ရန်ကုန်တိုင်းဒေသကြီး၊အလုံ မြို့နယ်တွင် နေထိုင်သူ တစ်ဦး သည် ဘိုးဘွားများလက်ထက်က တည်းက နေထိုင်ခဲ့သည့် နေအိမ် သည် ဆွေးမြည့်ပျက်စီးလာပြီဖြစ် ၍အထပ်မြင့်အဖြစ်ပြန်လည်တည် ဆောက်လုပ်ရန် သက်ဆိုင်ရာသို့ သွားရောက် စုံစမ်းခဲ့ကြောင်း၊ သက်ဆိုင်ရာဌာနက ရှစ်ထပ်တိုက် ဆောက်လုပ်လျှင် ဓာတ်လှေကား ထည့်သွင်းရမည် ဖြစ်ကြောင်း၊ အလုံမြို့နယ်သည် အောက်ခံမြေ သားညံ့သဖြင့် ပိုင်ရိုက်၍ဆောက် လုပ်ရမည်ဖြစ်ကြောင်း၊ လက်ရှိ ထုတ်ပြန်ထားသော ဥပဒေအရ မြေညီထပ်တွင် လူနေထိုင်ခွင့်မရှိ ဘဲ ကားပါကင်သာ ထားရှိရမည် ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ထို့ ကြောင့် အိမ်ရှင်က အဆောက် အအုံသစ်ဆောက်လုပ်ရန်အတွက် ကန်ထရိုက်အချို့ထံသို့ သွား ရောက်စုံစမ်းရာတွင်လည်း အဆင် မပြေဖြစ်ခဲ့ကြောင်း သိရသည်။
အလုံမြို့နယ်တွင် ၂၀၀၄ ခုနှစ်က အိမ်ဟောင်းဖျက်၍ ရှစ် ထပ်နှစ်ခန်းတွဲဆောက်ရာ ဓာတ် လှေကားတပ်ဆင်ရမည်ဆို၍ ၆ ထပ်သာဆောက်လုပ်ခဲ့ပြီး ကန် ထရိုက်တစ်ခြမ်းယူ၊မြေရှင်တစ်ခြမ်း ယူခဲ့ကြောင်းသိရသည်။
၂၀၁၂ ခုနှစ် ဥပဒေအရ ဆောက်လုပ်မည့်သူများ တိုက်ခန်း လေးခန်းသာ ရမည်ဆိုသဖြင့် တစ်နှစ်ပြီးတစ်နှစ် ပြောင်းလဲပြီး ဆိုးဝါးလာသည့် ဥပဒေများကို ထုတ်ပြန်နေသော သက်ဆိုင်ရာ အဖွဲ့အစည်းအား နိုင်ငံတော် အဆင့်၊ ပြည်သူ့လွှတ်တော်အဆင့် မှ လိုအပ်သလို ထိန်းချုပ်အရေး ယူပေးပါရန် နေအိမ်ဟောင်းအား ကန်ထရိုက်တိုက်အဖြစ် ပြန်လည် ဆောက်လုပ် လိုသူများက ဆန်္ဒ ရှိနေကြောင်းသိရသည်။
သံလက်သီး



Vol-3,No-141
Vol-3,No-140
Download
July 28, 2012
Home, သတင်း