ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဟင်္သာကုန်းရပ်ကွက်နှင့်ကျောက်ဖူးကုန်းရပ်ကွက်များအတွင်း ဘိုးဘွားပိုင် အိမ်ခြံမြေများမှာယခင်အစိုးရလက်ထက်တွင် သိမ်းဆည်းခံထားရသဖြင့် ယခုအခါ မူလပိုင်ရှင်များပြန်လည်းရယူလိုကြောင်း အထောက်အထားအခိုင်အမာဖြင့် သက်ဆိုင်ရာသို့ တင်ပြတောင်းဆိုထားကြောင်း သိရှိရသည်။ဟင်္သသာကုန်းရပ်ကွက်နှင့် ကျောက်ဖူးကုန်ရပ်ကွက် အဓိကကျတဲ့သနပ်ပင်လမ်းမကြီးဝဲယာဘေးမှာပါ။ ဘိုးဘွားပိုင်မြေဖြစ်ကြောင်း အထောက်အထားစာရွက်စာတမ်းတွေလည်း တင်ပြခွင့်မရသလို့တချို့သိမ်းယူသွားတာမျိုးပါခံရပါတယ်။ ဘိုးဘွားတွေလွတ်လပ်ရေး မရမီကာလကတည်းကနေထိုင်လာခဲ့တဲ့ မြေနေရာဖြစ်လို့ ၁၉၅၃ ခုနှစ်ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးအက်ဥပဒေများအရ အိမ်ခွန်၊ မြေခွန်ရေခွန်များကို သားစဉ်မြေဆက်ပေးဆောင်ခဲ့ကြောင်း သိရှိရသည်။“ ကျွန်တော်တို့ ဘိုးဘွားပိုင်အိမ်ခြံမြေများကို ယခင်အစိုးရလက်ထက်၁၉၈၉/၉၀ ခုနှစ်က ပဲခူးမြို့နယ် မြို့နယ်ငြိမ်ဝမ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က သိမ်းခဲ့ခြင်းဖြစ်ပါတယ်။ ဘာကြောင့်သိမ်းတာလဲဆိုတော့ ပဲခူးမြိုဟာဟံသာဝတီရှေးဟောင်း သမိုင်းဝင်မြို့ဖြစ်တယ်။ ဒါကြောင့်သမိုင်းဝင် ကျုံးဟောင်းတူးဖော်ရန်အတွက် အိုးအိမ်တိုက်တာများ ဖယ်ရှားပေးပါရန်အကြိမ်ကြီမ်အကြောင်းကြားပါတယ်။ မဖယ်ရှားပေးရင်း အရေးယူဆောင်ရွက်မယ်လိုပြင်းထန်စွာ သတိပေးခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်အပါအ၀င်အိမ်ခြံမြေ(၁၆)ကွက်မှာနေသူတွေ ဖယ်ပေးခဲ့ရပါတယ်။ ဒီလိုဖယ်ရှားခံရအတွက်လည်းမြေကွက်တန်ဖိုးပေးလျှော်တာ၊ ကရုဏာကြေးပေးတာမျိုး မရှိခဲ့ပါဘူး။ကျွန်တော်တို့ခြံမြေများဟာ ကျုံးနံဘေးဖြစ်လို့ ကျုံးနဲ့လည်းလွတ်ပါတယ်”ဟုဦးကြည်သိန်းမှ ပြောကြားပါသည်။“ ကျွန်တော်တို့ ပဲခူးမြို့ဟာ သမိုင်းဝင်မြို့ဖြစ်လို့ မန္တလေး(ရတနာပုံ)၊တောင်ငူ(ကေတုမတီ)မြို့များလို့ ရှေ့ဟောင်းယဉ်ကျေးမှုများကို တကယ်ဖော်ထုတ်မယ်ဆိုရင် ကျွန်တော်တို့အားလုံး(ခြံမြေအသိမ်းခံထားရသူများ)လုံးဝကျေနပ်ပါတယ်။ ကိုယ့်မြို့ ကိုယ့်ဒေသအတွက် ဂုဏ်လည်းယူပါတယ်။ ဒါပေမဲ့ ကျုံးကိုအနည်းငယ်သာတူဖော်ပြီး ဘာမှလည်းမလုပ်ဘူး။ ကျွန်တော်တို့အသိမ်းခံထားရတဲ့ အိမ်ခြံမြေကွက်တွေပေါ်မှာ ပဲခူးမြို့ စည်ပင်သာယာအဖွဲ့မှအခွန်အခတွေယူပြီး ဈေးဆိုင်တွေပေးဆောက်ထားတယ်။သစ်ပင်စိုက်ခင်းတွေစိုက်နေတယ်။ ဒါကြောင့် အခု ၂၀၁၂ခုနှစ် မတ်လ ၁၉ ရက်နေ့ရက်စွဲနဲ့ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်ထံ ကျွန်တော်တို့အိမ်ခြံမြေများကို မူလပိုင်ရှင်များသို့ ပြန်လည်ချထားပေးဖို့အသနားခံပြထားပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မြေစာရင်း၊ စည်ပင်၊ ရှေ့ဟောင်းသုသေသနနဲ့အုပ်ချုပ်ရေးအဖွဲ့အစည်းအသီးသီးကိုလည်း မိတ္တူများပို့ထားပါတယ်”ဟု အဆိုပါပုဂ္ဂိုလ်မှ ထပ်မံပြောကြားခဲ့ပါသည်။
ယင်းအိမ်ခြံမြေအသိမ်းခံရသည့် ဒေသခံပြည်သူများ အသနားခံစာတင်ထားသော်လည်းယနေ့အချိန်အထိ တစ်စုံတစ်ရာအကြောင်းပြန်ကြားမှုမရှိသည့်အတွက်နိုင်ငံတော်သမ္မတကြီးနှင့်တကွ ပြည်ထောင်စုလွတ်တော်ထံသို့ ၂၀၁၂ ခုနှစ်ဇူလိုင်လကုန်တွင် အသနားခံစာကို ထပ်မံတင်ပြသွားမည်ဟု စုံစမ်းသိရှိရပါသည်။



Vol-3,No-141
Vol-3,No-140
Download
August 6, 2012
Home, သတင်း