သက်တန်းနှစ်ပေါင်း (၂၀၀၀) ကျော်ရှိကျောက်တန်းမြို့ ဆင်ကန်ကြီးပြန်လည်တူးဖော်

February 24, 2013

Home, သတင်း

 

 

ရန်ကုန်တိုင်းဒေသကြီး၊ သံလျင်မြို့နယ်၊ ကျောက်တန်းမြို့  ဆင်ကန်ရပ်ကွက်ရှိအများပြည်သူ သောက်သုံးရေကန်ကြီးကို ရွှေမှော်  ၀န်းလူမှုယဉ်ကျေးကူညီရေးအဖွဲ့ မှ ဖေဖော်ဝါရီ (၇) ရက်မှ စတင် က ဒိုက်ပင်များဆယ်ယူရှင်းလင်း   ခြင်း၊ ကောနေသော ကန်မြေများ တူးဖော်ဆယ်ယူခြင်းလုပ်ငန်းများ  ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယင်းဆောင်ရွက်မှုကို ရွှေမှော်ဝန်းလူမှုယဉ်ကျေးကူညီ ရေးအဖွဲ့ကဦးဆောင်၍အကုန် အကျခံဆောင်ရွက်လျက်ရှိပြီး ကျောက်တန်းမြို့နယ်ဌာနဆိုင်ရာ များဖြစ်ကြသော အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်   သာယာရေးကော်မတီနှင့် ဆည် မြောင်းဦးစီးဌာနတို့မှ ကျွမ်းကျင်  သူများကြီးကြပ်၍ ကူညီဆောင် ရွက်ပေးလျက်ရှိသည်။ ထို့အတူ   ကန်ဆည်ယူရာတွင် မြေတူးစက် (၃) စီး၊ မြေညှိစက် (၁) စီး၊ မြေ သယ်ယာဉ် (၁၇) စီးတို့ကို အသုံး ပြု၍ ဂဏန်းကမ္ဘာကုမ္ပဏီနှင့် ဦးစိန်လွင်တို့က ကူညီပံ့ပိုးတူးဖော် ပေးပြီး ကန်ထဲမှထွက်ရှီလာသော မြေကြီးများကို အခကြေးငွေဖြင့် ရောင်းချခြင်းမရှိပဲ မြို့နယ်အတွင်း  လိုအပ်သော နေရာများသို့ အခမဲ့   ပို့ဆောင်မြေဖို့ပေးလျက်ရှိသည်။
အဆိုပါဆင်ကန်ကြီးသည် လွန်ခဲ့သောနှစ်ပေါင်း (၂၀၀၀) ကျော် ပါဒနိုင်ငံမင်းများ လက်ထက်  က ဆင်များရေသန့်စင်ကစားခဲ့ရာ  နေရာဖြစ်ခဲ့သဖြင့် ရှေးဘိုးဘေး များလက်ထက်ကတည်းက ဆင် ကန်ဟုခေါ်ဝေါ်ခဲ့ကြသည်။ ၁၉၆၃ ခုနှစ် မြို့နယ်လုံခြုံရေးနှင့်   အုပ်ချုပ်မှုကော်မတီ (နလက) ဥက္ကဋ္ဌဗိုလ်ကြီးညီပုက ဦးဆောင်  ၍ ဆင်ကန်ရပ်ကွက်တာလမ်း ဘောင်အဖြစ်မိုင်ဝက်ခန့်အရှည်ကို   မြေဖို့ တာပိတ်ခဲ့ပြီးရေလှောင်၍ ရေလွှဲပေါက်၊ ရေတွန်းစက်ရုံတို့ တည်ဆောက်၍ မြို့လူထုအတွက်  ရေပေးဝေနေခဲ့သည်။
ဆင်ကန်ကြီးသည်ရေသိုလှောင်  နိုင်မှု ဧရိယာ (၉၀) ဧကရှိနေပြီး ယခုအခါ (၁၅) ဧကခန့်သည် နှုံးမြေများဖြင့် ကောနေသဖြင့် အနက် (၅) ပေရှိမြေသားများ ဆက်ထုတ်ခြင်း၊ (၂၅) ဧကခန့် ဖုံးလွှမ်းနေသောဒိုက်များကို ဆယ်ယူခြင်းတို့ကိုဆောင်ရွက်ပြီး ပါက လာမည့်မိုးရာသီမှစ၍ ရေသိုလှောင်မှုပမာဏကျယ်ဝန်း  များပြားလာပြီး  ကျောက်တန်း မြို့နေပြည်သူတို့အတွက်သောက် သုံးရေများအတန်အသင့်လုံလောက် စွာပေးဝေသွားနိုင်မည်ဖြစ်ကြောင်း  အသင်းနာယကဦးစိုးဝင်းကပြော ကြားသည်။

 

မိုးမြင့်ဆွေ

,

No comments yet.

Leave a Reply

You must be logged in to post a comment.