နေပြည်တော် မြို့မဈေးကြီး ၏ ဈေးရုံ(၄)၊ အခန်း(၁/၁၂)ရှေ့ က ကွမ်းယာဆိုင်ကြောင့် ဆိုင်ရှေ့ ၀ဲ/ယာမှာကွမ်းတံတွေးပေကျံခြင်း၊ ကွမ်းယာဝယ်ယူရာတွင် စောင့် ဆိုင်းဝယ်ယူနေခြင်းများကြောင့် အဆိုပါကွမ်းယာဆိုင်ဝန်းကျင်နား မှာ ဈေးဝယ်လမ်းပိတ်ဆို့မှုများရှိ နေခဲ့ရာ ကွမ်းယာဆိုင်နောက်မှာ ရှိသော ဈေးဆိုင်များနှင့်ကွမ်းယာ ရောင်းဆိုင်ရှင်တို့မကြာခဏ ပြ ဿနာ၊အခြေအတင်ပြောဆိုနေရ မှုများရှိကြောင်း၊ဈေးဆိုင်တချို့ ၏ပြောဆိုမှုကြောင့်သိရှိခဲ့ရသည်။ ကွမ်းယာဆိုင်နောက်မှာရှိတဲ့ဆိုင် တွေက ၀ယ်ချင်သောပစ္စည်းရှိ လျှင်သော်လည်းကောင်း၊၀ယ်နေ ကြဖောက်သည်များ ဈေးဝယ်လာ လိုလျှင်သော်လည်းကောင်း ကွမ်း ယာဆိုင်နားက ပိတ်ဆို့မှုကြောင့် ကွေ့ပတ်၍သွားလာနေရမှုများ ကြောင့် ကွမ်းယာဆိုင်နောက်က ကုန်စုံဆိုင်တွေ၊သစ်သီးဝလံအ ရောင်းဆိုင်တွေဟာလမ်းပိတ် ရောင်းနေတဲ့ ကွမ်းယာဆိုင်အမျိုး သမီးကို ဖယ်ရှားပေးစေလိုကြောင်း သိရသည်။
““မိသားစုဘ၀တစ်ခုအတွက် စားဝတ်နေရေးအဆင်ပြေစေဖို့ ဈေးနဲ့သက်ဆိုင်ရာတွေကရောင်းခွင့် ပေးထားတယ်ဆိုတာ ကျွန်မတို့ နားလည်ပါတယ်။ဈေးသည်ဆိုတဲ့ ဘ၀တူတွေမို့လည်း ကိုယ်ချင်းစာ ပါတယ်။ဒါပေမယ့်အများဆိုင်တွေ ရှေ့ဝန်းကျင်မှာ ပျံကျကပ်ရောင်း နေရတဲ့ဘ၀ကိုနားလည် ပတ်ဝန်း ကျင်ဆိုင်တွေနဲ့ သင့်မြတ်အောင် ပေါင်းသင်းဆက်ဆံရောင်းတတ် ရင် အခုလို အချင်းချင်းပြဿနာ ဖြစ်စရာမရှိဘူးပေါ့။ခုတော့ ဘယ် သူ့မှဂရုမစိုက်သလိုဆိုတော့ အဲ့ ဒီကွမ်းယာဆိုင်ကိုဖယ်ရှားပေးစေ လိုကြောင်းဈေးဦးစီးမှူးထံသို့ (၂၉.၆.၂၀၁၂)နေ့က စာရေး တိုင်ကြားခဲ့တယ်။ခုချိန်ထိတော့ အရေးယူဖယ်ရှားမှုမရှိသေးပါဘူး”” ဟု သိရသည်။ဈေးရုံအမှတ်(၄)၊ အခန်း(၁/၁၂)သစ်သီးရုံအ ရောင်းဆိုင်ရှင်က ပြောပြရာတွင် ““ကျွန်မတို့ဆိုင်တွေက ဈေးဆိုင် တွေက ဈေးဆိုင်ခွန်ငွေပေးဆောင် ပြီး သတ်မှတ်ထားတဲ့ ဈေးဆိုင်ခန်း ဥပဒေတွေကိုလိုက်နာပြီး စနစ်တ ကျ ဆိုင်ဖွင့်ရောင်းနေတာပါ။ဆိုင် ရှေ့တည့်တည့်မှာ ကွမ်းယာဆိုင် လာဖွင့်ထားမှုကြောင့်လမ်းပိတ် ဆို့မှု၊ဈေးဝယ်သွားလာမှု အခက် အခဲတွေကို ဈေးနဲ့သက်ဆိုင်သူ တာဝန်ရှိသူတွေက ကြည့်ရှုဖြေ ရှင်းပေးသင့်ကြောင်း””ဆိုသည်။
မြင့်အောင်(နေပြည်တော်)



Vol-3,No-141
Vol-3,No-140
Download
July 24, 2012
Home, သတင်း