ကလေးငယ်များရောင်းစားခံ ရမှု တိုက်ဖျက်ရေးအတွက် ကုလ သမဂ္ဂ၏ ကလေးများအရေးအပေါ် ရန်ပုံငွေအဖွဲ့ UNICEF၏အကျိုး ဆောင် သံအမတ်ကြီးအဖြစ် ရောက်နေသည့်မင်းသား Jackie Chanရန်ကုန်မြို့က မိဘမဲ့ ကလေး ငယ်တွေကို တွေ့ဆုံအားပေးခဲ့ပါ သည်။ သူ မြန်မာနိုင်ငံမှာ လေ့ လာခဲ့ရသည့် ကလေးငယ်တွေအ ခြေအနေနှင့်လိုအပ်ချက်တွေကို သတင်းစာရှင်းလင်းပွဲလုပ်ပြီးရှင်း ပြခဲ့သည်။
ကုလသမဂ္ဂ ကလေးများရန် ပုံငွေအဖွဲ့(UNICEF)၏အထူး သံတမန် ကမ္ဘာကျော် ရုပ်ရှင်မင်း သားဂျက်ကီချန်းသည် မြန်မာနိုင် ငံထဲက ကလေးသူငယ်အရေးကူ ညီဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံကို ရောက်ရှိနေပါသည်။ မန္တလေးမြို့ကနေ ရန်ကုန်မြို့ကို ခရီးဆက်ခဲ့ပါသည်။ဂျက်ကီချန်း သည် စနေနေ့တွင် ရန်ကုန်ကို ရောက်ရှိခဲ့ကြပြီး ကုလသမဂ္ဂ ကလေးများ အရေးပေါ်ရန်ပုံငွေ အဖွဲ့ယူနီဆက်ဖ်က တာဝန်ရှိသူ တွေနှင့်အတူလိုက်ပါပြီး ရန်ကုန် မြို့ရွှေတိဂုံဘုရား တောင်ဘက် မုခ်မှာရှိသည့် ရွှေကျင်မြို့နယ်အ သင်း ဓမ္မာရုံတွင် ရတနာ့မေတ္တာ အဖွဲ့ကစောင့်ရှောက်ထားသည့် မိဘမဲ့ကလေးငယ်တွေနှင့်ဇူလိုင် လ ၇ရက်နေ့ မနက်ပိုင်းတွင်တွေ့ ဆုံ အားပေးခဲ့ပါသည်။
ကမ္ဘာကျော်ပုဂ်္ဂိုလ်ဖြစ်သည့် ဟောင်ကောင် အက်ရှင်မင်းသား ဂျက်ကီချန်းကိုယ်တိုင် မြန်မာပြည် လမ်းတွေပေါ်က လေလွင့်ကလေး ငယ်တွေ၊မိဘမဲ့ကလေးတွေနှင့်ရင်း ရင်းနှီးနှီး တွေ့ဆုံအားပေးခဲ့တာ သည့် မိဘမဲ့ကလေးတွေ၏စိတ် ခွန်အားကို တကယ်ကို မြှင်တင် ပေးရာ ရောက်သည့်အကြောင်း ရတနာ့မေတ္တာအဖွဲ့ဥက္ကဋ္ဌ ဦးမြင့် ဆွေက ပြောပါသည်။
““အန်ကယ်လ်တို့ ၀မ်းသာ တယ်။ဒီလိုကမ္ဘာသိ အနုပညာရှင် တစ်ယောက်က ဒီကလေးတွေကို စိတ်ဝင်စားတယ်။ဒီကလေးတွေ နဲ့လည်း သူအတော်ကြာကြာနေ သွားတယ်။နောက်ပြီးတော့ဒီက လေးတွေရဲ့ဘ၀ကိုလည်း သူစာ နာတယ်။နောက်တစ်ခေါက်သူ အေးအေးဆေးဆေး သူလာဦး မယ်ပြောတယ်။ဒီတခေါက် မြန် မာပြည်မှာ သုံးရက်မနက်ဖြန်ပြန် မယ်ပြောတယ်။အဲ့ဒီတော့ သူ လာတာ အန်ကယ်လ်တို့ မြန်မာ ပြည်က ကလေးတွေအတွက်အ များကြီးအကျိုးရှိပါတယ်။အန်ကယ်လ် တို့ Communityမိဘတွေ လူထု အတွင်းမှာ တာဝန်ရှိတဲ့သူတွေ အတွင်းမှာ ဒီကလေးတွေရဲ့ပြ ဿနာတွေကို တော်တော်များများ မသိတာတွေ ရှိနေသေးတယ်။ အဲ့လိုဟာကို သူရောက်လာပြီး တော့ တွေ့တယ်ဆုံတယ် ဆိုတဲ့ အခါကျတော့ အားလုံးအပြင်ပွင့် လာတာပေါ့။စိတ်ဝင်စားလာတာ ပေါ့။အထူးသဖြင့် မြန်မာနိုင်ငံကို စိတ်ဝင်စားတဲ့အချိန်မှာ ဒီကလေး သူငယ်တွေ မြန်မာနိုင်ငံမှာ ဒီပြ ဿနာတွေရှိတယ်ဆိုတာ ကျွန် တော်တို့ပြောလိုက်နိုင်တယ်ဟု ဆိုသည်။
ဂျက်ကီချန်းသည်မြန်မာပြည် နေရာအနှံ့အပြားက ကလေးငယ် တွေကို နောက်တစ်ကြိမ်လာ ရောက်တွေ့ဆုံရန်ကြိုးစားမည့်အ ကြောင်းနှင့်မြန်မာပြည်က ပရဟိ မိဘမဲ့ကလေးသူငယ်စောင့်ရှောက် ရေး လုပ်ငန်းတွေအတွက်တတ် နိုင်သလောက်ကူညီပံ့ပိုးသွားမည် ဟုကတိပေးသွားသည့်အကြောင်း ဦးမြင့်ဆွေကပြောပါသည်။
““အန်ကယ်လ်တို့လုပ်နေတဲ့ လုပ်ငန်းတွေက အင်မတန် မွန် မြတ်တယ်၊ကောင်းတယ်။ပိုပြီး တော့ လုပ်နိုင်ဖို့အတွက်လည်း သူတတ်နိုင်တဲ့ဘက်က အားပေး မယ်။ဆက်လက်ပြီးတော့လုပ် ဆောင်မယ်ဟုဆိုသည်။
မင်းသားဂျက်ကီချန်းသည် ရတနာ့မေတ္တာအဖွဲ့က စောင့် ရှောက်ထားသည့်မိဘမဲ့ကလေး အယောက် ၅၀နှင့်တွေ့ဆုံပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကူး ခဲ့ပြီးကလေးငယ်တွေ၏ ဖျော်ဖြေ ရေးအစီအစဉ်တွေကြည့်ရှုအားပေး ပြီး နောက်တွင် ရွှေကျင်မြို့နယ် အသင်းဓမ္မာရုံ ဂျက်ကီချန်းသည် နေ့လည် ၁နာရီ ပြန်လည်ထွက် ခွာသွားခဲ့ပါသည်။
ဇူလိုင်လ ၇ရက်နေ့ နေ့ လည် ၂နာရီခွဲတွင် ကုလသမဂ္ဂ ကလေးများအရေးပေါ်ရန်ပုံငွေ အဖွဲယူနီဆက်ဖ်၏ အထူးသံတ မန် ဂျက်ကီချန်းသည် မြန်မာပြည် ခရီးစဉ်နှင့်ပတ်သက်ပြီးရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင်ပြည်တွင်း ပြည်ပ သတင်းစာဆရာများနှင့် တွေ့ဆုံပြီးစာနယ်ဇင်းရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ခဲ့ပါသည်။ စနေ့ နေ့ ညပိုင်းတွင် မင်းသားဂျက်ကီ ချန်းကို ရန်ကုန်ကုလသမဂ္ဂ ကလေးများအရေးပေါ်ရန်ပုံငွေ အဖွဲ့ယူနီဆက်ဖ်က ဆီဒိုနားဟို တယ်တွင်ဂုဏ်ပြုညစာ စားပွဲနှင့် တည်ခင်းဧည့်ခံမည်ဖြစ်ပါသည်။
ဂျက်ကီချန်းသည် မြန်မာ ပြည်ခရီးစဉ်အတွင်း ရန်ကုန်နှင့် မန္တလေးမြို့က မိဘမဲ့ကလေးဂေ ဟာများ အသက်မွေးပညာ လူ ငယ်အတတ်သင်ကျောင်းများ၊လူ မှုဝန်ထမ်းဦးစီးဌာန၏ လူငယ် သင်တန်းကျောင်း ပညာသင်ကျောင်း များကို သွားရောက်လေ့လာခဲ့ပြီး မိဘမဲ့ကလေးတွေနှင့်တွေ့ဆုံခဲ့ပါ သည်။မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးတာဝန်ရှိသူများကို တွေ့ဆုံပြီး ကလေးသူငယ်လူကုန် ကူးမှုတွေနှင့်ပတ်သတ်ပြီးဆွေးနွေး ခံပါသည်။
ဥယျာဉ်မှူး



Vol-3,No-141
Vol-3,No-140
Download
July 8, 2012
Home, သတင်း