ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေများကို ပြည်ထဲရေး ၀န်ကြီးဌာနမှ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး များမကြာမီကာလတွင် ဧရာဝတီတိုင်း ဒေသကြီး လပွတ္ထာမြို့နယ်ရှိ ညောင်လိန်ကျေးရွာနှင့် သဲဖြူကျေးရွာများက မြို့နယ်၏ ဌာနဆိုင်ရာသက်သာ ရန်ပုံငွေကိုအကြောင်းပြကာ လယ်မြေအသိမ်းခံခဲ့ရသည့် လယ်သမားများမှ ခွင့်ပြုချက်ဥပဒေ (၄) အရ ပထမဆုံးအကြိမ်ဖြင့် လပွတ္တာမြို့၏ ရှင်ပင်သာလျောင်းဘုရားကြီးရှေ့မှ စတင်စုဝေးပြီး မြို့တွင်းလှည်လည်၍ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည့် လယ်သမားများသည် ၁၉၇၈ ခုနှစ်ခန့်က မြို့နယ်အာဏာ ပိုင်များ၏ ဌာနဆိုင်ရာဝန်ထမ်းသက်သာဖြင့်အသုံးပြုရန်အကြောင်းပြပြီး လယ်ယာမြေသိမ်းဆည်းခံရသူများ ဖြစ်၍ ဥပဒေအကြံပေးဦးဖိုးဖြူက ဥပဒေအတိုင်းဆောင်ရွက်ပေးရန် ဆန္ဒဖော်ထုတ်ခဲ့ရခြင်းဖြစ်ကြောင်း သိရ သည်။
ဆန္ဒဖော်ထုတ်သူများသည် နံနက် (၉း၄၅) ခန့်ကစတင်ပြီးလပွတ္တာမြို့တွင်းသို့ လယ်သမားဦးရေ (၁၀၀)ခန့်နှင့် (၁) ပြည်ထောင်စုလွှတ်တော် ဒို့လွှတ်တော် ပြည်သူ့အခွင့်အရေးဖော်ဆောင်ပေး (၂) တောင်သူလယ်သမားအခွင့်အရေး လွှတ်တော်ပြဌာန်းပေး (၃) လယ်ယာမြေခွဲဝေပေးရေး ပြည်သူ့အရေး (၄) ကိုယ့်လယ်ကိုယ်ဆင်းထွန်လို့ တရားစွဲတာရပ်ပေး ဆိုသော ကြွေးကျော်သံများကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာ စည်တန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ရာ ဇေယျာဘုမ်္မိရပ်ကွက်ရှိ သာသနာ့ဗိမ္မာန်ရှေ့တွင် ခေတ္တရပ်နားစဉ် သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ဦးဖိုးဖြူတို့ ညှိနှိုင်းရရှိမှုကြောင့် ၁.၈.၂၀၁၂ နေ့ နေ့လည် (၁၂း၀၀) မှ နေ့လည် (၃း၀၀) အထိ ဆန္ဒဖော်ထုတ်ခွင့်အား တရားဝင်ခွင့်ပြုပေးမည်ဟု ညှိနှိုင်းချက်အရ ဆန္ဒဖော်ထုတ်သူ တောင်သူလယ်သများက နံနက် (၁၀း၃၀) ခန့်တွင် ဆန္ဒတောင်းဆိုပြပွဲအား ပိတ်သိမ်းလိုက်ကြောင်းသိရသည်။
ကိုကိုကြီး (ထန်းပင်ရေကျော်)



Vol-3,No-141
Vol-3,No-140
Download
July 28, 2012
Home, သတင်း