ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ လွှတ်တော်ကိုယ်စား လှယ်အချို့၏တင်ပြဆွေးနွေးချက်များ၊ မေးခွန်းများနှင့်စပ်လျဉ်း၍ သက် ဆိုင်ရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ ၀န်ကြီးဌာနများနှင့်အစိုးရ အဖွဲ့တာဝန်ရှိသူများမှပြန်လည် ဖြေကြားမှုပြုရာတွင် ဆိုလိုရင်း မရောက်ဘဲ မေးခွန်းနှင့်အဖြေကွဲ လွဲမှုများရှိနေကြောင်း ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် သင်္ဃန်း ကျွန်း မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဒေါ်စန်းစန်းမြင့်မှပြော ကြားသွားခဲ့သည်။
““ကျွန်မတို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ကိုယ့်ရဲ့မဲဆန္ဒနယ်အလိုက် ရန်ကုန်တိုင်းဒေသကြီးထဲမှာရှိတဲ့ မြို့နယ်တွေနဲ့ ရပ်ကွက်တွေထဲမှာ ဖြစ်နေတဲ့ ပြည်သူတွေရဲ့အခြေခံ လိုအပ်ချက်တွေကို လွှတ်တော် မှာ မေးမြန်းတဲ့အခါ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး ဌာနတွေက ပြန်ဖြေတယ်။အဲ့သလို ဖြေကြားတဲ့အခါမှာ ကိုယ်မေးတဲ့ မေးခွန်းက ရပ်ကွက်၊မြို့နယ် တစ်ခုချင်းရဲ့ဖြစ်ပျက်နေတဲ့အခြေ အနေ၊လိုအပ်ချက်တွေအတွက် တင်ပြတောင်းဆိုတဲ့အခါမှာ တစ် နိုင်ငံလုံးအတိုင်းအတာနဲ့ပြန်ဖြေ တယ်။တိုင်းဒေသကြီး လွှတ် တော်လိုနေရာမျိုးမှာ မြို့နယ်တစ်ခု မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ဆောင်ချက်တွေကိုပြန်ဖြေ တော့ ထိရောက်မှုမရှိဘဲ မေးခွန်း နဲ့မထူးခြားရင် လွှတ်တော်ဥက္ကဋ္ဌ ကြီးကို တင်ပြအကြံပြုသွားမယ်”” ဟု သင်္ဃန်းကျွန်းမဲဆန္ဒနယ်အမှတ် (၂)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းမြင့်မှ ပြောကြားသွားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တတိယအကြိမ်မြောက် အစည်းအဝေးအားပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း၌ကျင်းပခဲ့ ပြီး ယခုထိ လွှတ်တော်ခေါ်ယူ ခြင်း မရှိသေးဘဲ ယခုလအတွင်း ၌ မူလွှတ်တော်စတုတ္ထအကြိမ် အစည်းအဝေးအားပြန်လည်ခေါ် ယူနိုင်ဖွယ်ရှိကြောင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အချို့ထံ မှ သိရှိရသည်။
လေလှိုင်းစစ်သည်



Vol-3,No-141
Vol-3,No-140
Download
August 6, 2012
Home, သတင်း