
ကချင်ပြည်နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပြည်နယ်ညီ လာခံကို မြစ်ကြီးနားမြို့ ယုဇန ရပ်ကွက်၊အမှတ်(၆၆၈) ကချင် ပြည်နယ်ရုံးတွင်(၂၅.၂.၂၀၁၃) ရက် နံနက်(၁၀)နာရီ၌ ကျင်းပခဲ့ ကြောင်းသတင်းရရှိပါသည်။ညီလာခံ ကို မန္တလေးတိုင်းညီလာခံကျင်းပ ရေးကော်မရှင်မှတာဝန်ယူကျင်းပ ပေးခဲ့ကြောင်း သိရှိရပါသည်။
ပြည်နယ်ညီလာခံသို့မြစ်ကြီး နားခရိုင်၊မိုးညှင်းခရိုင်၊ပူတာအို ခရိုင်၊ဗန်းမော်ခရိုင်များမှညီလာခံ ကိုယ်စားလှယ်(၃၃)ဦးတက်ရောက် လာခဲ့သည်။ ဒီမိုကရေစီနည်းကျ ကျရပ်ကျေးညီလာခံမြို့နယ်ညီလာ ခံ ခရိုင်ညီလာခံများကိုကျင်းပပေး ခဲ့ပြီး ပြည်နယ်ညီလာခံကိုဆက် လက်ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပါသည်။ ထိုသို့ကျင်းပရာမှ ပြည်နယ်အလုပ် အမှုဆောင်များအဖြစ် ကချင် ပြည်နယ် ဥက္ကဋ္ဌဦးဇော်လွင်၊ဒုဥက္ကဋ္ဌ ဦးမြသိန်း၊အတွင်းရေးမှူးဦးဇော် ၀င်း၊တွဲဘက်အတွင်းရေးမှူး ဦးဝင်း နိုင်၊ဘဏ္ဍာရေးမှူးဦးသန့်ဇော်လတ် သတင်းပြန်ကြားဒေါ်စုစုသိန်းတို့ ဖြစ်ကြပြီး (၁၃)ဦးဖြင့် ဖွဲ့စည်းခဲ့ ပါသည်။ သဘာပတိအဖြစ် ဦး နေ၀င်း၊ဦးဖေစိန်၊ဒေါ်ကြူကြူသန်း၊ ဦးထွန်းကြည်။ဦးဒါရှီလဆိုင်းတို့ အားတင်မြှောက်ပေးခဲ့ကြကြောင်း သိရှိရပါသည်။
ကချင်ပြည်နယ်ညီလာခံကို မန္တလေးတိုင်းညီလာခံကျင်းပရေး ကော်မရှင်မှလာရောက်ကျင်းပ ပေးခဲ့ပါသည်။ကချင်ပြည်နယ်မှ ဗဟိုညီလာခံကိုယ်စားလှယ်များ သည် ရန်ကုန်ဌာနချုပ်သို့ (၇. ၃.၂၀၁၃)ရက် အရောက်သွားကြ ရမည်ဖြစ်ပြီး ဗဟိုညီလာခံကို (၈၊၉၊၁၀)ရက်များတွင်ပြုလုပ်သွား မည်ဖြစ်ကြောင်းသိရှိရပါသည်။
ငြိမ်းချမ်း(MPA)



Vol-3,No-141
Vol-3,No-140
Download
February 27, 2013
Home, သတင်း