မက္ကဆီကိုနိုင်ငံတွင် လိင်ကျေးကျွန်ပြုလုပ်ခံရသူ အမျိုးသမီး ၁၃ ဦးကို ကယ်တင်နိုင်ခဲ့

February 13, 2012

Home, သတင်း

 

 

မက္ကဆီကိုနိုင်ငံတောင်ပိုင်းရှိ အရက်ဆိုင် တစ်ဆိုင်တွင် လိင် ကျေး ကျွန်အဖြစ် အဓမ္မခိုင်းစေ ခြင်း ခံနေရသူ အမျိုးသမီး ၁၃ ဦးအား ကယ်တင်နိုင်ခဲ့သည်။
ထိုအမျိုးသမီးများအနက် အနည်းဆုံးတစ်ဝက်ကျော်မှာ အရွယ်မရောက်သေးသူများဖြစ်ပြီး ၁၀ ဦးမှာ အလယ်ပိုင်း အမေရိက တိုက်မှဖြစ်ကြောင်း ချီယာပါ့စ် ပြည်နယ် အစိုးရရှေ့နေ မီဂွဲလ် ဟာနန်ဒက်စ်ကပြောကြားသည်။ဟာနန်ဒက်ဇ်နှင့်အခြားသော စုံထောက်များက တီအိုပီစကာ မြို့ရှိ အရက်ဆိုင်အား ဖေဖော် ၀ါရီလ ၄ ရက်နေ့တွင် ၀င် ရောက်စီးနင်း ရှာဖွေခဲ့ရာမှ အမျိုးသမီးများအား ကယ်တင် နိုင်ခဲ့ခြင်းဖြစ်သည်။၎င်းတို့သည် အသက် ၄၂ နှစ်အရွယ်ရှိ မန်နေဂျာ မော်ရီဒီ ယာ့စ်အား ဖမ်းဆီးပြီး လူကုန်ကူး မှု၊ ပြည့်တန်ဆာမှုနှင့် အသက် မပြည့်သေးသူများထံမှလာဘ်စား မှုတို့ဖြင့်စွဲချက် တင်ထားသည်။ထိုအမျိုးသမီး ၁၃ ယောက် မှာ ဂွာတီမာလာ နိုင်ငံသူ ၅ ယောက်၊ ဟွန်ဒူရပ်စ် နိုင်ငံသူ သုံးယောက်၊ မက္ကဆီကိုနိုင်ငံသူ သုံးယောက်၊ နီကရာဂွာ နိုင်ငံသူ တစ်ယောက်နှင့် အယ်လ်ဆာဗေ ဒိုနိုင်ငံသူ တစ်ယောက်တို့ဖြစ်ကြ သည်။
အမျိုးသမီးများက ၎င်းတို့ အား အဓမ္မ ဘီယာများ သောက် သုံးစေပြီး ဧည့်သည်များနှင့်လိင်မှု ဆက်ဆံစေကြောင်း၊ ခွင့်ပြုချက် မရဘဲ အရက်ဆိုင်မှ ၎င်းတို့ ထွက်ခွာ သွားခွင့်မရှိကြောင်း ရဲဘက်သို့ ပြောကြားကြသည်။

 

ဥက္ကာအောင်
Source – AP

No comments yet.

Leave a Reply

You must be logged in to post a comment.