ယာဉ်တိုက်မှုများလျော့ကျစေရန် ခရီးသည်တင်ယာဉ်မောင်းများ လစာစနစ်ဖြင့် ပေးရန်စီစဉ်

February 27, 2013

Home, သတင်း

 

ရန်ကုန်မြို့တွင်ဖြစ်ပွားလျက် ရှိသော ခရီးသည်တင်ယာဉ်တိုက် မှုယာဉ်တိမ်းမှောက်မှုအများစု သည် ခရီးသည်တင်ယာဉ်အချင်း ချင်း အပြိုင်အဆိုင်မောင်းနှင်ခြင်း   ကြောင့်ဖြစ်ပွားရသော ယာဉ်တိုက်   မှု တိမ်းမှောက်မှုသည် အများဆုံး ဖြစ်ကြောင်းသိရသည်။
ယင်းကဲ့သို့ သူ့ထက်ငါအပြိုင်   အဆိုင်မောင်းနှင်ရန် တွန်းအား တစ်ခုမှာရရှိသည့် ငွေကြေးအပေါ်  မူတည်၍ ရာခိုင်နှုန်းဖြင့်ပေးသော   စနစ်ဖြစ်သဖြင့် ယာဉ်တိုက်မှု၊တိမ်း မှောက်မှုလျော့ကျစေရန် ယာဉ် မောင်းများအား လစာစနစ်ဖြင့်ပေး  ရန် စီစဉ်လျက်ရှိကြောင်း မထသ   (ဗဟို)မှ ဥက္ကဋ္ဌဦးလှအောင်က ပြောကြားသည်။
““ယာဉ်တိုက်မှုတွေဘာကြောင့်   ဖြစ်လဲဆိုတော့ အခုယာဉ်မောင်း တွေကိုပေးတဲ့စနစ်က အခေါက် ရေရတဲ့ ပိုက်ဆံပေါ်မှာမူတည်ပြီး    တော့ ရာခိုင်နှုန်းနဲ့ပြန်ပြီးတော့ ပေးနေတယ် အဲဒီတော့ယာဉ် မောင်းတွေနဲ့ယာဉ်နောက်လိုက်တွေ က အခေါက်ရေပိုရအောင် အပြိုင် အဆိုင်မောင်းနေကြပါတယ်””ဟု   ပြောကြားခဲ့သည်။
အဆိုပါကဲ့သို့ ယာဉ်မောင်း   များအား လစာပေးသည့်စနစ်နှင့်  ပေးပါက ယာဉ်တိုက်မှုနှင့်တိမ်း မှောက်မှုများလျော့နည်းသွားနိုင် ကြောင်း မထသ(ဗဟို)ဥက္ကဋ္ဌမှ ဦးလှအောင်က ဆက်လက်ပြော ကြားသည်။
““ယာဉ်မောင်းတွေကို လစာ   စနစ်နဲ့ပေးမယ်ဆိုရင် သူဘာသာ အခေါက်ရေဘယ်လောက်ပဲ မောင်းမောင်းလစာပဲရလာမယ်။ နိုင်ငံတကာမှာလဲ ဒီစနစ်ကိုအသုံး ပြုနေကျပါတယ်။ ဒီစနစ်တွေကို  အသုံးပြုမည်ဆိုရင် အပြိုင်အဆိုင်    မောင်းနှင်တာတွေ ခရီးသည်တွေ အလုအယက်တင်တာတွေ အခု ဖြစ်နေတဲ့ယာဉ်တိုက်မှု ယာဉ်တိမ်း  မှောက်မှုတွေလည်း လျော့ကျနိုင်    ပါတယ်””ဟု ပြောကြားခဲ့သည်။
ခရီးသည်တင်ယာဉ်မောင်း များအား လစာဖြင့်ပေးကာ မောင်း  နှင်စေသည့်စနစ်ကျင့်သုံးမည်ဆို ပါက ယင်းစနစ်ဆောင်ရွက်ခြင်း ကြောင့်ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲအကျိုး၊အပြစ်များ အတွက်လည်းကြိုတင်စီမံဆောင် ရွက်သင့်ကြောင့် ခရီးသွားအချို့  ကသုံးသပ်ပြောကြားသည်။

 

ဖြိုးအောင်

,

No comments yet.

Leave a Reply

You must be logged in to post a comment.