ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေမှုထိုင်မှုစိတ်နေစိတ်ထားများကို အများပြည်သူသိစေရန် စာအုပ်ထုတ်ဝေ

February 16, 2013

Home, သတင်း

 

 

လွန်ခဲ့သောအနှစ် (၂၀) ကာလများသည်ဒေါ်အောင်ဆန်း   စုကြည်၏အမှောင်လွှမ်းသော အချိန်များဖြစ်ခဲ့ပါသည်။ ထိုဒီမို ကရေစီလှုပ်ရှားမှုကာလများ၌ ဒေါ်အောင်ဆန်းစုကြည်၏အနား တွင် သဲတစ်ပွင့်အနေဖြင့် ပါဝင်ခဲ့  သည့် “မိုင်္ဃးလင်း (ဖိုးလေး)” ရေးသားသော “သမီးအောင်ဆန်း နှင့် ခြံထဲမှ ကျွန်ုပ်၏မှတ်စာများ”  စာအုပ်မိတ်ဆက်ပွဲအခမ်းအနား ကို ဖေဖော်ဝါရီ (၁၄) ရက်နေ့ တွင် ဗိုလ်အောင်ကျော်လမ်းရှိ HOME CHOUSE of Media & Intertainment) ခမ်းမ၌ ကျင်းပ  ပြုလုပ်သည်။
အဆိုပါအခမ်းအနားသို့ (ဟံသာဝတီ) ဦးဝင်းတင်၊ မောင် မိုးသူ၊ မောင်သွေးသစ်တို့မှ တက် ရောက်၍အမှတ်တရာကားပြော ကြားသည်။ ဦးဝင်းတင်မှ “သူ့ကို ကျွန်တော်မသိပါဘူး။ မြင်လည်း  မမြင်ဖူးဘူး၊ ဒါပေမဲ့ ဖိုးလေးဆိုတဲ့  သူ့နာမည်ကိုကျွန်တော်လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ထဲကကြားဖူး တာပါ။ ဘာကြောင့်လဲဆိုတော့  လွန်ခဲ့သော အစိုးရလက်ထက်က   ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်  ဆန်းစုကြည်အင်္ကျီမပြောနဲ့ စကား  နဲ့တောင်ပြောခွင့်မရှိတဲ့ခေတ်မှာ  သူဟာဗိုလ်ချုပ်နဲ့ ဒေါ်စုရုပ်ပုံပါတဲ့  အင်္ကျီတွေပဲ တစ်လှည့်စီဝတ်ခဲ့ တယ်။ ဒါဟာ ကျွန်တော်လေးစား  ရတဲ့အချက်ပါ။ ဒီနေ့ဟာ စာရေး   ဆရာတစ်ယောက်မွေးဖွားလာတဲ့ နေ့လို့ပဲပြောပရစေ၊ လူတစ်ယောက်  ရဲ့ စစ်မှန်တဲ့သဒ္ဒါတရားနဲ့ လေးစား  မြတ်နိုးဖွယ်၊ ယုံကြည်ကိုးကွယ်တဲ့ ပုံစံနဲ့ ရေးဖွဲ့ထားလို့ကျွန်တော် ၀မ်းသာပါတယ်”ဟု ပြောကြား သည်။
၎င်းင်းစာအုပ်ရေးသားသူဆရာ  ဗိုင်္ဃးလင်း (ဖိုးလေး)မှ “ကျွန်တော် က ဗိုလ်ချုပ်ဝါဒီသမားပါ၊ ဒေါ် အောင်ဆန်းစုကြည်ကိုလည်းလေး စားပါတယ်။ ဒါကြောင့်အမရဲ့ (ဒေါ်စု) နေပုံထိုင်ပုံ၊ စိတ်နေစိတ် ထားတွေကို အများပြည်သူသိ အောင်ရေးပြတာပါ။ ဒီစာအုပ်ထဲ မှာ တပ်မတော်ကြီးက သူ့ကို သွေးခွဲတဲ့လူလို့ပြောတာတွေ၊ နှစ် ပေါင်း ၂၀ ကျော်အကျယ်ချုပ်ချ ထားတာတောင် တပ်မတော်သား တွေအပေါ်မေတ္တာမပျက်ဘဲအလွန် လေးစားတဲ့ စိတ်ထားကိုတွေ့မြင် နိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။
 

ဝင်းကိုကို

,

No comments yet.

Leave a Reply

You must be logged in to post a comment.