
လွန်ခဲ့သော တစ်ပတ်က၊ တိတိ ကျကျဆိုရလျှင် ၁၇-၂-၂၀၁၃ ခု တနင်္ဂနွေနေ့ နေ့လယ်ပိုင်းက အစ္စလာမ် ဘာသာရေးစာသင်ကျောင်းတစ်ခု အဆောက်အအုံဆောက်လုပ်ခြင်းနဲ့ ပတ်သက်ပြီး လမ်းအတွင်းနေ ပြည်သူ များနဲ့ ပြဿနာဖြစ်ပွားခဲ့ပါတယ်။ အဲဒီ ပြဿနာရဲ့ အကျိုးဆက်ကတော့ (၁၉) ရက်ညမှာ လူစုလူဝေးနဲ့ ဈေးဆိုင်အချို့ ဖျက်ဆီးလုယက်ခံရပါတယ်။ နယ်မြေခံ ရဲတပ်ဖွဲ့က သွားရောက်တားဆီးရာမှာ မသမာသူအဖျက်သမားတွေက ရဲတပ် ဖွဲ့ဝင်တွေကို ပြန်လည်ပြီး ရန်ပြုခဲ့ကြလို့ သာလွန်အင်အားရအောင် လုံခြုံရေးတပ် ဖွဲ့ဝင်တွေကို ခေါ်ခဲ့ရပါတယ်။ (၂၀)ရက် မှာတော့ ၀န်ကြီးချုပ်လာရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး အဆိုပါဘာသာရေးစာသင် ကျောင်းကို ယာယီပိတ်ထားလိုက် ကြောင်းသိရပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင် တွေကိုလည်း ကား(၇)စီးပေါ်မှာ တွေ့မြင်ခဲ့ရပြီး ဘာသာရေးစာသင်ကျောင်းရှိတဲ့ လမ်းကိုလည်း ပိတ်ထားတာတွေ့ရပါ တယ်။ လမ်းပေါ်မှာကတော့ ဟိုနားတစ် စု၊ ဒီနားတစ်စုနဲ့ စနည်းနာတဲ့သူတွေနဲ့ ပြည့်နေပါတယ်။ အခြေအနေကတော့ တည်ငြိမ်အေးချမ်းနေပါပြီ။
အခုလိုပြဿနာဖြစ်တာ သာကေ တမြို့နယ်မှာဆိုတာတော့ သိကြမှာပါ။ သာကေတမြို့နယ်မှာတရားဝင်လို့ ပြော လို့ရနိုင်မယ့် အစ္စလာမ်ဘာသာရေး စာသင်ကျောင်း(၉)ကျောင်းရှိပါတယ်။ တရားဝင်လို့ပြောလို့ရနိုင်မယ်ဆိုတော့ တရားမ၀င်တာရှိသေးလားလို့မေးလာရင် တော့ မဖြေပါရစေနဲ့၊ မြို့နယ်ထွေ/အုပ် က ပိုသိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လင်းနို့ခွန်တောင်းတော့ ကြွက်စုတ်၊ ကြွက်စုတ်ခွန်တောင်းတော့ လင်းနို့ဆို သလိုဖြစ်မှာစိုးလို့ပါ။ ရှိတယ်ဆိုတဲ့ (၉) ကျောင်းကတော့ (၁)မ-၂၆၃၊ အနော်မာ (၄)လမ်း (၁)ရပ်ကွက်၊ (၂) မ-၃၁၇၊ မြို့ ပတ်လမ်း(၁)ရပ်ကွက်၊ (၃)မ-၅၀၆၊ အနော်မာ(၁၁)လမ်း (၁)ရပ်ကွက်၊ (၄) မ-၅၁၂၊ အနော်မာ (၁၂)လမ်း (၁)ရပ် ကွက်၊ (၅) မ-၇၅၉၊ ရန်ပြေ(၁)လမ်း (၂) တောင်ရပ်ကွက်၊ (၆) မ-၁၁၂၈၊ မာန်ပြေ (၁၉)လမ်း (၃)ရပ်ကွက်၊ (၇) မ-၇၄၂၊ အောင်မေတ္တာလမ်း (၄)တောင်ရပ်ကွက်၊ (၈) မ-၈၇၂၊ အောင်သပြေ(၁၀)လမ်း (၇)အရှေ့ရပ်ကွက်၊ (၉) မ-၆၆၉၊ ရွှေ အုတ်ဂူ (၅)လမ်း (၈)ရပ်ကွက်တို့ပဲဖြစ်ပါ တယ်။
အဲဒီကျောင်း(၉)ကျောင်းဟာ သူ့ဟာနဲ့သူတော့ ဇာတ်လမ်းလေးတွေ ရှိပါတယ်။ အခုပြဿနာဖြစ်တာက မ-၁၁၂၈၊ မာန်ပြေ(၁၉)လမ်း အနောက် (၃)ရပ်ကွက်ကပါ။ ဒီကျောင်းမဆောက် ခင်ကျောင်းရဲ့အကြောင်းလေးကို အနည်း အကျဉ်းပြောရမယ်ဆိုရင်တော့ အိမ် စောင့်အစိုးရလက်ထက် ၁၉၅၉ ခုမှာ သာကေတမြို့သစ်တည်တော့ နိုင်ငံခြားသား ရှမ်မူဂန်အမည်နဲ့ ပေ ၄၀x၆၀ မြေကွက်ကို မ-၁၁၂၈၊ မာန်ပြေ (၁၉) လမ်း အနောက်မှာ ရရှိခဲ့ပါတယ်။ ရှမ်မူဂန်ကွယ်လွန်တော့ သူ့ရဲ့သား ဘဲလူးနဲ့ ဇနီးဒေါ်အမာကြည် ၄င်းတို့ရဲ့ သားဖြစ်သူ မောင်စောမူဆက်လက်နေ ထိုင်ခဲ့ကြပါတယ်။ ၁၉၆၅ ခု တော်လှန် ရေးကောင်စီလက်ထက်မှာ နိုင်ငံခြားသား ဘဲလူးတို့မိသားစု အိနိ္ဒယကို အပြီးအပိုင် ပြန်ဖို့အတွက် မိုဟာမဒီသင်္ဘောပေါ် တက်တဲ့နေ့မှာ ဘဲလူးနဲ့ ဇနီးတို့သာ ပြန်သွားကြပြီး မောင်စောမူကတော့ ရှောင်တိမ်းပြီး မ-၁၁၂၈ အိမ်မှာပြန်နေခဲ့ ပါတယ်။
ဒီအိမ်မှာ ကြာကြာနေလို့မရမှန်း သိတဲ့မောင်စောမူဟာ(FRC)တွေ မရွှေ့ မပြောင်းနိုင်တဲ့ပစ္စည်းရောင်းခြင်း၊ ၀ယ် ခြင်း၊ ပေးကမ်းခြင်းမပြုလုပ်ရဆိုတဲ့ တော် လှန်ရေးကောင်စီရဲ့အမိန့်ကို ရှောင်လွှဲ လိုတာကြောင့် ၁၉၆၅ ခု (၉)လပိုင်းမှာ (၁၉)လမ်းအရှေ့မှာနေထိုင်တဲ့ ဦးချစ်စိန် ကို ၁၉၆၂ ခု (BACK DATE))နဲ့ စာ ချုပ်ချုပ်ဆို ရောင်းချခဲ့ပါတယ်။ ၁၉၈၂ ခု ရောက်တော့ ဦးချစ်စိန်က အဆိုပါ အဆောက်အအုံကို အိုလမာအဖွဲ့ချုပ်ထံ အပ်နှံခဲ့ပါတယ်။ ၁၉၈၈ ခု နောက်ပိုင်း မှာတော့ ဦးသန်းတင်နဲ့ ဦးကျော်ညွန့်တို့ အဖွဲ့က အဲဒီအဆောက်အအုံမှာ နမာဇ် (၀တ်ပြု)ခြင်းပြုလုပ်ပြီး (၁၅-၄-၉၈)ခုမှာ ဘာသာရေးစာသင်ကျောင်းဆိုင်းဘုတ်ကို တပ်ဆင်လိုက်ပါတယ်။ အဲဒီနေ့မှာ (ရ.၀.တ)က ခေါ်ယူပြီး ပြောလို့နောက် နေ့မှာ ဆိုင်းဘုတ်ကို ပြန်ဖြုတ်ချပေးခဲ့ ပါတယ်။ ဒီလိုနဲ့ ဂရန်တွေထုတ်ပေးချိန် မှာ ဦးသန်းတင်ဟာ သူ့အမည်ပေါက် ဂရန်ရအောင် ပြုလုပ်ခဲ့ပြီး ၁၉၉၉ ခုမျှွာဃ နှစ်ထပ်ဆောက်ဖို့ လျှောက်ထားခဲ့ ပြန်ပါတယ်။ ၂၀၀၁ ခုမှာ စည်ပင်က လူနေအိမ်ပုံစံဆောက်ဖို့ ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ခွင့်ပြုချက်ပုံစံနဲ့ ကွဲလွဲပြီး ဆောက်လုပ်တာကြောင့် ရပ် ဆိုင်းခဲ့ရပြန်ပါတယ်။ အဲဒီလိုနဲ့ ရပ်ကွက် ထဲက လက်သမားနဲ့ နည်းနည်း ဆောက်လိုက် တာဝန်ရှိသူတွေ လာသွား လိုက်၊ နည်းနည်းဆောက် တာဝန်ရှိသူ တွေ လာသွားလိုက်နဲ့ဖြစ်နေရာက ၂၀၁၂ ခုမှာ ကလေး(၇၀)ခန့်ကို ကျောင်း ရှေ့ထွက်ရပ်ခိုင်းပြီး လွတ်လပ်စွာ စာသင် ခွင့်ပြုပါ ဆိုင်းဘုတ်တွေကိုင်ခိုင်းပြီး ဆန္ဒ ပြခိုင်းခဲ့ပါတယ်။ ၂၀၁၃ ခု ဖေဖော်ဝါရီ (၅)ရက်မှာတော့ သံလျင်ကလက်သမား (၇)ဦးရောက်လာပြီး အဆောက်အအုံကို စတင်ဆောက်လုပ်ကြပါတယ်။ စည်ပင် ရဲ့ ခွင့်ပြုချက်နဲ့ (၉-၄-၂၀၁၃)ခုအပြီး ဆောက်ရမယ်လို့ သိရပြန်ပါတယ်။ ဒါပေမဲ့ အဆောက်အအုံကို ညဘက်မှာ ပါ ဆောက်တာကြောင့် ရက်ပိုင်းအတွင်း ရုပ်လုံးပေါ်လာပါတယ်။ အဲဒီလို ဖြစ်လာ တော့ ရပ်ကွက်က သက်ဆိုင်ရာကိုတိုင် ကြားရာကနေ ပြဿနာဖြစ်ကြတာပါ။ အဆောက်အအုံအတွင်းကိုဝင်ကြည့်တဲ့ သူတွေကတော့ နမာဇ်ဖတ်(၀တ်ပြု)ရင် ၀ုဇူ(ဆေးကြောသန့်စင်)ပြုလုပ်တဲ့နေရာ တွေ တွေ့ရတယ်လို့လည်း ပြောကြပါ တယ်။ ဒါကတော့ ဖြစ်စဉ်အကျဉ်းလေး ပါ။
ပြောချင်တာကတော့ စည်ပင်နဲ့သက်ဆိုင်တဲ့ အဆောက်အအုံ ဆောက်လုပ်ခြင်းပါပဲ။ တိုင်းဒေသကြီး အစိုးရအဖွဲ့ဟာ စည်ပင်ကနေ အခွန် အခတွေ အပြည့်အ၀မရဘူးဆိုတာ ဆောက်လုပ်ဆဲ အဆောက်အအုံတွေ စစ်ဆေးတွေ့ရှိလို့ သတင်းစာကြော်ငြာ မှာ ဖတ်ရခြင်းဖြင့် သိသာပါတယ်။ စစ်ဆေးမတွေ့ရှိဘူးလို့ ဆိုနိုင်တဲ့ အဆောက်အအုံတွေလည်း အများကြီး ရှိမှာပါ။ ခိုးဆောက်လို့ရတာမှ မဟုတ် တာ။ တိုင်းဒေသကြီးအစိုးရကိုယ် တိုင်အခွန်တွေရဖို့ ဥစ္စာရင်လို၊ ဥစ္စာရင်ခဲ ပြုလုပ်သင့်ပါပြီ။ စည်ပင်ဝန်ထမ်းတွေ ဟာ အဆောက်အအုံဆောက်မယ့်ဆီကို အုတ်၊ သဲ၊ ကျောက်တင်ပြီးသွားမယ့် ထော်လာဂျီတွေရဲ့ နောက်မှာ စက်ဘီး နဲ့တစ်ပါတည်း လိုက်ပါသွားတယ်လို့ ပြောရင် လွန်မယ်လို့ထင်ကြပါလိမ့်မယ်။ သူတို့ဟာ ဘယ်နေရာမှာ ဘာဆောက် နေတယ်ဆိုတာ သိကြပါတယ်။ မသိ လည်း အုတ်၊ သဲ၊ ကျောက်ဆိုင်က ထော် လာဂျီသမားကို မေးလိုက်ရင်ရလို့ပါပဲ။ အဆောက်အအုံတစ်ခု တရားဝင် ဆောက်မယ်ဆိုရင် အသေးစားလား၊ အကြီးစားလား တိုးချဲ့မှာလား၊ အသစ် ဆောက်မှာလားဆိုတာရှိပါတယ်။ အသေးစားဆောက်မယ်ဆိုရင် မြို့နယ် စည်ပင်အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက်နဲ့ ဆောက်လို့ရပါတယ်။ အခုဘာသာရေး စာသင်ကျောင်းကတော့ မြို့တော်စည် ပင်က ခွင့်ပြုချက်ပေးထားတယ်လို့ သိရ ပါတယ်။ ၃ ပေx၂ ပေ အစိမ်းရောင် ဆိုင်းဘုတ်တင်ထားတာလည်း မရှိဘူးလို့ သိရတော့ အသစ်ဆောက်တာလည်း မဖြစ်နိုင်ပါဘူး။ တိုးချဲ့တာနဲ့ အကြီးစား ပြင်ဆင်တာဖြစ်နိုင်ပါတယ်။ ဒီတော့ မြို့တော်စည်ပင်ကို ဆောက်လုပ်ခွင့်တင် ရင် စာရွက်စာတမ်းတွေလိုပါတယ်။ မြေပိုင်ဆိုင်မှုအထောက်အထား၊ ယခင် တုန်းက ဆောက်လုပ်ခွင့်ပြုထားတဲ့ အမိန့်၊ တာဝန်ခံပြီးဆောက်လုပ်မယ့် အင်ဂျင်နီ ယာရဲ့ တွက်ချက်ထားတဲ့ ပုံစံစသည်ဖြင့် တင်ပြရပါတယ်။ အားလုံးပြည့်စုံမှ စည် ပင်ကခွင့်ပြုတာပါ။ အဲဒီလိုခွင့်ပြုဖို့ အတွက်လည်း အရင်ဆုံး လက်မှတ်တွေ လိုပါသေးတယ်။ ရပ်ကွက်အုပ်ချုပ်ရေး မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ တာဝန်ခံ ဆောက်မယ့် အင်ဂျင်နီယာ၊ ဘေးအိမ် တွေရဲ့ သဘောတူကြောင်း စသည် စသည်လက်မှတ်တွေလိုပါတယ်။ ထူးခြား တာကတော့ ဘာသာရေးအဆောက် အအုံတွေနဲ့ပတ်သက်ရင် သာသနာရေး ဌာနရဲ့ လက်မှတ်လည်း လိုပါသေးတယ်။ သာသနာရေးကတော့ အမှန်တကယ် ပျက်စီးနေတာဆိုရင် မူလပုံစံမပျက် ဆောက်လုပ်ပြင်ဆင်ဖို့ ခွင့်ပြုလေ့ရှိပါ တယ်။ အခုဘာသာရေးအဆောက်အအုံ နဲ့ပတ်သက်လို့ စည်ပင်ကခွင့်ပြုထား တယ်ဆိုရင် စည်ပင်က၀န်ထမ်းတွေဟာ ခွင့်ပြုချက်နဲ့အညီ ဆောက်မဆောက်ကို Check, Recheck, Counter Checkလုပ် ရမှာပါ။ အဲဒါတွေမလုပ်ခဲ့လို့ အခုလို ပြဿနာဖြစ်လားတော့မသိပါဘူး။ တာဝန်ခံဆောက်လုပ်တဲ့ အင်ဂျင်နီယာ မှာ တာဝန်အပြည့်ရှိပါတယ်။ သူတာဝန် ယူဆောက်လုပ်မယ့်အကြောင်း ၀န်ခံ ကတိလက်မှတ်ထိုးထားလို့ပါပဲ။
နောက်တစ်ခုက ဘာသာရေးစာ သင်ကျောင်းလို့ပြောပါတယ်။ တရားဝင် မှတ်ပုံတင်ထားတဲ့ ကျောင်းလား။ ဗလီ မဟုတ်ဘဲ ၀တ်ပြုခွင့်(နမာဇ်)ကို ဘယ်သူတွေခွင့်ပြုထားလဲဆိုတာ မေး စရာပါ။ ဒါ့အပြင် အခြားအနယ်နယ် အရပ်ရပ်ဒေသကလူတွေ တစ်ခြမ်းပဲ့ဗလီ ကိုရောက်ပြီး အဲဒီကနေ စေလွှတ်လိုက် လို့ ဂျမတ်ထွက် (တရားစခန်းဝင်)တယ် ဆိုပြီး ဘာသာရေးစာသင်ကျောင်းတွေ မှာ တစ်ဂျလာ(သတ်မှတ်ထားတဲ့ ရက် ပြည့်)ညအိပ်ညနေ နေထိုင်နေကြတာ ရှိပါတယ်။ လုံခြုံရေးအရ စစ်ဆေးသင့်ပါ တယ်။ ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး ပေါ့။ အခုလိုအချိန်မျိုးမှာ ဘာသာရေး စာသင်ကျောင်းတာဝန်ရှိသူတွေအနေနဲ့လည်း စလဖီဝါဒသမားတွေ အယောင်ဆောင် ပြီး မိမိတို့ကျောင်းကို မရောက်လာ အောင် သတိပြုရမယ့်အချိန်ပါ။
ကုန်းဘောင်ခေတ်က ဘင်္ဂလား သွားမှတ်တမ်းရေးခဲ့တဲ့ ဆရာကြီးဦးနု၊ အာဇာနည်ခေါင်းဆောင် ဦးရာဇတ်၊ ဖက်ဆစ်နယ်ချဲ့တော်လှန်ရေးသမားကြီး ၀မ်းအိုဝမ်းကျော်ဝင်းမောင်၊ ကိုလိုနီခေတ်က ကာတွန်းဆရာကြီး ရွှေတလေး၊ လွတ်လပ်ရေးခေတ်က ဆရာချယ်နဲ့ အခြားဆရာကြီးတွေဟာ အစ္စလာမ်ဘာသာဝင် တွေဖြစ်ပေမဲ့ မြန်မာနိုင်ငံရဲ့ အကျိုးကို တက်ကြွစွာ ဆောင်ရွက်ပေးခဲ့ကြပါ တယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ဟာ မူဆလင်နဲ့ အစ္စလာမ်ဆိုတဲ့ ငြိမ်းချမ်းမှု၊ သနားညှာတာမှု၊ ခွင့်လွှတ် တတ်မှုနဲ့ လိုက်နာ နာခံတတ်မှုစတဲ့ တမန်တော်မိုဟာမက်ရဲ့ လမ်းညွှန်မှုတွေ ကို တိတိကျကျ လိုက်နာခဲ့ကြလို့ပဲ ဖြစ် ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအတွင်း မှာ နေထိုင်ကြတဲ့ အစ္စလာမ်ဘာသာဝင် တွေအနေနဲ့ လူမျိုးနဲ့ ဘာသာအစွဲမထား ကြဘဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် နိုင်ကြပါစေ၊ မြန်မာလူမျိုးဗုဒ္ဓဘာသာဝင် တွေအနေနဲ့လည်း လူမျိုးစွဲ၊ ဘာသာစွဲ မထားဘဲ၊ ဘာသာခြားများအပေါ် တည်ဆဲဥပဒေအရပေးထားတဲ့ အခွင့် အရေးများကို အသိအမှတ်ပြုပေးဖို့နဲ့ တည်ဆဲဥပဒေကပေးထားတဲ့ ဘာသာ ခြားတွေရဲ့ ရပိုင်ခွင့်တွေကို မထိခိုက်စေ ဖို့လည်း လိုအပ်မှာဖြစ်ပါတယ်လို့ တိုက်တွန်းနှိုးဆော် ရေးသားလိုက်ရပါ တယ်။
အယ်ဒီတာတစ်ဦး



Vol-3,No-142
Vol-3,No-141
Download
February 24, 2013
Home, ဆောင်းပါး