
ရုပ်ရှင်ဗီဒီယိုဇာတ်ကားအများစု မှာ အရည်သွေးနှိမ့်သည့်အပြင် ရုပ်ရှင်ဇာတ်လမ်းများမှာ ဇာတ် ကားတစ်ကားနှင့် တစ်ကားဇာတ် လမ်းဇာတ်ကွက်များမှာ တူနေသော ကြောင့် ဗီဒီယိုခွေငှားကြည်သော ပရိသတ်များနှင့် မြန်မာဗီဒီယို အခွေငှားဆိုင်များ မကြာခဏ ပြဿနာဖြစ်နေကြောင်း ခွေငှား ဆိုင်အချို့မှ သိရသည်။
“ဇာတ်ကားတွေက တစ်ကား နဲ့ တစ်ကားဇာတ်လမ်းစဆုံးတူနေ တာ မင်းသား၊ မင်းသမီးပဲ ကွဲသွား တယ်။ ပြီးတော့ တစ်ကားနည်း တစ်ကားတွက်တာ ၂ ရက်လောက် ပဲခြားတာ နှစ်ကားလုံးက အကုန် လုံးတူနေတော့ အခွေငှားကြည့် တဲ့ သူတွေကကြည့်ပြီးသွားပြီဆို ပြီးပြန်လာပေးတယ်မဟုတ်လောက် ပါဘူးဆိုပြီးဆိုင်မှာ အခွေစမ်းကြည် တော့ဇာတ်ကားနာမည်နဲ့ မင်းသား ပဲမတူတာဇာတ်လမ်းက အကုန် လုံးတူနေတာ”ဟု တောင်ဒဂုံမြို့ နယ်ရှီအခွေငှားဆိုင်လုပ်ငန်းလုပ် ကိုင်သူတစ်ဦးက ပြောပြသည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံး မှာ ခိုးကူးခွေနှင်ဆင်ဆာမဲ့အခွေ များကိုသာ ဖမ်းဆီးမှုများပြုလုပ် နေသော်လည်းမြန်မာရုပ်ရှင်လောကတိုးတက် ရေးအတွက်မှာ ဆောင်ရွက်မှုအား နည်းနေကြောင်း အဆိုးဆုံးမှာ ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးများ မှကပြည်တွင်၌ဖြန့်ချိသောဗီဒီယို ဇာတ်ကားများမှာ အရည်သွေးနိမ့် နေသည်အပြင်ဇာတ်ကားတစ်ကား နှင့် တစ်ကားတူနေသည်အပြင် ဇာတ်လမ်းတွင်ပါဝင်သော ဇာတ် ၀င်ခန်းတချို့ကိုလည်း နိုင်ငံခြား ရုပ်ရှင်ဇာတ်ကားများမှ အခန်း များကို ဖြတ်ညှပ်ကပ်ထည့်သွင်း ထားသည်ကိုတွေ့ရကြောင် သိရ သည်။ ၂၀၁၂ ခုနှစ် ဇွန်လ ၂၉ ရက်နေ့ မြန်မာနိုင်ငံရုပ်ရှင်အစည်း ရုံးတွင် ပြုလုပ်ခဲ့သော ခိုးကူးခွေ ပပျောက်ရေးသတင်းစာရှင်လင်း ပွဲတွင် ရုပ်ရှင်အစည်းရုံဥက္ကဋ္ဌက ဦးဇင်းဝိုင်းက မြန်မာရုပ်ရှင်လောက ကျရှုံးနေတာကျွန်တော်သိပါတယ်။ မြှင့်တင်ဖို့လည်း ကြိုးစားနေပါ တယ်ဟုပြောဆိုခဲ့ဖူးသည်။
မျိုးမြင့်



Vol-3,No-144
Vol-3,No-143
Download
February 24, 2013
Home, သတင်း