နှစ်(၅၀)ပြည့် ဆဲဗင်းဇူလိုင် ၏အရေးတော်ပုံနှစ်ပတ်လည် အခမ်းအနားများ နေရာအသီသီး ၌ ကျင်းပရာတွင် သမိုင်းနောက် ကြောင်းပြန် ၂၀၁၂ သို့မမျှော်လင့် ဘဲ ရင်ဆိုင်ခဲ့ရပါသည်။ ရန်ကုန် မြို့(၈၈)ကျောင်းသားများ ရုံးချုပ် မှာ ကျင်းပသွားမှာဖြစ်သည်ဟု ၆-၇-၂၀၁၂ ရက်နေ့တွင် (၈၈) ကျောင်းသားခေါင်းဆောင်များမှ ထုတ်ဖော်ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားကို တော်ဝင်နှင်းဆီ စားသောက်ဆိုင် အပါအ၀င် ရန်ကုန်မြို့ အချို့နေ ရာများတွင် ကျင်းပရာ ကျောင်း သားခေါင်းဆောင်များက စီစဉ်ခဲ့ ခြင်းရှိခဲ့ပေမယ့် အာဏာပိုင်တွေ ဘက်က ကျင့်ထုံးဥပဒေ (၁၆၂) အရ ခေါ်ယူစစ်ဆေးပြီး ရန်ကုန် တိုင်း လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းနှင့် ကျင်းပခွင့်ပိတ်ပင်ထားကြောင်းသိ ရပါသည်။ ထို့အပြင် အခြားမြန်မာ ပြည် မြို့ကြီးများတွင်လည်း ပိတ် ပင်ထားကြောင်းသိရသည်။ ဒီမို ကရေစီ နိုင်ငံသစ်ဆီသို့ သွားနေ သော်လည်း မြန်မာနိုင်ငံလုံးဆိုင် ရာကျောင်းသားသမဂ္ဂ အဖွဲ့ချုပ် (ဗကသ)ကျောင်းသားများဖြစ်ကြ သည့် ရန်ကုန်မှ ကိုဒီငြိမ်းလင်း၊ ကိုစည်သူမောင်၊ ကိုရဲမင်းဟိန်း၊ မဖြိုးဖြိုးအောင်၊ မန္တလေးမြို့မှ ကိုအောင်မိုင်းဆန်း၊ ကိုအောင် ကျော်မိုး(ခ)ကိုမိုးထက်နေ၊ ရွှေဘို မြို့မှ ၀သုန်၊ ပြည့်ဖြိုးကျော်၊ ဌေး ဌေးဝင်း၊ လားရှိုးမြို့မှ(၄)ဦး၊ မြင်း ခြံ(၇)ဦးတို့အား လတ်တလော ဖမ်းဆီးထိန်းသိမ်းထားသည်များနှင့် ပတ်သက်၍ အာဏာပိုင်များ၏ ယခုကဲ့သို့ ပိတ်ပင်ဖမ်းဆီးနေသည့် နေသည့် လုပ်ရပ်များသည် ပြည် သူလူထုကို လမ်းမပေါ်မထွက် ထွက်အောင် တွန်းပို့ပြီး ကျောင်း သားခေါင်းဆောင်တွေအနေဖြင့် နောက်ကြောင်းပြန်လှည့်သည့် လမ်းကြောင်းကို ရွေးချယ်မှာမဟုတ် ဟု (၈၈)မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်မှပြော ကြားသွားသည်။
““ကျွန်တော်စကားမပြောမီ ဒီအခမ်းအနားကို ရိုးရိုးသားသား အေးအေးချမ်းချမ်း ပြောလိုတာက ဖမ်းဆီးခံထားရသည့် ကျောင်း သားခေါင်းဆောင်တွေရဲ့ ဓာတ်ပုံ တွေကို ကိုင်ဆောင်ရင် ကျွန်တော် ပြောပါမယ်။ ဒီပုံတွေဟာ ညက ဖမ်းဆီးခံထားရသည့် ကျောင်း သားတွေဖြစ်ပါတယ်။ ဒီကနေ့ ကျင်းပတာဟာ သမိုင်းမှာ အမှတ် တရဖြစ်ရဆုံးနေ့တစ်နေ့လို့ ပြော ကြားလိုပါတယ်။ ဘာကြောင့် သမိုင်းတွင်ရသလဲဆိုတော့ ဒီနေ ရာမှာ အတုယူစရာရှိတာတွေကို လည်း ရယူလို့ရအောင် ဆဲဗင်း ဇူလိုင်ဆိုတာ သမိုင်းမှာမေ့ပျောက် လို့ မရတဲ့ အရာတစ်ခုပါ။သမိုင်း တွင်တဲ့ သခန်းစာရတဲ့ အရာတစ်ခု ဖြစ်တယ်ဆိုတာ အားလုံးနား လည်ပေးပါ။ ကျောင်းသားသမိုင်း ဆိုတာက လွတ်လပ်ရေးကြိုးပမ်း စဉ်ကတည်းက တိုင်းပြည်ရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုကိုကျောင်း သားတွေက ဦးဆောင်ခဲ့ပါတယ်။ အဲဒီလို ဦးဆောင်ခဲ့သည့် ကျောင်း သားသမိုင်းတွေက လွတ်လပ်ရေး ခေတ်မှကတည်းက ဆက်ပြီးတော့ ဒီအစဉ်အလာကို ထိန်းသိမ်းခဲ့တာ ပါ။ ကျောင်းသမဂ်္ဂဆိုတဲ့ အဆောက် အအုံရဲ့ မိခင်အောက်မှာ သား ကောင်းရတနာတွေကို မွေးဖွား ပေးခဲ့ပါတယ်။ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုအောင်ကျော် စတဲ့ မျိုးဆက်မဆုံးနိုင်သည့် ကျောင်း သားခေါင်းဆောင်များစွာကို ကျောင်းသားမိဘတွေက မွေးဖွား ပေးခဲ့ပါတယ်။ အဲဒီအချိန်မှာ မိ ခင်လောင်းကို သတ်ဖြတ်လိုက်ရုံ နှင့် မျိုးဆက်မကန်းသွားပါဘူး။ လှုပ်ရှားမှုတွေက ယနေ့အချိန်ထိ ရှိနေဆဲပါပဲ။ ၁၉၇၄ ဦးသန့် အရေးတော်ပုံ၊ ၁၉၇၆ မှိုင်းရာ ပြည့်အရေးတော်ပုံ ဆက်ပြီးတော့ မျိုးဆက်ပွားလာတယ်။ လက်ဆင့် ကမ်းလာတယ်။ ကျွန်တော်တို့ရဲ့ (၈၈)မျိုးဆက်လမ်းပေါ်မှာ ဆက် လက်ပြီး ဒေါင်းအလံကိုကိုင်ပြီး တော့ ခေါင်းမာလာခဲ့ပါတယ်။ ဒီကနေ့ မနေ့ညကဖမ်းဆီးခံထား ရတဲ့ ကျောင်းသား/သူတွေဟာ အဲဒီမျိုးဆက်တွေနဲ့ တစ်ဆက် တည်းပါပဲ။ အဲဒါမိခင်လောင်း တွေရဲ့ မွေးထုတ်ခဲ့သည့် မျိုးဆက် တွေပါပဲ။ ဒါကြောင့်မိခင်လောင်း ကို လုပ်ကြံလို့ရကောင်းပေမယ့် ပေါက်ဖွားလာသည့် မျိုးဆက်ကို မျိုးကန်းသွားအောင် လုပ်လို့မရ ပါဘူး။ အဲဒီမျိုးဆက်တွေရဲ့ အစဉ် အလာတွေကို ကျွန်တော်တို့ဆက် လက်ပြီး ထိန်းသိမ်းသွားပါမယ်။ ကျွန်တော်တို့ ရန်ကုန်တက္ကသိုလ် ရဲ့ အစဉ်အလာကောင်းတွေကို ပြန်ပြီးတော့ ဖော်ထုတ်ဖို့ကြိုးစား နေပါတယ်။ တစ်ချိန်က အရှေ့ တောင်အာရှမှာ သွားရေယိုခဲ့ရတဲ့ ရန်ကုန်တက္ကသိုလ်ကြီးဟာ နိုင်ငံ တကာမှာ အမေရိကန်မှာရှိတဲ့ အော့စ်ပို့တက္ကသိုလ်၊ အင်္ဂလန်မှာ ရှိတဲ့ ဟားဗက်တက္ကသိုလ်ကျောင်း သားတိုင်း တက်ချင်ခဲ့တဲ့ အိပ့်မက် တစ်ခုဖြစ်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ် ဟာ အားလုံးသိပြီပါတယ်။အဲဒီ အဆင့်အတန်းတွေ အဲဒီဂုဏ် သိက္ခာတွေ ပညာတတ်ပေါင်းများ စွာမွေးထုတ်ပေးနိုင်တဲ့ ရန်ကုန် တက္ကသိုလ်ကြီးပဲဖြစ်ပါတယ်။ မွေး ထုတ်ပေးရုံတင်မက ရန်ကုန် တက္ကသိုလ်ကျောင်းသား အဆောက်အအုံ ရှင်သန်တိုးပွား ပြီးတော့ ပြန်လည်တည်ဆောက် နေတာ ကျွန်တော်တို့ကျောင်း သားတွေပါပဲ။ အဲဒီမျိုးဆက်တွေ ဟာ ရန်ကုန်တက္ကသိုလ်ပြန်လည် ပေါ်ပေါက်ရေး၊ ရှင်သန်ရေးအ တွက် ကျောင်းသားအဆောက် အအုံကို ပြန်လည်တည်ဆောက် ပါ့မယ်။ ကျွန်တော်တို့ ရှိသမျှအား ထုတ်ပါ့မယ်။ ကျွန်တော်တို့ ဘယ် လိုပင် တားတား၊ သမိုင်းတွင်တဲ့ ဒီအခမ်းအနားကြီးကို ကျွန်တော် တို့ လုပ်မယ်ဆိုပြီး ကျွန်တော်တို့ ကျင်းပခဲ့တာဖြစ်ပါတယ်။ ကျွန် တော်တို့ ကျောင်းသားတွေကိုဖမ်း ဆီးမယ်ဆိုလည်း ဖမ်းဆီးပါစေ။ ဒီသမိုင်းတွင်တဲ့ နေ့ရက်ကြီးကို တော့ ဘယ်လိုဖျောက်ပစ်လို့ မရ နိုင်ပါဘူး။ ကျွန်တော်တို့မှာတရား မျှတတဲ့ အခွင့်အရေးတွေနဲ့ အမိုး အကာတစ်ခုအောက်မှာ ငြိမ်းချမ်း စွာ ဆင်နွှဲမယ်လို့ ပြောခဲ့ပါလျက် နဲ့ အင်အားသုံးပြီးတော့ ခြိမ်း ခြောက်တာက ခွပ်ဒေါင်းစိတ်နဲ့ ခွပ်ဒေါင်းအလံကို ကိုင်ဆောင်ရင်း တစ်ယောက်ထဲ ကျန်တဲ့အထိ လုပ်မယ်လို့ ပြတ်ပြတ်သားသား ပြောပါ့မယ်။ ဒါကြောင့် ကျွန်တော် တို့ ကျောင်းသားမျိုးဆက်တွေကို မခြိမ်းခြောက်ပါနဲ့၊ စာနဲ့မခြောက် ပါနဲ့၊ လက်တွေ့လဲ မခြောက်ပါ နဲ့၊ ကြိမ်လုံးနဲ့လဲ မခြောက်ပါနဲ့၊ ကျည်ဆံနဲ့လည်း မခြောက်ပါနဲ့၊ ကျွန်တော်တို့ငြိမ်းချမ်းစွာ အမိနိုင်ငံ ကြီးကို တည်ဆောက်ချင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ စိတ် စေတနာမရှိ ရှိတာကို ကျွန်တော် တို့ကို နိုင်ငံသားအခွင့်အရေးပေး ပါ။ ကျွန်တော်တို့ အခမ်းအနား ကို ငြိမ်းချမ်းစွာလုပ်ပြမယ်။ နိုင်ငံ သစ်ကို နောက်မျိုးတွေဟာ တာဝန်ရှိစွာဖြင့် တည်ဆောက်ပြ ပါလိမ့်မယ်။ အဲဒီအတွက် ကျွန် တော်တို့ မျိုးဆက်တိုင်းမျိုးဆက် တိုင်း ဒေါင်းအလံအောက်မှာ တစ်ညီတစ်ညွတ်ထဲ ရှိနေပြီဆို တာ ကြေငြာပါတယ်။ နောက် ဆုံးအနေနဲ့ သမဂ္ဂရှိရင် ကျောင်း သားရှိမယ်၊ ကျောင်းသားရှိရင် သမဂ္ဂရှိရမယ်။ ကျောင်းသားတွေ က ဒေါင်းအလံအောက်မှာကျောင်း သားမျိုးဆက်အတိုင်း အားလုံး တစ်ညီတစ်ညွတ်ထဲ ရပ်တည် တယ်””ဟု ဆိုထားပါတယ်။ အခမ်း အနားအစီအစဉ်အရ ကိုကိုကြီး၊ ကိုကျော်ကိုကို အစရှိသည့် ကျောင်းသားများမှနေ ကျောင်း သားသမဂ္ဂနေ့ အထိမ်းအမှတ် စကားများကို ပြောကြားရင်း အခမ်းအနားအစီအစဉ်များပြီးဆုံး သွားပါသည်။ ထို့နောက် အဖမ်း ခံထားရသည့် ကျောင်းသား(၄)ဦး ဖြစ်ကြသည့် ကိုဒီငြိမ်းလင်း၊ ကိုစည်သူမောင်၊ ကိုရဲမြတ်ဟိန်း နှင့် မဖြိုးဖြိုးအောင် လွတ်မြောက် ခဲ့တယ်ဟု ပြန်လည်လွတ်မြောက် လာခဲ့သည့် ဗကသများ အဖွဲ့ချုပ် ၏ အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်က ပြောပါသည်။ သူမတို့ကို ရန်ကင်းမြို့နယ်မှာရှိ သည့် ပြည်ထဲရေးဌာနရုံးချုပ်တွင် ခေါ်ယူစစ်ဆေးခဲ့ခြင်းဖြစ်ပြီး တစ် ဦးချင်းစီကို အခန်းခွဲစစ်ဆေးခဲ့ သည်ဟုဆိုပါသည်။
ဆဲဗင်းဇူလိုင် အထိမ်းအမှတ် ပွဲကို ဗကသ ဥက္ကဋ္ဌကိုကျော်ကိုကို မှ ဦးဆောင်ကာ စက်မှုတက္ကသိုလ် ကွန်ယက်နှင့် ရန်ကုန်ဝိဇ္ဇာသိပ္ပံ ကျောင်းသားများကွန်ယက်ကလည်း သမဂ္ဂကို လွတ်လပ်စွာ ဖွဲ့စည်းခွင့် ပြုရေး တောင်းဆိုခဲ့သည်ဟု သိရ ပါသည်။
စိုးဝင်းနိုင်



Vol-3,No-144
Vol-3,No-143
Download
July 9, 2012 at 8:19 AM
wrong university ( USA vs England) ,, ??::??::??::??::??::