ဘ၀ရဲ့သရုပ်မှန်ကို ဓမ္မနှင့် ကြည့်မှ မြင်နိုင်မှာ ဖြစ်ပါတယ်။ ဤကဲ့သို့ သိမြင်နိုင်ရန်လည်း အရင်ဆုံး ဓမ္မအသိ ကိုယ့်မှာရှိနေ ဦးမှ ဖြစ်မှာပါ။ “အသိမခက် အ အကျင့်ချက်”ဆိုသကဲ့သို့ သိမှုအ ပိုင်းမှာ မခက်ခဲသော်လည်း ကျင့် ကြံအားထုတ်မှု အပိုင်းတွင်မူ ခက် ခဲနေတတ်တာ သဘာဝပါ။ကိုယ့် ရဲ့အကျိုးစီးပွားတွေကို တစ်နည်း နည်း တစ်ဖုံဖုံဖြင့် ကောင်းကျိုး ဆောင်ရွက်ပေးတာကို ကျေးဇူး လို့ဆိုတာပါ။ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ထိုကဲ့သို့ လုပ် ဆောင်ပေးဖူးသူ မှန်သမျှဟာ “ကျေးဇူးရှင်”ပါပဲ။
ကျေးဇူးသိတာ မင်္ဂလာဟု ဆိုသော်လည်း ကျေးဇူးတရား တွေကိုသိပြီး“ကျေးဇူးတင်ပါတယ်” လို့ ဆိုရုံနေနဲ့တော့ ကျေးဇူးဆပ် ခြင်းမဟုတ်ပေ။ အသိတခြား အ ကျင့်တခြား ဖြစ်နေသရွေ့တော့ ဘ၀ရဲ့အထွဋ်အထိပ်သို့ ရောက် လိမ့်မည်မဟုတ်။ အသိနဲ့ အကျင့် တစ်ထပ်တည်းဖြစ်စေရန် ရည် ရွယ်၍“သိလည်းသိပါစေ၊သိသည့် အတိုင်းလည်း ကျင့်နိုင်ပါစေ””ဟူ သော ဆန္ဒဖြင့် ဤစာအုပ်ကိုရေး သားလိုက်ရတာပါ။
စာမူခွင့်ပြုချက်အမှတ်- ၆၀၀၆၆၂၁၂၁၀
တန်ဘိုး- ၁၀၀၀ ကျပ်
စွန်ရဲနက် (ရွှေမှော်ဝန်း)



Vol-3,No-141
Vol-3,No-140
Download
May 4, 2012
Home, စာလွင်ပြင်