ညအချိန်မတော် ပြိုင်ကားတွေ သောင်းကျန်းနေ

March 4, 2012

Home, သတင်း

ယနေ့ည ၁း ၃၀ ခန့်တွင် ပြိုင်ကားသုံးစီး အရှိန်ပြင်းစွာဖြင့် မောင်းနှင်လာ၍ မြေနီကုန်း မီးပွိုင့်သို့ ဖြတ်မောင်းသွားသည်။ အဆိုပါမြင်ကွင်းကို ကြည့်၍ ဒီအချိန်ဆို သောင်းကျန်းကြတယ် ဟု လမ်းမကြီးဘေး မြင်တွေ့ရသူ တစ်ဦးက ပြောသည်။

မြင်တွေ့ နေရသူများ၏ ပြောပြချက်အရ ` အရင်တစ်ခေါက်ကဆိုရင် ဒီမီးပိုင့်ကို ဖြတ်ပြီး လှည်းတန်းဘက်ကိုသွားတာ တစ်စီးက လမ်းပြောင်းပြန် မောင်းတယ်။ တစ်စီးက လမ်းကျော အတိုင်း ယှဉ်ပြီး မောင်းကြတယ်´ ဟုပြောပြသည်။ ပြိုင်ကားများကို လူချမ်းသာ အသိုင်းအ၀ိုင်းမှ သားသမီးများ စီးနင်းကြပြီး ညဘက် သောင်းကျန်း နေခြင်းကို မည်သူမျှ ဟန့်တား ခြင်းမပြုကြကြောင်း ညဘက်ရဲကင်းများရှိသော်လည်း မည်သို့သော ပုဂ္ဂိုလ်၏ သားသမီးမှန်းမသိ မတားဆီးဝံ့ကြကြောင်း ပြောဆိုကြသည်။

 

 

No comments yet.

Leave a Reply

You must be logged in to post a comment.