သက်ဆိုင်ရာများသို့ လိုင်းကြေးပေး၍ ချဲထီရောင်းပါရန်

 

 

Hot News  အယ်ဒီတာခင်ဗျား
ကျွန်တော်တို့ ပြည်မြို့နယ်၊  ၀က်ထီးကန်တိုက်နယ်တွင် ကျေး ရွာအုပ်စု ၂၁အုပ်စု၊ကျေးရွာပေါင်း   (၉၈)ရွာဖြင့် ဖွဲ့စည်းထားပြီး၊များ သောအားဖြင့် တောင်သူ၊ယာ ခုတ်၊လက်လုပ်လက်စားများဖြင့် စီးပွားရှာစားသောက်နေကြရသူ များဖြစ်ပါသည်။
နိုင်ငံတော်သမ္မတကြီး၏ ဆင်းရဲနွမ်းပါးမှုလျော့ချရေးလုပ် ငန်းစဉ်များအကောင်အထည်ဖော် ဆောင်ရွက်ရာ၌အဓိကပါဝင်သော  လောင်းကစားမှု့ပပျောက်ရေးစီမံ ချက်လည်းတစ်ခုအပါအ၀င်ဖြစ်  သည်နှင့်အညီဝက်ထီးကန် ရဲစခန်း  မှလည်း လောင်းကစားမှု့ပပျောက်  ရေးအတွက် ဆောင်ရွက်လျက်ရှိ ရာချဲ ထီရောင်းချသူများအားထိ ရောက်စွာဖမ်းဆီးဆောင်ရွက်လျက် ရှိပါသည်။သို့သော်ဖမ်းဆီးအရေး ယူခြင်းခံရသူအများစုမှာ သက် ဆိုင်ရာတာဝန်ရှိသူများအား ““လိုင်းကြေးငွေ””မပေးဘဲ ချဲ ထီ ရောင်းချနေသူကော်မရှင်စား၍  ဆင်းရဲနွမ်းပါးသူများကိုသာရွေး ၍ဖမ်းဆီးအရေးယူနေပါသည်။ လစဉ်““လိုင်းကြေးငွေ””မှန်မှန်ပေး  ၍ရောင်းချနေသူချဲထီဒိုင်များမှာ  လိုင်စင်ရထားသကဲ့သို့ထင်ထင် ပေါ်ပေါ်ရောင်းချနေသော်လည်း  ရဲစခန်းမှဖမ်းဆီးအရေးယူခြင်းမရှိ ဘဲ၊လျစ်လျူရှုထားပါသည်။ပြည် မြို့မှဖမ်းဆီးရန်လာရောက်မည် ဟု ကြိုတင်သိရှိပါကလည်း လိုင်း ကြေးငွေပေးထားသောဒိုင်များ အား ရဲစခန်းမှ ကြိုတင်အသိပေး  ၍ လောင်းအစားသည့် စာရွက် စာတမ်းများအား ဖျောက်ဖျက် ခိုင်းထားပါသည်။မည်သည့်အခါ မှ လိုင်းကြေးငွေ ပေးထားသူ  များမှာ ဖမ်းဆီးအရေးယူခြင်းမခံ ရဘဲ၊အခွင့်ထူးခံလူတန်းစားများ ဖြစ်နေပါသည်။
သို့ဖြစ်ပါ၍ စီးပွားရေးအစဉ် မပြေ၍ ချဲထီရောင်းကော်မရှင်စား  ဖြင့် စီးပွားရှာစားသောက်ရရှာ သော လူတစ်ချို့ဖမ်းဆီးခြင်းခံရ ပါက ““ဒုက္ခ””များစွာရောက်နေကြ ရှာပါသည်။နောက်နောင်ဖမ်းဆီး အရေးယူခြင်းမခံရအောင် ဒုက္ခ ဆင်းရဲမဖြစ်စေရန်သက်ဆိုင်ရာ တာဝန်ရှိသူများသို့ ““လိုင်းကြေးငွေ””  မှန်မှန်ပေး၍ စီးပွားရှာဖွေစား သောက်ကြပါရန် ဤဂျာနယ်မှ တဆင့် နိဗ္ဗာန်အကျိုးမျှော်၍နှိုး ဆော်လိုက်ရပါသည်ခင်ဗျား။—

 

ဖိုးလမင်း(၀က်ထီးကန်)

,

No comments yet.

Leave a Reply

You must be logged in to post a comment.