သမ္မတကြီးဦးသိန်းစိန် ထိုင်းပင်လယ်ဆိပ်ကမ်းကိုလေ့လာ

July 24, 2012

Home, သတင်း

 

သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံသို့စရောက်သည့်နေ့ တွင် ဘန်ကောက်အရှေ့တောင် ဘက်က ပင်လယ်ဆိပ်ကမ်းသို့ သွားရောက်လေ့လာခဲ့သည်။  ချွန်ဘူရီမြို့မှာရှိသည့် လယမ်း ချမ်းဘောဆိပ်ကမ်းသည် ထိုင်း နိုင်ငံတွင်ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေ သော ထားဝယ်ရေနက်ဆိပ်ကမ်း  နှင့်တိုက်ရိုက်ဆက်သွယ်မည့်  ဆိပ်ကမ်းဖြစ်သည်။
ထားဝယ်ရေပိုင်နက်ဆိပ် ကမ်း စီမံကိန်းသည် ထိုင်းကုမ္ပဏီ  ဖြစ်သော အီတာလျံထိုင်းဖွံ့ဖြိုးရေး   ကုမ္ပဏီက အကောင်အထည်ဖော်  ဆောင်ရွက်မည့် အမေရိကန် ဒေါ်လာ၈ဒသမ၆ဘီလီယံ ကုန် ကျမည့်စီမံကိန်း၏တစိပ်တဒေသ ဖြစ်သည်။ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်နှင့်တွေ့သည့် အခါ ထားဝယ်စီမံကိန်းနှင့်ဆက် စပ်သည့် ကိစ္စတွေလည်း ဆွေးနွေး  ရန် ထားဝယ်စီမံကိန်းနှင့်ပတ် သက်၍ကွင်းဆင်းလေ့လာမှုများ လုပ်ပြီး၊စာတမ်းတွေရေးသားနေ သည့်မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်း ရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေက  ထားဝယ်စီမံကိန်းနှင့်ပတ်သက်၍ ဆွေးနွေးသည့်အခါတွင် စီမံကိန်း  ဒေသက လူတွေ၏အသက်မွေး ၀မ်းကြောင်းများကို သတိထားရန်  အကြံပြုခဲ့သည်။
““စီမံကိန်းလုပ်ငန်းတွေအ ကောင်အထည်ဖော်ချင်တယ်ဆို ရင် ဗမာလူမျိုးတွေက လောဘ ကြီးတာ မဟုတ်ဘူး။သူတို့ကိုမက် လုံးပေးပြီး ရွှေ့ခိုင်းမယ်။ဒီထက်  သာတဲ့နေရာကိ ရွှေ့ပေးမယ်ဆို ရင် ပြောင်းမှာပဲ။တချို့တောအ ရမ်းကျတဲ့ဘက်တွေကျတော့ ရှာ ဖွေစားသောက်တဲ့အဆင့်တော့ လုပ်တာရှိတယ်။အဲဒီအခါကျရင်  သူတို့ကို နည်းနည်းပညာပေးတာ မျိုး၊စည်းရုံးဟောပြောတာမျိုးလုပ် ရမယ်။စက်ရုံအလုပ်ရုံထောင်တဲ့ အခါမှာလည်းအလိုအလျောက်လုပ် တဲ့စက်ကြီးတွေနဲ့လုပ်မယ်ဆိုရင်  ပြဿနာရှိတယ်။တချို့က တော ထဲမှာပဲ ရှာဖွေစားသောက်တဲ့လူ မှုစရိုက်က မြန်မာပြည်မှာအများ ကြီးရှိသေးတယ်။အဲဒါတွေက တော်ရုံတန်ရုံလုပ်နိုင်တဲ့အခွင့်အ လမ်းတွေပြန်မရနိုင်တော့ဘူး။သူ တို့ကိုတိုက်ခန်းကောင်းကောင်း  ရေမီးနဲ့ပေးရင်တောင်သူတို့ကမကျေ နပ်နိုင်ဘူး။အဲတော့ သူတို့ကိုဘာ အလုပ်ပေးနိုင်မလဲဆိုတာကိုပြရ တယ်။ on job training ပေးထား ရမယ်။သင်တန်းတက်တဲ့ကာလမှာ    လစာတွေပေးထားရမယ်။ပြီးတော့  ရင်ဘယ်စက်ရုံမှာ အလုပ်လုပ်ရ မယ်ဆိုတာပြရမယ်။သင်တန်း တက်တဲ့ကာလမှာ လစာတွေပေး ထားရမယ်။ပြီးတော့ရင်ဘယ်စက်  ရုံမှာ အလုပ်လုပ်ရမယ်ဆိုတာပြ ရမယ်။ထားဝယ်မှာဆိုရင် အလို အလျောက်စက်ကြီးတွေပါတဲ့အခါ ကျတော့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေ၊နိုင်ငံရေးပါတီ တွေက ထောက်ပြကြတော့ လူ တွေက ကြောက်ပြီးအကုန်ဆန့် ကျင်တော့တာပဲ။””ဟုဆိုပါသည်။
သမ္မတ၏ ခရီးစဉ်အတွင်း  မြန်မာပြည်မှ လူသားအရင်းအ မြစ် မြှင့်တင်ရေး၊၂၀၁၄ အာဆီ ယံ ဥက္ကဋ္ဌရာထူးမြန်မာကလက်ခံ ရေးကိစ္စများဆွေးနွေးရန်ရှိပြီး၊နား လည်မှု စာချွန်လွှာတွေလည်း ဖ လှယ်ရန်ရှိသည်ဟု ဆင်ဟွာသတင်း  က ဆိုပါသည်။နယ်စပ်ဒေသမှာ  သတင်းအချက်အလက်ဖလှယ်ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စ  တွေကိုလည်း ဆွေးနွေးမည့်အ ကြောင်းအရာတွေထဲမှာပါဝင်နိုင် သည်။သမ္မတ ဦးသိန်းစိန် မပြန် ခင် ဇူလိုင် ၂၄ရက်နေ့တွင် ဘန် ကောက်က မြဘုရားကိုသွားရောက်  ဖူးမြော်ရန်ရှိသည်ဟုလည်းကြား သိရသည်။

 

ဥယျာဉ်မှူး

,

No comments yet.

Leave a Reply

You must be logged in to post a comment.