ကချင်ပြည်နယ်ပူတာအိုမြို့တွင် ဆန်ပြတ်လပ်မှုဒေသခံပြည်သူများ ခံစားနေရ

August 6, 2012

Home, သတင်း

 

 

ကချင်ပြည်နယ်ပူတာအိုမြို့ နယ်အတွင်း ဆန်ပြတ်လပ်နေမှု ကြောင့်ဆန်တစ်ပြည်ကို ကျပ်ငွေ (၄၀၀၀)နဲ့တောင် ၀ယ်ယူဖို့မရှိတဲ့ အပြင် ပြီးခဲ့တဲ့နှစ်ကစပါးထွက်နှုန်း နည်းတာရယ်၊ နောက် ဒီနှစ်မိုး တွင်းမှာ လမ်းပန်းဆက်သွယ်ရေး တွေ ခက်ခဲတာကြောင့် တစ်လ ကျော်ကြာ ဆန်ပြတ်လက်မှုဒဏ် ကို ဒေသခံပြည်သူတွေ ခံစားနေ ရတယ်ဟု ကြားသိရသည်။
ပူတာအိုမြို့နယ်မှာဆန်စပါး ပြတ်လပ်မှုဖြစ်နေတာပြီးခဲ့တဲ့လ ဇူလိုင်(၂၃)ရက်နေ့ကစပြီး အစိုးရ ကဒေသခံပြည်သူတွေနဲ့ ၀န်ထမ်း တွေအတွက် ဆန်အိတ်ပေါင်း (၇၀၀)ကျော်အပြင် စားသုံးဆီ (၄)ပေပါနှင့် အခြားထောက်ပံ့ ရေးပစ္စည်းတွေပို့ဆောင်ခဲ့ပြီး ယခု ဆန်ပြတ်လပ်မှုဟာ ကချင်လွတ် မြောက်ရေးတပ်မတော် (KIA ) က တံတားတစ်စင်းကို မိုင်းခွဲဖျက် ဆီးလို့ ဆက်သွယ်ရေးလမ်းကြောင်း တွေ ပြတ်တောက်ခဲ့ကြောင်းကို မြန်မာနိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြခဲ့ပါသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီကလည်း ဒေသခံ ပြည်သူတွေအတွက် ဆန်များ ဝေငှပေးမှုကြောင့် နို့ဆီ နှစ်ခွက်ကို တစ်ထောင်နှုန်းဖြစ်နေ ချိန်တွင် လေးခွက်ကို (၅၀၀)နှုန်း နဲ့ ရောင်းချပေးနေတာကိုလည်း ကြားသိရသည်။
ဒီနှစ်တွင် ဆန်ပြတ်လပ်မှု ကြောင့် ဆန်ဈေးတွေကြီးသွား သည့်အပြင် နို့ဆီနှစ်ခွက်ကို တစ် ထောင်နှုန်းပေး၍ ၀ယ်ယူရ ကြောင်း၊ အရင်တုန်းက နို့ဆီခွက် ကို တစ်ထောင်ဖြင့် ရနိုင်ကြောင်း၊ ယခုဆိုရင် နှစ်ထောင်ဖိုးကို နို့ဆီ ငါးခွက်ပဲရတယ်လို့ ကြားသိရ သည်။ ယခုလို ဆန်ပြတ်လပ်မှု ကြောင့် ဒေသခံပြည်သူတွေ ဆန် ပြုတ်များသောက်ကြရပြီး တချို့ အသက်အရွယ်ကြီးသူတွေဆိုရင် သေဆုံးတာတွေလည်းရှိတယ်လို့ သိရသည်။ ပြည်သူအများစုက ဆန်လေးတစ်ခွက်၊ နှစ်ခါက်ရတာ လေးကို အသီးအနှံလေးတွေ နဲ့ ဆန်ပြုတ်စားကြသလို၊ တချို့နေ ရာတွေမှာ စားဖို့မရှိတာကြောင့် အသက်အရွယ်ကြီးသူတွေ ကျန်း မာရေး ထိခိုက်ပြီး သေဆုံးတာ တွေရှိသလို၊ မိသားစုလိုက်တခြား ဒေသကို ပြောင်းရွှေ့သွားတာတွေ လည်း ရှိတယ်လို့ သတင်းရရှိ သည်။

 

ညီမင်း

,

No comments yet.

Leave a Reply

You must be logged in to post a comment.