မြန်မာကိုကူညီဖို့  IMF ရုံးဖွင့်

July 15, 2012

Home, သတင်း

 

ကမ္ဘာ့ဘဏ်နှင့်IMF အဖွဲ့   ၀င်နိုင်ငံတစ်ခုဖြစ်သော မြန်မာနိုင်ငံ   သည်အကြွေးပြန်ပေးရန် ပျက်ကွက်  ခဲ့မှုဖြင့် ၁၉၅၀ ခုနှောင်းပိုင်းနှစ် များတွင်IMFမှ မြန်မာနိုင်ငံအပေါ်  ထောက်ပံ့ကူညီမှုများရပ်ဆိုင်ခဲ့ရာ မှ ယခုအခါမြန်မာနိုင်ငံအား အထောက်အပံ့များ ပြန်လည်ပေး ရန် ထိုင်းနိုင်ငံတွင် ရုံးဖွင့်မည်ဖြစ် ကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံBank of Thailand မူဝါဒရေးရာဆွေးနွေးပွဲတွင်   မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံဆိုင်ရာIMF ရုံးကို ဘန်ကောက်မြို့ရှိ Bank of Thailandရုံးတွင် အခြေစိုက်ဖွင့်လှစ်မည်ဖြစ်ကြောင်း  ရုံးခန်းဘယ်တော့စတင်ဖွင့်မည်ဆို  ခြင်းကို မပြောနိုင်သော်လည်း ထိုနှစ်နိုင်ငံအပေါ်ပေးနေသော ထောက်ပံ့မှုများကို ပို၍ ခိုင်ခိုင် မာမာပေးချင်ကြောင်း နိုင်ငံခြား   ငွေလဲနှုန်းကိုလည်း တစ်ပြေးညီ  သတ်မှတ်နိုင်ရေးအတွက်အကူ အညီများပေးရန် ၂၀၁၁ ခုနှစ် အောက်တိုဘာလမှအစပြုကာ မြန်မာနိုင်ငံသို့သွားရောက်လေ့လာ   ခဲ့ပြီး လိုအပ်သောအကြံပြုမှုများ ကို ပေးအပ်ခဲ့ကြောင်း IMF ဦး ဆောင်ညွှန်ကြားရေးမှူးChritstine  Lagarde မှ ဇူလိုင်လ (၁၂) ရက်  နေ့ကပြောကြားခဲ့ကြောင်း သတင်း  ရရှိသည်။

 

သတင်းချစ်သူ

,

No comments yet.

Leave a Reply

You must be logged in to post a comment.