါကြောင်း နယ်စပ် ဒေသနေပြည်သူများ၊ တိုင်းရင်း သားများ၏ ဒေသထွက်ကုန် ပစ္စည်းများ တင်ပို့ရောင်းချခြင်း၊ ဒေသသုံးကုန်ပစ္စည်းများ တင်ပို့ ရောင်းချခြင်း၊ ဒေသသုံးပစ္စည်း များ တင်သွင်းဝယ်ယူစားသုံးခြင်း တို့ကို တစ်ဦးတည်းပိုင် ထုတ်ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် ၍ Individual Trading Cardစနစ်ဖြင့် တရားဝင်ဆောင်ရွက် နိုင်ရန်အတွက် ခွင့်ပြုချက်ရရှိနိုင် ရန် တင်ပြထားပြီးဖြစ်ပါကြောင်း ခွင့်ပြုချက် ရရှိပြီးပါက လုပ်ထုံး လုပ်နည်းနှင့်အညီ အမြန်ဆုံး ခွင့် ပြုသွားမည်ဖြစ်ပါကြောင်း ကန့် သတ်ထားသော ပစ္စည်းများ တင်သွင်းခွင့်ကို ဖြေလျော့ပေးနိုင် မှု ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှု နှင့်အညီ ပြည်ပမှ တင်သွင်းခွင့် မပြုရန် ထုတ်ပြန်ထားသည့် ကုန် ပစ္စည်းများအနက် အချိုမှုန့်၊ အချို ရည်၊ ဘီစကွတ်အမျိုးမျိုးနှင့် ခေါက်ဆွဲခြောက်အမျိုးမျိုးတို့ကို ပင်လယ်ရေကြောင်းကုန်သွယ်မှု နှင့် နယ်စပ်ကုန်သွယ်ရေးစခန်း အသီးသီးတွင်FDA ထောက်ခံ ချက်ပါရှိပါက လုပ်ထုံးလုပ်နည်းနဲ့ အညီ တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်ပါ ကြောင်း၊ တင်သွင်းခွင့် မပြုရန် ကန့်သတ်ထားသည့် ပစ္စည်းများ မှာ စိုက်ပျိုးထုတ်လုပ်သူများ၏ တင်ပြချက်၊ သက်ဆိုင်ရာ အသင်း အဖွဲ့၏ တင်ပြချက်အရ ပြည်တွင်း စီးပွားရေးကို ကာကွယ်သည့် အနေဖြင့် ကန့်သတ်ထားခြင်း ဖြစ်ပါကြောင်း၊ ထိုသို့ ကန့်သတ်ခြင်း အား အခြားနိုင်ငံများတွင်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိနိုင်ငံ၏ အကျိုးစီးပွားကာကွယ် ရန် လိုအပ်ချက်ရှိပါက တင်သွင်း တင်ပို့ခွင့် ကန့်သတ်သည့် ကုန် ပစ္စည်းအချို့ရှိရမည်ဖြစ်ပါကြောင်း ပြည်ပမှ တင်သွင်းခွင့်ပြုသော ကုန်ပစ္စည်းများကိုလည်း ပြည်တွင်း လိုအပ်ချက်အခြေအနေအရ အခါအားလျော်စွာ ပြင်ဆင်ပြောင်း လဲသင့်သည်များအား ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ကုန်ပစ္စည်းများအား ကန့်သတ်ရ မည့်အစား တင်သွင်းခွင့်ပြုပေးပြီး အခွန်တည်ဆဲဥပဒေ နည်းဥပဒေ များနှင့်အညီ သတ်မှတ်ထား သော အခွန်များအား ကောက်ခံ သွားမည်ဖြစ်ပြီး ကုန်ပစ္စည်းတရား မ၀င်တင်သွင်းမှုအား ဒေသခံ အာဏာပိုင်များ၊ မိတ်ဖက်အဖွဲ့ အစည်းများ အကူအညီဖြင့် တားဆီးဖမ်းဆီးခြင်းများ ဆောင် ရွက်လျက်ရှိကြောင်း အချို့သော ကုန်ပစ္စည်းများက ကုန်သွယ်ခွန် (၈)ရာခိုင်နှုန်းမှ (၁၀၀)ရာခိုင်နှုန်း ထိ တိုးမြှင့် အခွန်နှုန်းဖြင့် ကုန် သွယ်လုပ်ငန်းခွန် စည်းကြပ် ကောက်ခံခြင်းဖြင့် ဟန့်တား ထိန်းချုပ်လျက်ရှိပါကြောင်း ပြန်လည် ဖြေကြားသွားခဲ့သည်။

 

ခန့်ခန့် (ဒဿနိက)

,

No comments yet.

Leave a Reply

You must be logged in to post a comment.