A A
RSS

အိုအေစစ်လို့ ဆိုလိုက်ပါတယ်နော်

Mon, Feb 20, 2012

Home, ဆောင်းပါး

 

 

တစ်နေ့က မိတ်ဆွေဆရာတစ်ဦးနဲ့ ပုဂ္ဂလိကဘဏ်တစ်ခုကိုအမှတ်မထင်လိုက် သွားခဲ့မိပါတယ်။ ဘဏ်အရှေ့တံခါးဝ ရောက်တယ်ဆိုရင်ပဲ အရံသင့်တခါးဖွင့် ပေးရင်း ““မင်္ဂလာပါ..ဘယ်လိုအကူ အညီမျိုးပေးရပါမလဲရှင်””ဆိုတဲ့ ယဉ်ကျေး ပျူငှာသော နှုတ်ဆက်စကားသံကိုစကြား ရပါတယ်။ မိတ်ဆွေဖြစ်သူက သူလုပ်ကိုင် ဆောင်ရွက်လိုတဲ့ အကြောင်းကိစ္စများ ပြောပြတဲ့အခါ ပြန်လည်ရှင်းလင်းပြော ဆိုရင်း ဆောင်ရွက်ရမည့်နေရာကို လိုက် ပါပို့ဆောင်ပေးခဲ့ပါတယ်။ ပြီးတော့ ““ခဏ လေးထိုင်စောင့်ပေးပါနော်”” လို့ ထိုင်ခုံ ကို ညွှန်ပြပြီး ပြန်ထွက်သွားခဲ့တဲ့အမျိုး သမီးဝန်ထမ်းငယ်ကလေးကိုကြည့်မိရင်း စိတ်ရဲ့အတွေးတွေနောက်မှာတော့။
တကယ်ဆိုရင်ပြည်သူတွေအထဲမှာ အများစုဟာ ဌာနဆိုင်ရာများနဲ့ အတော် များများအဆက်အဆံကျဲလှပါတယ်။ အများစုဟာ ဈေးများ၊ ကျောင်းများ၊ ကုန်တိုက်များ၊စားသောက်ဆိုင်များလောက် နဲ့သာ သွားကျင့်လာကျင့်များပါတယ်။ ဒါ ကြောင့် ရုံး၊ ဌာနများနဲ့ ပတ်သက်လို့အ တော်ကို စိမ်းလှပါတယ်။ ရုံး၊ ဌာနအ ဆောက်အအုံကြီးရင် ကြီးသလို ပိုပြီး မ၀ံ့ မရဲဖြစ်တတ်တာကိုက ဓလေ့လိုဖြစ်နေပါ တယ်။ တစ်ချို့ဆိုရင် ဘာဆိုဘာမှကိုမသိ တာပါ။
မလွှဲသာလို့ရောက်ရပြန်တော့လည်း မပြောတတ်၊ မဆိုတတ်၊ မလုပ်တတ်၊ မ ကိုင်တတ်နဲ့ ယောင်တိယောင်ကန်းဖြစ် ကြပါတယ်။ အများအားဖြင့်တော့ လေး စားရိုသေရမှန်းသိကြပါတယ်။ အဲဒါကိုက မြန်မာ့ဓလေ့စရိုက်တွေထဲက ချစ်စရာ တစ်ကွက်လို့တော့ ဆိုချင်ပါတယ်။ (ကြောက်တာလည်း ပါချင်ပါနေတတ် သေးတယ်။)
““ဘာကိစ္စများရှိပါသလဲခင်ဗျာ။ ဘာ များဆောင်ရွက်ပေးရပါမလဲရှင်””ဆိုတဲ့ စကားများရဲ့ အသံနေ၊ အသံထား၊ မျက် နှာအမူအရာများက ၀င်ရောက်လာသူအ ပေါ်မှာ စိတ်နှလုံးရွှင်လန်းချမ်းမြေ့မှုများ နဲ့အတူ အမောပြေလန်းဆန်းသွားစေပါ တယ်ဆိုတာ အမှန်ပါ။
နားမလည်သော ကိစ္စများအတွက် လမ်းညွှန်ပြသဖေးမကူညီမှုများဟာဘယ် လိုမှ တန်ဖိုးမဖြတ်နိုင်သော နိုင်ငံကြီးသား ပီသမှု အမျိုးကောင်းသား၊ အမျိုးကောင်း သမီးများ ပီသမှု တစ်နည်းဆိုရရင် မြန်မာ့ ယဉ်ကျေးမှုအစဉ်အလာတစ်ရပ်ပါပဲ။
မပြောပလောက်သော အပြုအမူ ကလေးများ ဆောင်ရွက်ပေးမှုများလို့ ဆို ပေမယ့် တကယ့်စစ်မှန် ပြည်သူလူထုရဲ့ ၀န်ကို ထမ်းဆောင်ပြလိုက်တာပါလို့ပြော ပါရစေ။
ဆိုရရင် ပကတိ ရိုးသားစင်ကြယ် သော၊စေတနာပါသော၊ဂါဝရတရားထား သော ဆိုတဲ့ စိတ်စေတနာ အပြည့်နဲ့ပြော ဆို ဆောင်ရွက်နေကြတဲ့ ဒီလိုလူငယ်၊ လူရွယ်ဝန်ထမ်းများကိုတွေ့လိုက်ရတဲ့အ ခိုက်မှာ စိတ်လက်ချမ်းသာစွာ လုပ်ကိုင် ဆောင်ရွက် နိုင်ပါတော့တယ်။ ဘယ် လောက်များမင်္ဂလာကျက်သရေရှိနေမလဲ ဆိုတာ စဉ်းစားသာကြည့်ကြပါတော့။
ဟောက်လိုက်တာ။အကြာကြီးထိုင် စောင့်ခိုင်းထားတာ။ လုပ်ပေးရမယ့်ကိစ္စ မလုပ်သေးဘဲ လက်ဖက်ရည်ဆိုင်ဖက် လိုက်သွားတာ။ နောက်အပတ်မှလာခဲ့ပါ ဆိုတာမျိုးတွေအရင့်အရင်ကြုံခဲ့ဘူးတော့ ဒီတစ်ခါကတော့ကိုယ့်ကိစ္စမဟုတ်ပေမယ့် စိတ်ချမ်းမြေ့မှုတွေရခဲ့ရပါတယ်။အတိတ် ကောင်း၊ နိမိတ်ကောင်းဆိုတာ ဒါမျိုးတွေ ပဲထင်ပါရဲ့နော်..။

 

ဆရာဦးမြင့်အေး(ရူပဗေဒ)

Tags:

Leave a Reply

Breaking News NWH(ကြယ်ကလေး) ကိုကိုဦး ချစ်နိုင်(စိတ်ပညာ) စာလွင်ပြင် စိုင်းလူမင်း စိုးဝင်းနိုင် စွန်ရဲနက် စွန်ရဲနက်(ရွှေမှော်ဝန်း) ဖိုးသိချင် မိုးမြင့်ဆွေ မီဒီယာ မအေးဆေး သတင်း သာမိညောင် အင်တာဗျူး အင်းစိန်-အာယု အမှားပြင်ဆင်ချက် အာရုဏ အာဝါသ အိတ်ဖွင့်ပေးစာ အိတ်ဖွင့်ပေးစာ ဥက္ကာအောင် ဥယျာဉ်မှူး ကျော်စိန် စောကျော်အေး(ပန်းဘဲတန်း) ဆောင်းပါး ဆောင်းအေးချမ်း ဒေါက်တာစိန်စိန်သိန်း ဒေါက်တာထွန်းဝင်း နေမင်းညို နောင်တော်လေး မေဇင်ကို မောင်ကိုကို(အမရပူရ) မောင်ယဿ မောင်သာဗျော မောင်ငွေ မောင်မောင်(စင်ထရယ်) ရွှေကူမေနှင်း လေဗျောက်အိုး အောက်တိုဘာအောင်ကြီး ပြည့်ဖြိုး မြင့်အောင်(နေပြည်တော်) မြတ်ဆွေ နိုင်ငံတကာသတင်း

နောက်ဆုံးထွက် ဂျာနယ် Download

ယခင်တစ်ပတ်ထွက် ဂျာနယ်

Recent Posts

FACES MAGAZINE & ပေဖူးလွှာ

The Hot News ဂျာနယ်သို့ ဆက်သွယ်ရန်

Faces Media Group

Faces Media Group ၏ အထွေးဆုံး စာပေသား
ငယ်ဖြစ်သော The Hot News weekly journal သည်
Vol-1,No.52 တွင် တစ်နှစ်သားပြည့်ခဲ့ပါပြီ။ သားအကြီးဆုံး
Faces မဂ္ဂဇင်း (10)နှစ်ပြည့်၊ သမီးလတ် ပေဖူးလွှာရသစုံ
မဂ္ဂဇင်း(2) နှစ်ပြည့်နှင့် သားငယ် The Hot News Weekly
journal (1) နှစ် ပြည့် သက်တမ်းကို ရောက်ရှိသည့်ထူးခြား
သော နှစ်ဟု ခေါ်ဆိုနိုင်ပေသည်။The Hot News Weekly
journal အနေဖြင့် " Global Thinks, Local Act"ဟူသော
ဆောင်ပုဒ်နှင့်အညီ ခေတ်စနစ်နှင့် လျော်ညီသော ဒေ
သနှင့်ကိုက်ညီ သော နိုင်ငံအရေးတာဝန်များကို စတုတ္ထ
မဏ္ဍိုင်ပီသစွာဖြင့် အများပြည်သူ အကျိုးအတွက် ရဲရဲကြီး
ဟောင်လျက်ပင် ရှိပါသည်။

free counters