ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပိုင်းနှင့်မြောက်ပိုင်း ဒေသရှိ ဒေသခံကျောင်းသား ကျောင်းသူဦးရေ စုစုပေါင်း ၂၈၀၀ ကျော် ကျောင်းပြန်လည်တက်နိုင် ရေး၊စာသင်ကြားနိုင်ရေးအတွက် ဒေသခံများစုပေါင်းလက်မှတ်ထိုး ကာ နိုင်ငံတော်သမ္မတထံသို့ စာ တင်မည်ဖြစ်ကြောင်း လူငယ်ဖွံ့ဖြိုး ရေးအဖွဲ့ (YDA) မောင်တောမှ ကူညီဆောင်ရွက်သူ ဦးလှမြင့်မှ ပြောသည်။မောင်တောဒေသရှိ တောင်ပိုင်းနှင့်မြောက်ပိုင်းခရိုင်တစ် ၀ိုက်တွင် ရှိသောအခြေခံပညာ ကျောင်းစုစုပေါင်း ၃၀ကျော်ရှိပြီး တက်ရောက်ပညာသင်ကြားနေ သော ကျောင်းသား/ကျောင်းသူ များမှ ၂၈၀၀ကျော်ရှိကြောင်းသိရ သည်။အကြမ်းဖက်မှုများစတင်ဖြစ် ပွားချိန်မှစတင်ကာ ကျောင်းများ အားလုံးပိတ်ထားခြင်းကြောင့် ကျောင်းသား/ကျောင်းသူများအနေ ဖြင့်ပညာဆက်လက်သင်ကြားနိုင် ရန်ခက်ခဲနေသည်။ထို့ကြောင့် မောင်တောဒေသတ၀ိုက်ရှိ မော ရ၀တီရွာ၊သီရိကုန်းပေါင်ရွာ၊ဘော့ ကြီးကုန်းရွာနှင့်ကိုင်းကြီးရွာစသည့် ကျေးရွာပေါင်း ၅၀ကျော်မှဒေသခံ ပြည်သူ ၅၀၀၀ကျော်က ကျောင်း သား/ကျောင်းသူများပညာပြန်လည် သင်ကြားနိုင်ရေးအတွက် အခြေ ခံပညာကျောင်းများပြန်လည်ဖွင့် လှစ်ပေးခြင်း၊ဒေသခံများထဲရှိ အ ထက်တန်းအဆင့်အောင်မြင်ပြီးသူ များကို ယာယီဆရာ/ဆရာမများ အဖြစ်ခန့်အပ်ထားနိုင်ရေးတို့အ တွက် စုပေါင်းလက်မှတ်ရေးထိုး ကာ စာတင်မည်ဖြစ်သည်။
ရွာနီးစပ်ချုပ်က ဆယ်တန်း ကိုးတန်းအောင်တဲ့ကလေးတွေကို ဆရာ/ဆရာမအဖြစ်ပြန်ခန့်ပေး ပြီး ကလေးတွေကိုစာသင်ပေးဖို့ သမ္မတကို စာတင်မှာပါ””ဟုသူက ဆိုသည်။ ယခင်က အဆိုပါ ခရိုင် တွင်းရှိ ကျောင်းပေါင်း ၃၀ကျော် တွင် စာသင်ကြားပေးနေသော ဆရာ/ဆရာမဦးရေ ၆၀ကျော်မှ ဆူပူအကြမ်းဖက်မှုများကြောင့် နေရပ်ပြန်ကုန်ကြပြီး ပြန်လည် ရောက်ရှိလာသည့် ဆရာ/ဆရာမ များမရှိခြင်းကြောင့်ရွာနီးစပ်ချုပ် အလိုက် ပညာအရည်အချင်း ပြည့်မှီသူများ အသင့်အတင့်ရှိသူ များကို ဆရာ/ဆရာမများအဖြစ် ယာယီခန့်အပ်ထားနိုင်ရန်တောင်း ဆိုခြင်းဖြစ်သည်။
မောင်တောဒေသတစ်ဝိုက် တွင် အခြေခံပညာ အထက်တန်း ကျောင်း နှစ်ကျောင်း၊အလယ်တန်း ကျောင်း ငါးကျောင်း နှင့်မူလတန်း ကျောင်း၂၈ကျောင်းရှိကြောင်းသိ ရသည်။စစ်တပ်က လုံခြုံရေး အပြည့်အ၀မပေးနိုင်ဘဲ နယ်မြေ တစ်ဝိုက်ဝိုင်းပြီးစောင့်ကြပ်နေတော့ သွားလာခွင့်မရဘဲလုပ်ကိုင်ခွင့်မရှိ တော့ စားဝတ်နေရေး ပညာရေး အားလုံးခက်နေတယ်”ဟု ထီးတန်း ရွာဒေသခံတစ်ဦးက ပြောပြသည်။ အဆိုပါ မောင်းတောခရိုင် တောင် ပိုင်းနှင့်မြောက်ပိုင်းဒေသတစ်ဝိုက် ရှိ ဒေသခံပြည်သူများမှာ လယ် ယာလုပ်ကိုင်ခြင်း၊တောင်ယာခုတ် ခြင်းနှင့်ရေလုပ်ငန်းလုပ်ကိုင်ခြင်း များဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသော်လည်း လက်ရှိတွင် စစ်တပ်မှ ပုဒ်မ ၁၄၄ထုတ်ပြန်ကာ စောင့်ကြပ်ကြည့်ရှုနေသောကြောင့် ဒေသခံများသွားလာလှုပ်ရှားခွင့် မရဘဲ လုပ်ငန်းများရပ်ဆိုင်းထား ရကြောင်းသိရသည်။အဆိုပါ ဒေ သခံများမှာ အင်န်ဂျီအိုများ၏ အကူအညီပေးအပ်မှုများကို လုံးဝ လက်မခံကြောင်းသိရသည်။
““အထူးသဖြင့် UNHCR အကူအညီလုံးဝမယူဘူး ၁၉၉၄ ခုနှစ်တုန်းက ဆူပူမှုမျိုးဖြစ်တာ တိုင်းရင်းသားတွေကိုမကူညီဘဲ ဘင်္ဂလီတွေကိုပဲ ကူညီတာကို အခုထိမှတ်ထားပြီး အကူအညီမ ယူကြတာ””ဟု လူငယ်ဖွံ့ဖြိုးရေးအ ဖွဲ့မှ ဦးမောင်ထွန်းလှမှ ပြောသည်။ ဒေသခံပြည်သူ ၅၀၀၀ကျော်မှာ သက်ဆိုင်ရာအာဏာပိုင်များ၏ အကူအညီပေးမှုကို လုံးဝမရသည့် အပြင်လာရောက်ကြည့်ရှုစစ်ဆေး မှုများလည်း မရှိခြင်းကြောင့် အ ခက်အခဲများဖြင့် ရင်ဆိုင်နေရသည် ဟု သိရသည်။
မေဇင်ကို



Vol-3,No-140
Vol-3,No-139
Download
August 7, 2012
Home, သတင်း