ဗြဟ္မစိုရ် ပညာဒါနကျောင်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

July 8, 2012

Home, သတင်း

 

 

မန္တလေးတိုင်းဒေသကြီး၊ မန္တ လေးမြို့ ဗြဟ္မစိုရ် လူမှုကူညီရေး အသင်း ပညာရေးကူညီမှုအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၁၂-၁၃ တက္ကသိုလ်ဝင်တန်း မောင်မယ် သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဇူလိုင်(၅)ရက် နံနက်(၉)နာရီက သုံးထပ်ကျောင်းဆောင်အပေါ်ထပ် တွင် ကျင်းပပြုလုပ်ရာ အသင်း ဥက္ကဋ္ဌ ဒေါက်တာဝင်းမြင့်၊ ဒုတိ ယဥက္ကဋ္ဌ ဦးဝင်းမြင့် (ရုံပိုင်ချုပ် ကြီးငြိမ်း) နှင့်အမှုဆောင်များ၊ ကျောင်းဆောင်သစ်အလှူရှင် မြင့်မြင့်ခင် ထိုးမုန့်မိသားစု၊ ဘာသာ ရပ်ဆိုင်ရာ ဆရာ၊ ဆရာမ(၂၆)ဦး နှင့် ကျောင်းသားကျောင်းသူ(၂၅၀) ဦးတို့ စုံညီစွာတက်ရောက်သည်။
အခမ်းအနားတွင် အသင်း ဥက္ကဋ္ဌ ဒေါက်တာ ၀င်းမြင့်၊ ပညာ ရေးအဖွဲ့ ခေါင်းဆောင် အငြိမ်း စားမြို့နယ် ပညာရေးမှူး ဦးချစ် ထူး၊ အငြိမ်းစား မြန်မာစာပါမေက္ခ ဒေါက်တာ ဦးမောင်မောင်လေး၊ အငြိမ်းစား ကထိက ဦးချစ်တင်၊ ဘောဂဗေဒဆရာမ ဒေါ်ခင်ဝိုင်း ချစ်၊ စန္ဒရား ဦးတင်ဝမ်းနှင့် ပန် တျာဒေါ်ဌေးဌေးမြင့်တို့က ဘာ သာရပ်ဆိုင်ရာ လမ်းညွှန်အမှာ စကားများပြောကြားပြီး၊ နိုင်ငံတော် သီချင်းကို စန္ဒရားဖြင့် စုပေါင်း သံပြိုင်သီဆိုကာ အခမ်းအနားကို နေ့လယ်(၁)နာရီတွင် ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။

 

ညီညီ

,

No comments yet.

Leave a Reply

You must be logged in to post a comment.