စက်ရုပ်ကို တက္ကစီလုပ်တဲ့ ရန်ကုန်မြို့ 

July 8, 2012

Home, သတင်း

 

 

Facebook စက်ရုပ်လို့ခေါ်ကြ တဲ့ ၂၀၀၂ မော်ဒယ်လ် Caldina ကို ရန်ကုန်မြို့တွင် တက္ကစီအဖြစ် မြင်ရတော့မည်ဖြစ်ကြောင်း မြို့ခံ တစ်ချို့က ဆိုလာကြပါသည်။
အဆိုပါကားကို ရန်ကုန်မှာ တက္ကစီအဖြစ်နဲ့ မြင်ရတော့မည် ဆိုတော့ ၀မ်းသာသူတွေရှိကြသ လို ရင်ဖွယ်လှိုက်မော စုပ်တသပ် သပ်ဖြစ်နေသူတွေလည်း ရှိနေကြ သည်။ ဒေါ်လာကိုင်သုံးသူတွေ ကားတင်သွင်းခွင့်ရတဲ့ အခြေအ နေကနေ ပေါ်လာ မမြင်ဘူးသူ တွေလည်း သွင်းနိုင်ပါပြီဆိုတဲ့ ခေတ်ရောက်လာပြီ။ ဒီလိုကား တွေ ဒလဟောကြီး တင်သွင်းခွင့် ပြုနေချိန်မှာပဲ ကားဈေးတွေလည်း ပြုတ်ကျလာတာကိုလည်းတွေ့ရ သည်။ အတွင်းခန်းလည်းမိုက်၊ အပြင်ပုံလည်း အလန်းဇယားမှာ ရှိတဲ့ စက်ရုပ်ဟာလည်း တခြား ကားတွေလိုပဲ ဈေးပြုတ်ကျပြီးရင်း ပြုတ်ကျနေတယ်ဟု ဆိုလာကြပါ တယ်။ ယင်းကားဈေးကွက်နဲ့ ပတ်သက်ပြီး ရန်ကုန်ကားပွဲစား တစ်ဦးက အခုလိုဆိုလာပါတယ်။ ““ဒီဇင်ဘာလမှာ သိန်း(၄၀၀)ကား က သိန်း(၂၀၀)ဖြစ်ခဲ့တယ်။ အခု လက်ရှိသိန်း (၁၅၀)ပြုတ်ချခဲ့လို့ ကားပိုင်ရှင် တချို့ဘ၀ပျက်သလို ကားတချို့လည်း ဘ၀ပြောင်း သွားတယ်။ အခုလို တက္ကစီအဖြစ် အသူံးပြုတဲ့ Caldina စက်ရုပ်ပုံကို ကြည့်ပြီး တချို့ကလည်း ကောင်း ပါတယ်။ မ၀ယ်နိုင်တဲ့သူတွေ အဆင်ပြေတာပေါ့။ အဲဒီကားပဲ ရှာငှားတော့မယ်။ စီးဖူးတယ်ရှိ အောင်ငှားစီးကြည့်ချင်တယ်။Taxi ပဲစီးတော့မယ်။ မိုက်တယ်။ ရန်ကုန်ကTaxi တစ်မြို့လုံးဖြစ်နေ တယ်။ ပိုတောင်ကောင်းသေး””ဟု အသီးသီးဆိုလာကြသူများ ရှိကြ လေသည်။
ထို့နောက် သမ္မတကြီး၏ လူတန်းစေ့ကားစီးနိုင်အောင် လုပ်ဆောင်မှု ပေါ်လစီမူဝါဒ ချမှတ်ခဲ့သည့်စကားအပေါ် သမ္မ တကြီးစေတနာကို လေးစား၍ သော်လည်းကောင်း၊ နစ်နာသူ တက္ကစီကားသမားတို့၏ ဘ၀ အခြေအနေကို တစ်ချက်လောက် ပြန်လည်ကြည့်သင့်သည်ဟု တောင်းဆိုမှုများ ရှိနေပါသည်။

 

စိုးဝင်းနိုင်

,

One Response to “စက်ရုပ်ကို တက္ကစီလုပ်တဲ့ ရန်ကုန်မြို့ ”

  1. super Says:

    တက္ကဆီသမားက အနဲစု ပြည်သူက အများစုပါ။ အများစုကို ဦးစားပေး၇ပါမယ်။

Leave a Reply

You must be logged in to post a comment.