အေသင်ချိုဆွေ
သီချင်းဆိုလည်းကောင်းသလို သရုပ်ဆောင်လည်း ကောင်းတာ ကြောင့် ဆယ့်နှစ်ကြိုးကဝေမှာ လူကြိုက်များခဲ့တယ်။ ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်)ရိုက် တဲ့ ဘာဖြစ်ချင်လဲပြော ဗီဒီယိုမှာ လူမင်း၊ ရဲအောင်၊ နန္ဒ စတဲ့ ၀ါရင့် သရုပ်ဆောင်တွေနဲ့ တွဲဖက်သရုပ် ဆောင်လိုက်ပြန်တယ်။
ဖွေးဖွေး
ဗိုက်ကြီးသည်အဖြစ် သရုပ် ဆောင်ပြလိုက်ပါပြီ။ ဒါရိုက်တာ ညီညီထွန်းလွင်ရဲ့ ဗိုက်တစ်လုံးနဲ့ အမိုက်ဖုံးဆိုတဲ့ကားမှာ လူမင်း၊ မေသဉ္ဇာဦးနဲ့ တွဲဖက်ထားတာပါ။ လူမင်း ဘယ်လိုလုပ်ပြမှာလဲ၊ မေသဉ္ဇာဦးကရော မိခင်မေတ္တာ ကိုဘယ်လိုပုံဖော်မှာလဲ။ ဖွေးဖွေး ကိုကော ပီပီပြင်ပြင် မြင်တွေ့ရမှာ လို့ ဆိုပါတယ်။
အိချောပို
သူမရဲ့ အမူအရာကို တစ် ကားနဲ့တစ်ကား မတူစေချင်တဲ့အ တွက် ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)ရိုက်ကူးတဲ့ အပြင် လူမ၀င်ရ ဇာတ်ကားမှာ စိတ်ဝေ ဒနာရှင်အဖြစ် သရုပ်ဆောင်ထား တယ်ဆိုပါတယ်။ ခန့်စည်သူ၊ မို့မို့ မြင့်အောင်တို့ကလည်း ၀ိုင်းဝန်း လမ်းညွှန်ပေးတယ် ဆိုလေရဲ့။
တစ်လမှာ (၁၅)ရက် အနု ပညာတွေ အလုပ်တွေလုပ်ပြီး ကျန်တဲ့ (၁၅)ရက်ကို သမီးလေး အတွက် အချိန်ပေးမယ်လို့ ဆိုလာ လေရဲ့။ ဒါဟာ မိခင်တစ်ဦးရဲ့ မေတ်္တာပိုင်းအစကို လှစ်ဟပြတာ လို့ သူမပရိသတ်တွေက သုံးသပ် နေကြတယ်။
ဖြူဖြူကျော်သိန်း
တစ်ခွေလုံး တစ်ပုဒ်မကျန် ကိုယ်ပိုင်သံစဉ်တွေချည်း ဆိုထား လေတော့ ဂုဏ်ယူနေကြလေရဲ့။ မိန်းကလေးတစ်ယောက် အသည်း ကွဲနေတယ်လို့ ခေါင်းစဉ်ပေးထား တဲ့ အဲဒီကိုယ်ပိုင်သံစဉ် တေးစုကို ပရိသတ်တွေတော့ မသိ၊ သူမ ကိုယ်တိုင်စိတ်ဝင်စားနေတယ်လို့ လည်း ဆိုပါတယ်။




Vol-3,No-141
Vol-3,No-140
Download
July 3, 2012
Home, အင်တာဗျူး