အပြန်အလှန်မေတ္တာထားနိုင်ကြရင် ကမ္ဘာကြီးက ငြိမ်းချမ်းပါတယ်ဟု သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ပြော

 

သာသနာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး သရေစည်သူ ဦးဆန်းဆင့်သည် ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇)ရက်နေ့ ယနေ့ မနက်(၁၀း၀၀)နာရီက ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင်မြို့နယ်ရှိ YMCA အခန်းမတွင် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်းသိရှိရသည်။ `ဘာသာမရွေး၊ အသားအရောင်မရွေး၊ အရပ်အနိမ့်အမြင့်မရွေးဆိုပြီး ခွဲခြားမထားသင့်ပါဘူး။ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် မေတ္တာထားနိုင်ကြရင် ကမ္ဘာကြီးက ငြိမ်းချမ်းနေမှာပါ´ဟု သာသနာရေးဝန်ကြီး ဦးဆန်းဆင့်မှ အဆိုပါခရစ်ယာန်ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံစဉ်တွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။သာသနာရေးဝန်ကြီး ဦးဆန်းဆင့်သည် ၂၇.၂.၂၁၁၃ မနက်ပိုင်း ၁၀နာရီတွင် ခရစ်ယာန်ဘာသာဝင်များနှင့်တွေ့ဆုံပြီး ယင်းနေ့နေလည် ၂း၀၀နာရီအချိန်တွင် အခြားသော ဟိန္ဒူနှင့် မူစလင်ဘာသာဝင်များကို သွားရောက်တွေ့ဆုံဖို့ရှိကြောင်း သိရှိရပါသည်။

 

ဖြိုးအောင်

,

No comments yet.

Leave a Reply

You must be logged in to post a comment.