အိုးဘားမား၏ စစ်ပွဲများ

စာရေးသူ-ဟိန်းလတ်

 

စာမူခွင့်ပြုချက်အမှတ် – ၃၁၀၁၀၈၀၇၁၁

တန်ဖိုး – ၃၀၀၀ ကျပ်

စာရေးဆရာဘော့ဝုဒ်ဝပ်ဒ်ရေးသားထားသော (obama’s Wars) စာအုပ်ကို ဆရာဟိန်းလတ်က “အိုဘားမား၏စစ်ပွဲများ” အမည်ဖြင့် ဘာသာပြန်ရေးသားထားခြင်ဖြစ် သည်။ “ဘော့ဝုဒ်ဝပ်ဒ်”သည်နိုင်ငံရေးစာအုပ်(၁၁)အုပ်ရေးသားခဲ့ပြီး စာအုပ်အားလုံးပင် ရောင်းအား အကောင်းဆုံး စာအုပ်စာရင်းဝင်ခဲ့သည်။ ယခု (obama’s Wars) စာအုပ်သည် ၂၀၁၀ ပြည့်နှစ်ထုတ်နောက်ဆုံးစာအုပ်သစ်ဖြစ်သည်။ “ဤစာအုပ်တွင် အာဖဂန်စစ်ပွဲကို နောက်ခံပြုကာ အိမ်ဖြူတော်မှ အရပ်သားခေါင်းဆောင်မှုနှင့် အမေရိကန်တပ်မတော်တို့ကြားမှ ကိုင်တွယ်ရခက်ခဲသော ၀ိရောဓိများကို တင်ပြထားသည်။ စစ်ရေးအတွေ့အကြုံမရှိသော ငယ်ရွယ်သည် သမ္မတတစ်ဦးက စစ်ဦးစီးချုပ် အဖြစ်တာဝန်ယူရင်း အကြမ်းဖက်ဝါဒကို ဆန့်ကျင်တိုက်ဖျက်ရသည့်အတွင်းကျကျဇာတ်လမ်းများကို ဤစာအုပ်တွင်ဖော်ပြထားသည်။”ဟုဆရာဟိန်းလတ်က အမှာစာ ရေးထားသည်။ မူရင်းစာရေးဆရာ ဘော့ဝုဒ်ဝပ်ဒ်ကလည်း “ ဒီစစ်ပွဲ ရှုံးရင်တော့ အမေရိကန်ဟာ သမိုင်းရဲ့ အမှိုက်ပုံထဲ ရောက်တော့မှာပဲ ” ဟု ပြော ကြားထားသည်။

No comments yet.

Leave a Reply

You must be logged in to post a comment.