ရွှေကျင်ဒေသစာရေး အမြန်မနှေး အရေးယူပေး

 

 

ဧရာဝတီတိုင်း မြန်အောင် မြို့နယ် ရွှေကျင် ရ.ယ.က စာရေးတရားခံအား ကြံခင်းမြို့နယ် တရားရုံးမှ (၁၆.၇.၁၂) ရက်နေ့ တွင် ဒဏ်ငွေ (၅၀၀ိ/-) ချမှတ် ခဲ့သည်။ တရားလို မုဆိုးမမှာ တစ် နှစ်ကျော်ကြာအောင် မြန်အောင် တရားရုံးမှ ဟင်္သာတခရိုင်တရား ရုံး ထိုမှသည် ကြံခင်းမြို့နယ် တရားရုံးသို့ ပိုက်ဆံကနတ္ထိ၊ ယောက်ျားကမရှိနဲ့ အဆင့်ဆင့် သွားခဲ့ရပါတယ်။ ပြစ်မှုကျူးလွန် တာ မှန်ကန်၍ ဒဏ်ငွေချမှတ်ခဲ့ တာပါ။ ဒါပေမယ့်ဗျာ ပုဒ်မ (၄၅) ဆို (၂)နှစ်၊ လက်ရောက်မှု ၃၅၂ ဆို (၆)လအနည်းပဲ မုဆိုးမအိမ်ကို ဥပဒေမဲ့ ၀င်ရောက်သောင်းကြမ်း ပြီး အမျိုးသမီးငယ်ကို အတင်း ဆွဲခေါ်သွားတဲ့အချိန်က မနက် ပိုင်း၊ နေရာက ဈေးထဲဗျာ၊ ကျူး လွန်တာက စာရေးဝန်ထမ်းတဲ့ အမှုပြီးတော့ ဒဏ်ငွေက (၅၀၀ိ/-)
(၁၂.၇.၁၂)ရက်နေ့ထုတ် Hot News  ဂျာနယ်မှာ ဖော်ပြပြီး ပါပြီ။ (၁)တရားရုံးမှာ ဥပဒေပုဒ်မ နှစ်ခုနဲ့ တရားခံဖြစ်နေတယ်ဆိုတာ မမှန်ဘူးလား။ (၂) ဈေးပိုင်ရေ တွင်းမြေကို ခြံအကျယ်ကြီးနဲ့ အိမ် ဆောက်ဗိုလ်ကျနေတာက မှားပါ သလား။ (၃) ဈေးကောက်က ရငွေတွေ၊ ဧည့်စာရင်း၊ ဆိပ်ကမ်း ခွန်နှင့် အခြားဒေသ၀င်ငွေများမှာ မိမိကောက်၊ မိမိပိုင်၊ မိမိသုံးသည် မှာ အိပ်မက်တွေလား။ ၁၉၉၈/၉၉ တုန်းက ရိုက်မှုကျူးလွန်ဖူးတယ်ဆို တာကရော ပုံပြင်ပါလား။ (၅) အုပ်ချုပ်ရေးမှူးဆိုတာ အမည်ခံ သက်သက်သာဖြစ်သည်ဆိုတာ ကျွန်တော်များဘက်က လွဲနေ တာလား။ အသေးစိတ်ကို (၁၂.၇.၁၂)ထုတ် Hot News  ဂျာနယ်တွင် ပြန်ကြည့်နိုင်ပါ သည်။ နိုင်ငံတော် သမ္မတကြီးနှင့် သက်ဆိုင်ရာ အာဏာပိုင်များအား ၎င်းဝန်ထမ်းကို ထိထိရောက် ရောက် အရေးယူပေးပါရန် တင်ပြခဲ့ပြီးဖြစ်ပါသည်။ ၎င်းကို အရေးယူ ဖယ်ရှားရပ်နားမပေးခဲ့ ရင်တော့ ကျွန်တော်များရဲ့ ကျေးရွာဟာ ကျေးရွာမဟုတ်ဘဲ ““ကျေးရွာ”” ဖြစ်ဖို့ ရာနှုန်းပြည့်ပါ။
ဆက်လက်တိုး၍ တင်ပြရ မည်ဆိုလျှင် (၆) ပထမက စာသင်ကျောင်းနေရာ နောက်တော့ ဈေးပိုင်လိုလို၊ ဘာလိုလိုနဲ့ ရောင်း စားလိုက်တာ (၁၀)သိန်း။ ဒါတောင် အပိုဆုကြေးထပ်ရ သေးတယ်။ (၇) လောင်းကစား အတွက် လိုင်းကြေးမကောက်ခဲ့ ဘူးလား။ (၈)မြေနုကျွန်းအတွက် ရော သိန်းချီမရခဲ့ဘူးလား။ ကျွန်တော်တို့ သိတာက ယခင် အစိုးရလက်ထပ်က ဖွဲ့စည်းပုံမှာ စာရေးဆိုတာ (အဖွဲ့ဝင်+စာရေး) ယခုဖွဲ့စည်းပုံမှာ စာရေးဆိုတာ စာရေးဖို့ပဲမဟုတ်ပါလား။ အဓိက တော့ သူများ မုဆိုးမအိမ်ကို ၀င် ရောက်သောင်းကြမ်းဥပဒေမဲ့ လုပ်တာဟာ အာဏာကို အလွဲ သုံးစားလုပ်တာပဲ။ နိုင်ထက်စီးနင်း ဗိုလ်ကျမိုက်ရိုင်းတာပဲ အမိန့်ချပြီး ပြန်လာကြတော့ ရွာကလူတွေက တရားလိုကိုအခြေအနေဘယ်လို လဲမေးတော့ သူက လက်ငါးချောင်း ထောင်ပြတယ်။ Ok ငါးနှစ် တောင်ပဲပေါ့။ ရွာသန့်သွားပြီပေါ့ လို့ ၀မ်းသာလို့မှ မဆုံးသေးဘူး နောက်ထပ် သုညနှစ်လုံးထပ်ကွင်း ပြတယ်။ ဒီတော့ ဒေသခံတွေ အားလုံးက ““ဟာ””ဆိုပြီး ပါးစပ် အဟောင်းသားလေးနဲ့ ရေစက်က မကုန်သေးပါလားလို့ တရုံမှတစ် ပါးပေါ့။
သို့ပါ၍ နိုင်ငံတော်သမ္မတ ကြီးနှင့် သက်ဆိုင်ရာအဆင့်ဆင့် မှ ၎င်းကို ထိထိရောက်ရောက် ပြုလုပ်ပေးပါရန် Hot News  ဂျာနယ်မှတစ်ဆင့် ““ထပ်ဆင့်”” ထပ်ဆင့်တင်ပြအပ်ပါသည်။ ““ကောင်းသူကိုကယ်”” ““မကောင်း သူကိုပယ်”” ဆိုသလို အစိုးရသစ် အနေဖြင့် အာဏာအလွဲသုံးစား လုပ်နေသော ၀န်ထမ်း၊ ဗိုလ်ကျ သောဝန်ထမ်း၊ ရတာအကုန်စား ၀န်ထမ်းကို ထိထိရောက်ရောက် အရေးယူဖယ်ရှားရပ်နားပေးလိမ့် မည်ဟု ယုံကြည်မျှော်လင့်နေရ ကြောင်းကို ရိုသေစွာဖြင့် တင်ပြ အပ်ပါသည်ခင်ဗျား။

 

ရွှေကျင်ဒေသခံများကိုယ်စား

No comments yet.

Leave a Reply

You must be logged in to post a comment.