မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျုံကကျေးရွာ၊ ပိတောက်ကုန်းပိုင်း၌လာရောက်လုပ်ကိုင်သော “ စိန်ပန်းမြိုင်၊ မြန်မာဇွဲမာန်၊ ငွေတောင် ”စသောကျောက်ထုတ်လုပ်ရေး ကုမ္ပဏီများမှ ကျောက်မိုင်းယမ်းခွဲမှုများကြောင့်လူနေရပ်ကွက်များပေါ်သို့ ကျောက်ခဲလုံးများ လွင့်စင်ကျရောက်ပြီးဒေသခံပြည်သူများ အန္တရယ်များနှင့်တွေ့ကြုံနေရကြောင်း သိရှိရပါသည်။အဆိုပါ ကျောက်ထုတ်လုပ်ရေး ကုမ္ပဏီများမှ ပေါက်ကွဲအားပြင်းထန်သည့်ယမ်းခွဲမှုများကြောင့် လူနေအိမ်များပေါ်သို့လည်းကောင်း၊သစ်ပင်စိုက်ခင်းများနှင့် ဥယျာဉ်ခြံများပေါ်သို့လည်းကောင်း၊ ဆော့ကစားနေသောကလေးများအနီးသို့လည်းကောင်း ကျောက်ခဲလုံးများ
ထိမှန်ကျရောက်လျှက်ရှိပါသည်။ ထို့အပြင် မြေပြိုမှုများကြောင့်ရေကြောင်းပိတ်ဆို့မှုများဖြစ်ပေါ်ကာ ကျေးရွာအတွင်းလမ်းများရေကြီးပြီး
ပျက်စီးရကြောင်း သိရှိရပါသည်။“ ယမ်းခွဲတဲ့ အသံကြီးက ကြောက်စရာကြီး မိန်းမနဲ့ကလေးတွေ ယမ်းခွဲတဲ့အခါတော်တော်ကြောက်ကြတယ်၊ သူတို့ယမ်းခွဲမယ့်အချိန်ဆို အော်ပြီးသတိပေးတယ်ကျွန်တော်ကတော့ အိမ်ထဲဝင်ပြေးတာဘဲ သူတို့ကတော့ပြောတယ်အိမ်တွေဘာတွေထိလို့ပျက်စီးလျှင် လျော်ပေး
မယ် ၊လူထိပြီးသေရင် ဘယ်သူတာဝန်ယူမှာလဲလို့မေးတော့ ဘာမှပြန်မပြောဘူး ” ဟုဒေသခံတစ်ဦးကပြောပါသည်။
ကျောက်မိုင်းခွဲခြင်းကိစ္စများကို သည်းမခံနိုင်တော့သဖြင့်ဒေသခံပြည်သူများမှ ဇွန်လ(၂၉)ရက်နေ့တွင် တစ်ကြိမ်၊ဇူလိုင်လ(၂၉)ရက်နေ့တွင်တစ်ကြိမ်၊ ပေါင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့
သွားရောက်တိုင်ကြားကန့်ကွက်ခဲ့ပါသည်။ ယနေ့အချိန်ထိ ထူးခြားမှုတစ်စုံတစ်ရာမရှိပါ။ ထို့ကြောင့် ဒေသခံပြည်သူ(၅၅)ဦးလက်မှတ်ရေးထိုးပြီးနိုင်ငံတော်အကြီးအကဲများထံသို့ တိုင်ကြားရန်စီစဉ်ထားကြောင်းသိရှိရပါသည်။
အဖေ့သား(ပဲခူး)



Vol-3,No-141
Vol-3,No-140
Download
August 6, 2012
Home, သတင်း