“ဟယ်လိုHot Newsဂျာနယ်က လားခင်ဗျာ”
“ဟုတ်ကဲ့။ အမိန့်ရှိပါ”
“ဒီလိုပါ ခင်ဗျ။ ကျွန်တော်စမ်းချောင်း မြို့နယ်မှာ နေပါတယ်။ ၆ သိန်းခွဲနဲ့ ဆက်သွယ်ရေးက ချပေးတဲ့ ကြိုးဖုန်းတစ် လုံး ရပါတယ်။ နံပါတ်က နှစ်သုံးသုညနဲ့ စပါတယ်။ အဲဒါဖုန်းရပြီး တစ်လလောက် အကြာမှာ ပျက်သွားတာ ခုဆိုပျက်နေ တာချည်းတစ်လလောက်ကြာပါပြီ”
“ခင်ဗျားက တာဝန်ရှိသူတွေဆီ အကြောင်းမကြားဘူးလား”
“ကြားတာပေါ့ခင်ဗျ။ ဘယ်နေ့လိမ့် မလဲ။ ဖုန်းနံပါတ် ၅၁၀၀၀၀ ကို ဆက်ပြော တာပေါ့”
“ဘာပြန်ပြောလဲ”
“လာလုပ်ပေးပါ့မယ်ပြောပြီး မလုပ် ပေးပါဘူးဗျာ။ ငွေ ၆ သိန်းခွဲပေးရပြီး ဆက်မရတဲ့ လိုင်းကြီးနဲ့ ကျွန်တော်ဘာလုပ် ရမှန်းမသိလို့ ခင်ဗျားတို့ဂျာနယ်ဖုန်းလှမ်း ဆက်တာ။ ရေးပေးပါဗျာ”
“အိုကေ။ ရေးတာကတော့ ၀တ္တရား ရှိတဲ့အတိုင်း ရေးလိုက်ပါမယ်ဗျာ”
***
“ဟုတ်ကဲ့။Hot News ကပြောနေ တယ်”
“နားတစ်ရာနဲ့ ပြောချင်လို့။ အခုဖုန်း ကိုင်တာ နားတစ်ရာဆိုတဲ့လူလား”
“ဗျာ ဟုတ် ဟုတ်ကဲ့”
“နောက်ရေးရင် ရမ်းရမ်းမရေးနဲ့။ ဟိုးတစ်ပတ်ကျော်လောက်က သင်္ဃန်းကျွန်း၊ စံပြဆေးရုံကြီးမှာ သန့်ရှင်းရေးခဆိုပြီး လူနာတစ်ယောက်ကို တစ်ပတ်ငွေသုံးရာ ကောက်တယ်ဆိုပြီး ရေးထားတယ်မဟုတ် လား”
“ဟုတ်။ ကျွန်တော့်ဆီ ဖုန်း ဖုန်းဆက်”
“ဘာပဲဖြစ်ဖြစ် အတည်ပြုချက်ယူရ တယ်ဗျ။ သိလား။ တစ်ပတ်သုံးရာ မဟုတ်ဘူး။ တစ်နေ့တစ်ရာ၊ တစ်ပတ်ခုနှစ် ရာဗျ။ ခုနှစ်ရာ။ နောက်ရမ်းရမ်းမရေးနဲ့”
“ဂွပ်”
***
“ဟယ်လို။Hot News ဂျာနယ်က ဆက်နေတာပါ။ ဖုန်းနံပါတ် ၅၁၀၀၀၀ ဆက်သွယ်ရေးကပါလား”
“ဟုတ်ပါတယ်ရှင့်။ ဘာကိစ္စများပါ လိမ့်”
“ဂျာနယ်တိုက်ဆီစမ်းချောင်းမြို့နယ် က ၆ သိန်းခွဲလိုင်းဖုန်းသုံးစွဲသူတစ်ဦးက ဖုန်းဆက်လို့ပါ။ သူ့ဖုန်းပျက်နေတာ တစ် လလောက်ရှိပြီ။ လာပြင်ပေးမယ်၊ လာ ပြင်ပေးမယ်ပြောပြီး လာပြင်မပေဘူးတဲ့။ အဲဒါအကျိုးအကြောင်းသိချင်လို့ပါ”
“အဲဒါ ကျွန်မတို့နဲ့ မဆိုင်ဘူးရှင့်။ ကျွန်မ ဖုန်းနံပါတ်ပေးမယ်။ အဲဒီကို တိုက်ရိုက်ဆက်ပါ”
“ဟုတ်ကဲ့”
“၂၁၁၆၈၆ နဲ့ ၂၂၂၆၆၆ ကိုဆက်ပါ ရှင်”
“ကျေးဇူးပါပဲ”
***
“မျဉ်းကြားကမကူးလို့ ဖမ်းပြီးဒဏ် ငွေရိုက်တာနဲ့ ပတ်သက်ပြီး ရင်ဖွင့်စရာ တွေရှိလို့ပါ”
“ဖွင့်ပါခင်ဗျာ။ ဖွင့်ပါ”
“လမ်းစည်းကမ်းမလိုက်နာတဲ့သူတွေ ကို ခုလိုဒဏ်ငွေမဖြစ်စလောက်မလုပ်စေ ချင်ဘူး။ ခပ်များများလေးရိုက်။ ဒါပေမဲ့ အခုလို ကားလူမပြည့်မချင်းအကြာကြီး မစောင့်ခိုင်းနဲ့။ ပညာပေးဗီဒီယိုလည်း ကြည့်ခိုင်းမနေနဲ့။ ဖမ်းပြီးတာနဲ့ တစ်ခါ တည်း ဒဏ်ရိုက်၊ ချလံဖြတ် အဲဒါကို အဖမ်းခံရသူလည်း အလုပ်အကိုင်မထိ ခိုက်တော့ဘူး”
“ဟုတ်”
“နေဦး။ ပြောချင်တာ မပြီးသေးဘူး။ ဒါက မျဉ်းကြားကနေ စည်းကမ်းတကျ မကူးတဲ့လူတွေအကြောင်း မျဉ်းကြားမှာ ရပ်မပေးတဲ့ ကားတွေကိုရော ယာဉ်စည်း ကမ်းထိန်းသိမ်းရေးက ဘယ်လို အရေးယူ နေသလဲ”
“ဗျာ”
“မျဉ်းကြားက မကူးလို့ လူကိုဖမ်းရင် မျဉ်းကြားမှာ လူကူးဖို့ရပ်မပေးတဲ့ ကားကို လည်း ဖမ်းရမှာပေါ့။ မဟုတ်ဘူးလား။ ဘယ်နှစီး အရေးယူပြီးပြီလဲ။ ခင်ဗျားက ဂျာနယ်လစ်ပဲ။ အဲဒါ မေးပေး”
“ဂွပ်”
***
“အများသုံး သန့်စင်ခန်းဆိုပေမယ့် အများမသုံးနိုင်ကြပါဘူးဗျာ”
“ဘယ်လိုကြောင့်ပါလိမ့်”
“တစ်ခါဝင်ရုံနဲ့ ငွေတစ်ရာလေဗျာ။ တကယ်ဆင်းရဲနွမ်းပါးသူက ငွေတစ်ရာ ပေးပြီး ရှုးရှုးပေါက်မယ် ထင်နေသလား။ လမ်းဘေးမြောင်းထဲပဲပေါက်ချမှာ”
“ဟုတ်ကဲ့”
“လုပ်သင့်တာက အများပြည်သူသုံး အခမဲ့သန့်စင်ခန်း အခမဲ့ဆိုမှ လူမြင်ကွင်း မှာ အညစ်အကြေးစွန့်တဲ့စရိုက် ပျောက် လိမ့်မယ်”
နားတစ်ရာ



Vol-3,No-141
Vol-3,No-140
Download
August 7, 2012 at 3:36 AM
နား တ ၇ာ ခင် ဗျား
အပေါ် ဖက် က နောက် ဆုံး ထွက် ဂျာ နယ် download တွင်
vol -2 .no -101 ဖြစ် နေ ပါ သည်
vol -3 . no -101 မ ဟုတ် ဘူး လါး ဒါ ပါ ပဲ