ဝန်ဆောင်မှု နှေးတာ ဘယ်သူလဲ

July 24, 2012

Home, သတင်း

 

 

GSM.WCDMA.CDMA စတဲ့ Mobile Phone တွေ ပြည်သူ  ထဲ ပျံ့နှံ့လာတာကြောင့် ၎င်းဖုန်း တွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေက လည်း ပြည်သူထဲ ပျံ့နှံ့နေတာ တွေ့နေရပါတယ်။ ဖုန်းကတ်ပျက်  စီးခြင်း၊ ပျောက်ဆုံးခြင်းတွေက အများပေါ့။ ဖုန်းကတ် ပျောက်ဆုံး ပျက်စီးပါက ငွေကျပ် ၂၀၀၀၀ ပေးဆောင်ပြီး ပြန်လည်လျှောက် ထားနိုင်ပြီး ပျောက်ဆုံးဖုန်းကတ်  ကို တစ်လအချိန်အတွင်း ပြန်လည်  အသုံးပြုနိုင်အောင် ၀န်ဆောင်မှု ပေးနေကြောင်း ဂျာနယ်ပါ သတင်း တစ်ပုဒ်ကို ဖတ်ရပါတယ်။ သို့ သော် ကလေးမြို့တွင် CDMA  ငါးသိန်းကျပ်တန် ဖုန်းပျောက်ဆုံး ခဲ့သော ကိုအောင်ဇော်မြင့်က ““ကျွန်တော်ကိုင်တဲ့ဖုန်း ပျောက် တာ ၁၈.၁၁.၂၀၁၂ နေ့ကလေ။ အဲဒီပျောက်တဲ့နေ့ကစပြီး Over Sea Mobile ကလေးမြို့မှာ ပြန် သွားပြောတော့ ငွေတစ်သိန်း သွင်းတာဟာ အချိန်နှစ်လ လောက်နေသည်အထိ မရဘူး။ ဒါ့ကြောင့် ငွေတစ်သိန်းနဲ့ စာရွက် စာတမ်းတွေကို အခု (၇)လပိုင်း ၂၀၁၂ကပဲ ပြန်ယူလာခဲ့တာပါ”” လို့ ပြောကြားခဲ့သည်။ ၎င်းအတွက် ဖုန်းကတ်ပျောက်ပျက်မှုအပေါ် ဖုန်းကိုင်ဆိုင်သူအတွက် နစ်နာမှု များရှိနေကြောင်း တွေ့ရပြီး ၀န် ဆောင်မှုနှေးကွေးတာဟာ ကိုယ် စားလှယ် Over Sea Mobile ဖုန်း ဆိုင် ကလေးမြို့ကလား ဌာနချုပ် ကလားဆိုတာကိုလည်း ဖုန်းကတ် ပျောက်သူ ကိုအောင်ဇော်မြင့်က သိလိုပြီး သက်ဆိုင်ရာမှ ဖုန်းကတ် ပြန်ရဖို့ တစ်ခုခုလုပ်ပေးရန် မျှော် လင့်ကြောင်းနှင့် ပျောက်ဆုံးဖုန်း နံပါတ်မှာ ၀၉-၄၇၁၂၆၇၅၅ ဖြစ် ပါကြောင်း သိရပါသည်။

 

မင်းရဲစစ်နိုင်

,

No comments yet.

Leave a Reply

You must be logged in to post a comment.