ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ဒေသခံတို့၏ မကျေလည်မှုများ

March 27, 2012

Home, သတင်း

 

 

ထားဝယ်အထူးစီးပွားရေးဇုံ ရေနက်ဆိပ်ကမ်းစီမံကိန်းကို အီတာလျှံ-ထိုင်း ကုမ္ပဏီမှ ၅၁ ရာခိုင်နှုန်း၊ မက်စ်မြန်မာကုမ္ပဏီမှ ၂၅ ရာခိုင်နှုန်းနှင့် အခြားရင်းနှီှးမြှုပ်နှံသူများ ၂၄ ရာခိုင်နှုန်းတို့ ပူးပေါင်း၍စီမံကိန်းကို အကောင် အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ ဒေသခံတို့၏ လယ်ယာမြေများကို သိမ်းဆည်းရယူထားပြီးဒေသခံ များ ရသင့်ရထိုက်သောလျော် ကြေးငွေမှာ ကွဟမှုများဖြစ်နေပြီး တချို့ဒေသခံများမှာ လျော်ကြေး ငွေမရရှိသေးပဲ ကုမ်္ပဏီများ၏ မြေယာများအပေါ်လုပ်ငန်းဆောင် ရွက်မှုများနှင့် တွေ့ကြုံနေရသည် ဟု သိရသည်။
ထားဝယ်အထူးစီးပွားရေးဇုံ ဥပဒေ၏ပုဒ်မ(၃၄)တွင်““ဗဟိုအဖွဲ့ ကခွင့်ပြုထားသည့်ထားဝယ်အထူး စီးပွားရေးဇုံအတွင်းရှိမြေပေါ်တွင် လူနေအိမ်ခြေများ၊အဆောက် အဦများ၊ လယ်ယာဥယာဉ်ခြံမြေ များ၊ သီးပင်စားပင်များ၊ စိုက်ခင်း များ စသည်တို့ကို ပြောင်းရွှေ့ရှင်း လင်းပေးရန်ရှိပါက ယင်းတို့အား ပြောင်းရွှေ့နေရာချထားခြင်းနှင့် လျော်ကြေးပေးခြင်းတို့အတွက် ကုန်ကျစရိတ်များကို ရင်းနှီးတည် ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ် နှံသူက ကျခံရမည်။ ထို့အပြင် ပြောင်းရွှေ့ရသူများအတွက် မူလ အဆင့်အတန်းထက် မနိမ့်ကျစေ ရန်နှင့် ယင်းတို့၏အခြေခံလိုအပ် ချက်များ ပြည့်စုံစေရန်ဆောင် ရွက်ပေးရမည်။ ထားဝယ်အထူးစီး ပွားရေးဇုံ စီမံခန့်ခွဲမှုကော်မတီ သည် အဆိုပါလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သလို ညှိနှိုင်းဆောင်ရွက် ရမည်။”” ဟု ပြဌာန်းထားပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုံ နှင့် မလွတ်ကင်းသည့် ယမင်းကြီး ရွာမှ ဒေါ်လှဝင်းက ““ ဘူဒိုဇာ လာထိုးတာ ညဘက်လာထိုး တော့ သီဟိုဠ်ပင်တွေပါသွား တယ်။ သူတို့ဝန်ခံတာက ၁၆ ပင် ပါသွားတယ်။ လျော်ကြေးပေး မယ်လို့ပြောတယ်။ လျော်ကြေး သွားတောင်းတော့(၇)သိန်း ပေးမယ်လို့ပြောတယ်။ တကယ် သွားတောင်းတော့ (၅)သိန်းပေး မယ်လို့ပြောတယ်။ ကျမ (၈)သိန်း ပေးပါတောင်းတယ်။ ဦးတင် မောင်ဆွေကို သွားပြောတယ်။ သူတို့ထုတ်ထားတဲ့စာရွက်ထဲမှာ သီဟိုဠ်အပင်ကြီး တစ်ပင်ကို (၅၀၀၀၀)ကျပ်ပေးမယ်လို့ပြော တော့ ၁၆ ပင်ကို (၈)သိန်း ရမှာ ပေါ့။ မပေးဘူး။ ၅သိန်းပဲပေးမယ် လို့ပြောတယ်။ မကျေနပ်ဘူး။ တရားစွဲချင်တယ်။”” လို့ ပြောပါ တယ်။
ဒီဒေသမှာ ဖြစ်နေတာတွေ ကအထက်လူကြီးတွေမသိဘဲ အခြေခံအုပ်ချုပ်ရေးက ဒေသခံ တွေအပေါ် တရားလက်လွတ် အမြတ်ထုတ်နေတာကြောင့်လည်း ဒေသခံတွေရဲ့တင်းမာမှုအခြေအနေ မြင့်မားလာရတာဖြစ်ပါတယ်။ထို ဒေသမှာပဲ ပျင်းနီရွာသူမအေးလှ ပြောတာကတော့ ““ပင်လယ်ကမ်း ခြေမှာသီဟိုဠ်ပင်နဲ့ ဇီးပင်တွေ ရှိတယ်။ ဇီးသီးတွေကို မောင်းမ ကန်သွားရောင်းတယ်။ သီဟိုဠ် ချိန်မှာ သီဟိုဠ်စေ့ကောက်ရောင်း တယ်။ ဒီနှစ်ကျတော့ကျမသားကို ရောင်းခိုင်းတာ။ ခြံပြန်ရောင်း မလို့ထိန်ကြီးရွာက ရာအိမ်မှူး ဦးထွန်းဝေကတစ်ဆင့် အဆိုပြု လွှာတင်ပြီး ရောင်းတာ ၂၄သိန်း ရတယ်တဲ့။ ၈သိန်းလာပေးတယ်။ ကျန်တဲ့၁၆သိန်းကငါတို့လွတ်လပ် ရေးပွဲတွေ ဘာတွေလုပ်ထား တာရှိလို့ ငါတို့ယူထားတယ်လို့ ပြောတယ်။ ဒေါ်အေးလှရဲ့သား ကိုမျိုးဝင်းက ““သိန်း (၂၀)ပေးပါ။ (၄)သိန်းတော့ ယူပါဆိုတာကိုမရ ဘူး။ အခုတော့ ကျွန်တော်ဘာမှ မပေးချင်တော့ဘူး။ တိုင်မယ်။ ကျနော်အခုငွေတစ်ပြားမှ လက်မ ခံထားဘူး”” လို့ဆိုပါတယ်။
ထားဝယ်ဒေသခံများနဲ့ သွားရောက်တွေ့ဆုံခဲ့သူ ဦးနေမျိုး ဝေကတော့ သူ့ Facebook ပေါ်မှာ ““နဘူးလယ်ဒေသထိန် ကြီးကျေးရွာမှာ ဦးအေးဖေ- ဒေါ်သီး တို့ရဲ့သီဟိုဠ်ခြံထဲကို ရုပ်ရှင်သရုပ်ဆောင် ဦးလွင်မိုး ကုမ္ပဏီမှ ဘူဒိုဇာများ ညဘက် အထိထိုးဖျက်နေ။ လျော်ကြေး ကိစ္စလုံးဝစကားမပြောသေးပါ”” လို့ ဖြန့်ဝေထားပါတယ်။ အဲဒါကို ဦးလွင်မိုးက ဖုန်းဆက်လာပြီး သူ့ ဆီဖုန်းဆက်လာပြီး သူ့ကုမ္ပဏီမှ လုပ်ဆောင်နေခြင်း မဟုတ် ကြောင်း၊ ညဘက်အလုပ်မလုပ် ကြောင်း ပြောလာသည့်အတွက် ဦးနေမျိုးဝေက ပြန်လည်တောင်း ပန်ဖော်ပြခဲ့ပါတယ်။
အဲဒီနောက်မှာ ဒေသခံ တစ်ဦးဖုန်းဆက်ပြီး ပြောဆိုလာ တာက ဦးလွင်မိုး၏ ငြင်းဆိုချက် မမှန်ကန်ကြောင်းဦးလွင်မိုး ပိုင် Wa Minnကုမ္ပဏီမှ ဘူဒိုဇာနှင့် ထိုးနေခြင်း ဖြစ်ပြီး ဘူဒိုဇာနံပါတ် SD22E၊ ယာဉ်မောင်း အာကာ ဖြစ်ကြောင်း ပြောဆိုလာသော ကြောင့်သိရပါတယ်။
ဦးလွင်မိုးကို ဆက်သွယ်မေး မြန်းကြည့်ရာမှာတော့ ““ ကိုနေမျိုး ဝေကို ပြောလိုက်ပါတယ်။ ညဘက် ကုမ္ပဏီက လုံးဝအလုပ် မလုပ်ပါဘူး။ အကိုတို့ ကုမ္ပဏီ တွေက ထိုင်းကုမ္ပဏီ တစ်ခုဖြစ် တဲ့ Road Link To Thailand ကုမ္ပ ဏီကနေ တဆင့် မြန်မာ ကုမ္ပဏီ ၆ ခုလောက် အပြိုင် တင်ဒါစနစ် နဲ့ ယူပြီး လုပ်ကြရတာပါ။ မြေပုံ ထဲမှာ အစိမ်း၊ အ၀ါ၊ အနီ ခြယ် ထားပြီး အစိမ်းရောင်ခြယ်ထား တဲ့နေရာတွေကတော့ ဒေသခံ တွေနဲ့ လျော်ကြေးကိစ္စလုံးရှင်း လင်းပြီး လုပ်ငန်းလုပ်လို့ ရတဲ့ နေရာတွေပါ။ အ၀ါရောင်ခြယ် ထားတာတွေက ညှိနှိုင်းဆဲဖြစ် ပြီး အနီရောင်ပြထားတဲ့နေရာ တွေက အလုပ်လုပ်လို့ မရသေး ပါဘူး။ အဲဒီအတိုင်းပဲ လုပ်ဆောင် နေပါတယ်။”” ဟု ဖြေကြားပေး ပါတယ်။
ဒေသခံတွေအများစုကတော့ တန်ရာတန်ကြေးရလို့ ပျှော်ရွှင် နေကြပြီး အနည်းစု တစ်ရာမှာ ဆယ်ရောက်သာလျှင် မကျေမ နပ်ဖြစ်နေကြတာပါလို့လည်း ဦးလွင်မိုးကပြောဆိုပါတယ်။ ဦနေမျိုးဝေကတော့ ကိုယ်တိုင် ဒေသခံများနှင့် သွားရောက် တွေ့ဆုံခဲ့ပြီး ““ ဒေသခံတွေရဲ့၊ အရင်းအနှီးတွေ၊ လုပ်အားတွေ၊ အချိန်ကုန်ခံပြီး ထူထောင်ခဲ့ရတဲ့ သီးနှံပင်တွေဟာ အချိန်တန် အရွယ်ရောက်ပြီး စားရမယ့် အချိန် ရောက်ကာမှ အဟောသိ ကံမဖြစ်သင့်ဘူးလို့ သုံးသပ်ပါ တယ်။ မကျေလည်မှု အများစု ဟာ တန်ရာတန်ကြေး မရရှိကြ လို့ဖြစ်ပြီး၊ လျော်ကြေးငွေတွေ အပေါ် ဒေသခံအာဏာပိုင်တွေ ရဲ့ ဖြတ်စား လာဘ်စားလုပ်မှု တွေကြောင့် ဒေသခံတွေ အခုလို ပေါက်ကွဲမှုတွေ ဖြစ်ပေါ်နေတာ ပါ။ တချို့ဒေသခံတွေက ဘိုးဘွား ပိုင်မြေယာတွေကနေ လုံးဝမစွန့် လွှတ်လိုကြောင်း ပြောဆိုနေတာ တွေလည်း ရှိပါတယ်။

 

နောင်တောင်လေး

,

No comments yet.

Leave a Reply

You must be logged in to post a comment.