ရန်ကုန်တိုင်းဒေသကြီး၊တောင် ဥက္ကလာပမြို့နယ်(၁၀)ရပ်ကွက်၊ သုမင်္ဂလာတောင်ဥက္ကလာပရဲစခန်း ရှေ့မှာရှိသည်“့အောင်ရွှေဆိုင်”တွင် ၁၂.၅.၂၀၁၂နေ့၊နေ့လည်၁၂နာရီ ခန့်ကလုယက်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။ရွှေဆိုင်ပိုင်ရှင် ဦးအောင်ထွန်းကအခင်းဖြစ်ပုံကို ပြောကြားခဲ့ရာတွင်ကားတစ်စီးက ဆိုင်ရဲ့လမ်းဟိုဘက်တစ်ခြမ်းမှာရပ် လိုက်တယ်။ပြီးတော့အဲဒီပေါ်ကတစ် ယောက်ဆင်းလာတယ်၊ဆိုင်ထဲကို ရောက်လာပြီးဆွဲကြိုးဝယ်ရန်ကြည့် ကြတယ်။အဲဒီ့မှာတစ်ယောက်က ရုတ်တရက်ယူပြီးထွက်ပြေးသွား ပါတယ်။ဆွဲကြိုးတစ်ကုံးပါသွား တယ်။တစ်သိန်းကျော်လောက်ပဲ တန်ပါတယ်။ဆွဲကြိုးမယူတဲ့တစ် ယောက်ကလမ်းအတိုင်းပြေးပါတယ်။ ဆွဲကြိုးယူတဲ့တစ်ယောက်ကကား ထဲကိုပြေးသွားပါတယ်ဟုပြောသည်။ အောင်ရွှေဆိုင်ပိုင်ရှင်ကိုအောင်ထွန်း ကလုယက်မူ့ဖြစ်ပွားခဲ့ပြီးချက်ချင်း မျက်နှာချင်းဆိုင်မှာရှိတဲ့ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း လည်းပြောပြခဲ့သည်။ယခုလိုလူ စည်ကားသည့်အချိန်အတင့်ရဲစွာ လုယက်တာကိုမခံချင်တာပါဟု ဆိုင်ရှင်ကိုအောင်ထွန်းက မကျေမနပ်ပြောဆိုခဲ့သည်။““တစ်ယောက်ကယူပြီးထွက်ပြေးတာ အဲဒီကောင်ကိုဝိုင်းပြီးဖမ်းတော့အဲ ဒီကောင်ကကားပေါ်တက်ပြေးတယ်။ ကားသမားကိုဝိုင်းတားကြတော့ ကားသမားကဆက်မောင်းတယ်။ရဲစခန်းထိပ်မှာပဲထွက်ပြေးသွားတဲ့ နောက်တစ်ယောက်ကိုပါထပ်တင် ပြီးတော့မောင်းသွားတယ်။ကားသမားဝင်းဇော်ညွှန့်ကအချွန် နဲ့ထောက်တယ်တို့ဘာတို့လျှောက် ပြောတယ်။ဘာအချွန်နဲ့မှ ထောက်တာလဲမမြင်ခဲ့ပါဘူး။ဒါဏ်ရာလည်းမတွေ့ပါဘူး။လုပ်ပုံက တော့ပေါင်းပြီးချတာပါ၊တန်ဘိုးက အဓိကမကျပါဘူး။လုပ်ပုံက ဗြောင်ကျလွန်းတယ်ရဲစခန်းရှေ့မှာ ဗျာ””ဟုပြောခဲ့သည်။အောင်ရွှေ ဆိုင်သို့ဝင်ရောက်လုယက်သူနှစ်ဦး နှင့်ကားသမားမှာအသက်၃၀အောက် လူငယ်များဟုသိရပါသည်။ဆိုင်ရှင်ဦးအောင်ထွန်းမှအဲ့ဒီနေ့နေ့ လည်မှာဘဲတောင်ဥက္ကလာပရဲစခန်း မှာအမှု့ဖွင့်တိုင်ကြားခဲ့ကြောင်းသိရ ပါသည်။
ဥယျာဉ်မှူး



Vol-3,No-140
Vol-3,No-139
Download
May 14, 2012
Home, သတင်း