ရေကို ချွေတာပါ။
လျှပ်စစ်ကို ချွေတာပါ။
စွမ်းအင်ကို ချွေတာပါ။
အပေါ်က စာလေးသုံးကြောင်း ဖတ်ပြီး ဆရာဆောင်းကို အမြင်မစောင်း ကြပါနဲ့ဗျာ။
လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀)ကျော်၊ ဆရာဆောင်းတို့ အလယ်တန်းကျောင်း သားဘ၀တုန်းက ဟင်္သာတမြို့ မင်္ဂလာ ညွန့်ရုပ်ရှင်ရုံမှာ ရုပ်ရှင်ကားမပြခင် ပြည်သူတွေကို လိုက်နာစေချင်လို့ အဲဒီ တုန်းက အစိုးရမင်းများက စည်းရုံးလှုံ့ ဆော်တဲ့စာကြောင်းလေးသုံးကြောင်းပါ။
မြန်မာမှုမှာကတော့ ““ချွေတာစု ဆောင်း၊ သူဌေးလောင်း””လို့ ဆိုသကိုးဗျ။ ပြည်သူပြည်သားတွေ ချွေချွေတာတာ စုစုဆောင်းဆောင်း လုပ်ကြလျှင် လူတိုင်း သူဌေးဖြစ်မယ်ပေါ့နော်။
မြန်မာမှုကလည်းဆို၊ ခေတ်အဆက် ဆက်အစိုးရများကလည်းဆို၊ လူကြီးမိဘ ဆရာသမားများကလည်းဆို၊ အိမ်က မဒမ်ဆောင်းကလည်းဆို၊ ၀ိုင်းပြီးချွေတာ ခိုင်းလိုက်ကြတာ အခု အသက် (၅၅)နှစ် အထိ ဆရာဆောင်းကနေ ချွေတာ ဆောင်းလို့တောင် အမည်ပြောင်းရမလို ဖြစ်နေပြီဗျ။
လူတစ်ယောက်၊ မိသားစုတစ်စုမှာ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် နေ့ စဉ်လိုအပ်တဲ့အစာ၊ အာဟာရ၊ ရေ၊ စွမ်း အင်အချိုးကျ သတ်မှတ်ထားတာတွေကို ဆရာဆောင်းလေ့လာမှတ်သားဖူးသဗျ။
ခုကာလကျတော့ ရှုတဲ့လေတောင် သန့်စင်မှု ဘယ်လောက်ရှိရမယ်ဆိုတာ စံနှုန်းတွေ သတ်မှတ်လာကြတာ တွေ့ရ တယ်ဗျ။ မနေ့တစ်နေ့ကတင် ပီကင်းမြို့ လေထုတိုင်းတာရေး နည်းစနစ်နဲ့ ကိရိယာ တွေ ပြောင်းဖို့လုပ်ရတာ ဖတ်လိုက်ရပါ သေးတယ်။
ဆရာဆောင်းတို့ မြန်မာလူမျိုးတွေ မှာ အဆင့်မီ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ် ရည်ဉာဏ်သွေးရနိုင်ဖို့ လိုအပ်တဲ့ အစာ အာဟာရ၊ ရေ၊ လေ၊ စွမ်းအင်၊ သဘာဝ ပတ်ဝန်းကျင်အနေအထားတွေ ရခဲ့ပြီ လားဗျာ၊ ရနေပြီလားဗျာ။
ဆရာဆောင်းမဖြေရဲပါ။
ရှေးရှေးမြန်မာကြီးများထက် ကိုယ် ခန္ဓာတည်ဆောက်မှု ကြီးလာသလား၊ တန်းတူလား၊ သေးသွားသလား။
ဉာဏ်ရည်ဉာဏ်သွေး၊ ကိုယ်ရည် ကိုယ်သွေးအခြေအနေကကော။
လူနည်းစု၊ လူတန်းစာတစ်ခုလောက် ကပဲ ပြည့်ပြည့်ဖြိုးဖြိုး၊ တုတ်တုတ်ခိုင်ခိုင်၊ သန့်သန့်ရှင်းရှင်း၊ရောဂါဘယကင်းကင်း နဲ့ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေး တွေ တိုးတက်နေသလား။
လူအများစုအခြေအနေကကော ဘယ်လိုရှိလဲ။
ဆရာဆောင်းတို့ အဘိုးအဘွား တွေခေတ်ကထက် အဖေအမေတို့ခေတ် မှာ အလုပ်ပိုလုပ်လာကြတာ အမှန်ပဲဗျ။
အဖေအမေတို့ ခေတ်ထက် ဆရာ ဆောင်းတို့ခေတ်မှာ အိမ်ရှိလူကုန် အလုပ်လုပ်လာကြတယ်ဗျ။ ကျောင်းနေ တဲ့ ကျောင်းသား/သူတွေနဲ့ အလုပ်လုပ်ချင် လျက်နဲ့ လုပ်ခွင့်မသာတဲ့ ပညာတတ်၊ ပညာမတတ်အလုပ်လက်မဲ့လေးတွေက လွဲလျှင်ပေါ့ဗျာ။
အဘိုးအဘွားတွေခေတ်က တစ် အိမ်ထောင်မှာတစ်ယောက်အလုပ်လုပ် လျှင် အဖေတို့အမေတို့ခေတ်မှာ တစ် ယောက် (သို့) နှစ်ယောက်လုပ်လျှင် တစ်မိသားစုလုံး စားနိုင်သောက်နိုင်တဲ့ အပြင် လူတစ်လုံးသူတစ်လုံးလည်း နေ နိုင်ကြတယ်ဗျ။
ဘယ်သာရေးနာရေးမဆိုလည်း ညဥ့်အိပ်ညနေ စုစုရုံးရုံး သိုင်းသိုင်းဝိုင်းဝိုင်း ရယ်ကြမောကြ၊ငိုကြယိုကြ၊ ရှေးဟောင်း နှောင်းဖြစ် စည်းစည်းလုံးလုံး ပြောကြဆို ကြ နေလို့ရကြသဗျ။
ဆရာဆောင်း တက္ကသိုလ်တက်တဲ့ အထိ အဖေနဲ့အစ်ကို့လုပ်စာက ကျန်တဲ့ လူတွေကျောင်းထားနိုင်သလို ဆရာ ဆောင်းတောင် တစ်လ၅၀၀ိ အထိ ပို့ ပေးလို့ တောသူဌေးသားလေးလို ခပ်ကြွကြွ နေခဲ့ရတယ်ဗျ။
ဒီဘက်ခေတ်ရောက်လာတော့ ဆရာဆောင်းမိသာစုအပါအ၀င် အတော်များများဟာ တစ်ယောက်နှစ် ယောက် အလုပ်လုပ်လို့ စားဖို့လောက် တောင် မလုံလောက်တော့ဘူး။ဖြစ်လာ ကြတယ်။ ပါးစပ်လှုပ်တဲ့လူတိုင်း လက် လှုပ်မှ ဖြစ်လာကြတယ်ဗျ။
ဆရာဆောင်းအပါအ၀င် လယ် သမား၊ အလုပ်သမားဝန်ထမ်းတွေ အားလုံး အိမ်ရှိလူကုန် သူတို့ပြောသလို နေ့မအားညမနား လုပ်ကြတဲ့ ကြားက လူတစ်ယောက်လိုအပ်တဲ့အစာအဟာရ၊ ရေ၊ လေ၊ စွမ်းအင်၊ သဘာ၀၀န်းကျင် အနေအထား ရကြရဲ့လားလို့ တွေးနေမိ ပါတယ်။
ကြိုးကြိုးစားစား၊ ရိုးရိုးသားသား လုပ်နေကြလျက်နဲ့ မလောက်ငခြင်း၊ ကြွေးတင်ကြခြင်း၊ ဆေးမကုနိုင်ကြခြင်း၊ သာရေးနာရေးအချိန်မပေးနိုင်တော့ခြင်း၊ မိသားစုဆွေမျိုးနွေးထွေးမှု နည်းလာရ ခြင်းတို့က ဘယ်အကြောင်းတွေကများ ပြဋ္ဌာန်းသတ်မှတ်လိုက်လို့ပါလိမ့်ဟု ဆရာ ဆောင်း အတွေးဆန့်နေမိပါတယ်။
ချွေချွေတာတာနေကြပါတယ်ဗျာ။
မီးမလာလို့ဖယောင်းတိုင်ဖိုး မတတ် နိုင်တော့လည်း လမင်းကြီးနဲ့ ကြယ်တာ ရာတွေ အဖော်ပြု ၊ ကျေးလက်၊ မြို့ပြ ကဗျာတွေ စပ်ကြလို့ပေါ့။
လမသာ ကြယ်မလက်တော့လည်း တွံတေးသိန်းတန် ပိုးစုန်းကြူးလေးနဲ့ပေါ့ ချွေတာပါတယ်။
ရေမလာဘူးလား
မျက်နှာကို စွပ်ရုံသစ်တယ်ဗျာ
ရေကိုခွက်ရေနဲ့ ချိုးတယ်ဗျာ
ဘုရားသောက်တော်ရေခွက်တောင် (၃)ခွက်ကနေ (၁)ခွက်ပဲထားတယ်ဗျာ-
အ၀တ်အစားလဲဗျာ၊ လေဘေး ထည်တွေပဲ အားကိုးနေကြတော့ မြို့ပေါ်၊ ရွာပေါ်ကြည့်လိုက်လျှင် နိုင်ငံတကာ ကလာသလား ထင်ရသေးသဗျ။ ချွေတာ နေကြတာကို ပြောပါတယ်။
ဆရာဆောင်းတို့ပြည်သူအများစု ဟာ ကိုယ့်အလုပ်ကိုယ် အားစိုက်ပြီး လုပ် နေကိုင်နေရင်းကြားကနေ ကြွေးကင်းသူ နည်းသားလားဗျ။
ရိုးမတခိုသာစေလိုလို့ဘယ်သူမှ သစ်တစ်ပင်သွားမလှဲတဲ့ကြားက ဦးခေါင်း ပြောင်ပြောင်တောင်ကတုံးတွေကြောင့် မိုးခေါင်၊ ရေကြီး၊ မြေပြို၊ မုန်တိုင်းတိုက်၊ အပူမြင့်၊ အအေးလွန်ဒဏ်တွေလည်း ခံနေရသေးတယ်ဗျာ။
မြေအောက်သယံဇာတဆိုလို့လည်း အိမ်တိုင်တူးတာကလွဲလို့ မနှိုက်ခဲ့ကြပါ ဘူးဗျာ။
ဘာဖြစ်လို့များ သောင်ထွန်း၊ ကမ်းပါး ပြို၊ ရေမသန့်၊ ခဲဆိပ်သင့်ဒဏ်တွေကို ခံ နေရပါလိမ့်မဗျာ။
ဟော ဆရာဆောင်းတို့မှာ တစ် မိသားစုချင်းကြွေးအတွက် စိတ်ပူနေတုန်း ရှိသေး၊ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးက ပြည်ပကို ပေးရန်ကြွေးမြီ ဘယ်လောက် ဆိုးပြီး ကြေညာလိုက်တော့ မဒမ်ဆောင်း ရေ သွေးပေါင်ကျဆေးပေးစမ်း၊ ညည်း ရော သားသမီးတွေကော ထမင်း၊ ဟင်း လျှော့စား၊ ရေလျှော့သောက်၊ လျှော့ချိုး ချွေချွေတာတာ ထပ်လုပ်ကြ။
လေကိုတော့ ရှုလို့ရတုန်းရှူထား ကြဟ။ နောင်ကို ချွေတာလျှင် ချွေတာ ရဦးမှာ…။
ဆရာဆောင်း(၈၈)



Vol-3,No-140
Vol-3,No-139
Download
July 2, 2012 at 5:27 AM
ဆရာဆောင်း ခင်ဗျား
ဆရာဆောင်းတို. ဘိုးဘွားတွေခေတ်က ငွေကြေးတွေကိုအစိုးရက ဘယ်လိုစီမံ သလဲဆိုတာ ကျွန်တော်တို. မမှီလိုက်တဲ. အတွက်မသိ ခဲ.ရပေမဲ. အဲဒီ အချိန်က ကျွန်တော်တို. မြန်မာနိုင်ငံ ကို တခြားနိုင်ငံက သူတွေ လာရောက် အလုပ်လုပ်ခဲ. ကြတယ်လို.သိရ ပါတယ် ။ အဲဒါဆိုရင် အဲဒီအချိန် က မြန်မာနိုင်ငံဟာ အခုခေတ်
Singapore နိုင်ငံလို အခြေအနေ မျိုးလို. ထင်မိပါ တယ်ခင်ဗျား ။ `
[PDF]
Foreign Currency Units per 1 U.S. Dollar, 1948-2009
ကျွန်တော် ဒီ PDF ဖိုင် မှာ ဖတ်ရ တာအရ ဆိုရင် ရှေးခေတ် American Dollar နဲ. Singapore Dollar ငွေ လဲလှယ်နုန်း သည် အခု ခေတ် American Dollar နဲ. Singapore Dollar ငွေ လဲလှယ်နုန်း နှင်. သိသိသာသာ ကွာခြား မသွားဘူးလို. ထင်ပါတယ် ခင်ဗျား ။
ဒါပေမဲ. ကျွန်တော်တို. မြန်မာငွေ နဲ. Amarican Dollar ငွေ လဲလှယ်နှုန်း သည် ရှေးခေတ် ကာ လနှင်. အခုခေတ်ကာလ မှာတော်တော်လေးကို သိသိသာသာ ပြောင်းလဲ.သွား တာ ကို သိရပါတယ်။
Sigapore လို ရှေးခေတ် နှင်. အခုခေတ် ငွေ လဲနှုန်း သိသိသာသာ မပြောင်းလဲ ရင်
အခုခေတ် Singapore နိုင်ငံသား တွေရဲ. လစာ Singapore Dollar 1800 , 2500 ,3500 တွေ ဟာ နိုင်ငံသားတွေ ရဲ. အသုံး စာရိတ်မှာ လုံလောက်ရင်
ကျွန်တော်တို. မြန်မာနိုင်ငံငွေကြေး မှာလဲ Singapore Dollar ငွေ လိုသိသိသာသာပြောင်းလဲမှုမရှိခဲ.ရင် မြန်မာငွေ 1800 ၊ 2500 ၊ 3500 တွေ သည်တော်တ်ာလေး ကိုလုံလောက်မဲ.ပိုက်ဆံ ဖြစ်မှာ ပင် ဖြစ်ကြောင်း ထင်မြင်မိပါသည် ဆရာဆောင်း ခင်ဗျား
July 2, 2012 at 6:40 AM
ဆရာဆောင်းခင်ဗျား
ဆရာဆောင်းတို. ကျွန်တော်တို. ဘိုးဘွားတွေခေတ် ကမြန်မာနိုင်ငံ သည် အစိုးရက မည်သို.စီမံတယ်ဆိုတာ ကိုမသိရပေမဲ. တခြားနိုင်ငံ ကသူတွေတောင် လာပြီးအလုပ်လုပ်ကြတယ် လို.သိရပါတယ်
ကျွန်တော် ကတော. အခုခေတ် Singapore လိုအနေအထားမျိုးလို. ထင်ပါတယ်ခင်ဗျား
[PDF]
Foreign Currency Units per 1 U.S. Dollar, 1948-2009
ကျွန်တော် ဒီ PDF ဖိုင်မှာ ဖတ် လိုက်ရ တာ အရဆိုရင် ရှေးခေတ်က American Dollar နဲ. Singapore Dollar ငွေ လဲလှယ်နှုန်း တွေ သည် အခုခေတ် ငွေ လဲလှယ်နှုန်း တွေ နှင်.သိသိသာသာပြောင်း လဲသွားတာကို မတွေ. ရပါ ။
ကျွန်တော်တို. မြန်မာငွေ က တော.ရှေးခေတ်ကထက်စာရင် အခုခေတ်မှာ American Dollar ဖြင်.ငွေလဲလှယ်နှုန်း သိသိသာသာ ပြောင်းလဲသွားတယ်လို. ထင်ပါတယ်
Singapore နိုင်ငံ လို American Dollar ငွေ လဲလှယ်နှုန်း သိပ်ပြောင်းလဲ မှုမရှိရင် အခုခေတ် Singapore နိုင်ငံသား တွေရဲ. လစာငွေ Singapore Dollar 1800 , 2500, 3500 တွေသည် သူတို.နိုင်ငံသားတွေ ရဲ. လုံလောက်တဲ.လစာငွေ ဖြစ်နေရင်
ကျွန်တော်တို. မြန်မာငွေ 1800 ၊ 2500 ၊ 3500 တွေ သည် အဲဒီ Singapore နိုင်ငံလိုပဲ လုံလောက်တဲ. လစာငွေ ဖြစ်နေမယ်လို. ထင်ပါတယ်