ငြိမ်းချမ်းရေးရဖို့အဓိကလို အပ်ကြောင်း ကရင်ပြည်နယ် ငြိမ်း ချမ်းရေးအကျိုးဆောင် ဆိုရှယ် လစ်ခေတ်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဟောင်း ဦးစောဖိုးနီမှ ပြောသည်။
ငြိမ်းချမ်းရေးရမှသာ လမ်း ပန်းဆက်သွယ်ရေး၊ပညာရေး၊ကျန်း မာရေး၊ စိုက်ပျိုးမွေးမြူရေး၊စီးပွား ရေး အားလုံးတိုးတက်မှာဖြစ် ကြောင်း ၎င်းကပြောသည်။
““ဖထီးတို့မော်လမြိုင်မှာ ဦးအောင်မင်းနှင့်ဆွေးနွေးတဲ့ အချက် ၅ချက်ကို စစ်မဖြစ်တော့ ရင် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ရမှာဘဲ””ဟု ၎င်းကထပ်မံပြော ကြားသွားသည်။
ယခုကဲ့သို့စစ်မဖြစ်တော့ဘဲ အပြစ်အခတ်ရပ်စဲသည့်အဆင့်မှ ငြိမ်းချမ်းရေးရသည့် အခြေအနေ အထိ ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ပြိး ပြည်နယ် ပြည်သူများစိတ် လက်ချမ်းသာစွာနေခွင့်ရအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါပုဂ်္ဂိုလ်ကပြောသည်။
““စစ်မဖြစ်တော့ ကိုယ့်ဒေသ ကိုယ်ပြန်နေလို့ရမယ်။တိုင်းပြည် နေပြည်သူလူထုက အပြစ်အခတ် ရပ်စဲတော့ သွားချင်တိုင်းသွား၊ လာချင်တိုင်းလာလို့လိုရ၍ ရဲတင်း တဲ့စိတ်တွေနဲနဲဖြစ်ပေါ်လာပါတယ်”” ဟု ၎င်းမှထပ်မံပြောကြားခဲ့သည်။
အဆိုပါတပ်နှင့်ကရင် လက်နက်ကိုင်တပ်တို့ စစ်ပွဲဖြစ် ပွားစဉ်က အချို့ကရင်လူမျိုးများ သည် တောထဲတောင်ထဲတွင် ပုံး ရှောင်နေရသကဲ့သို့ အချို့စစ်ပြေး ဒုက္ခသည်များသည် ထိုင်းနိုင်ငံ တွင်ထွက်ပြေးပုန်းရှောင်နေခဲ့ရ ကြောင်းသိရသည်။
တူးတူး




Vol-3,No-140
Vol-3,No-139
Download
February 16, 2013
Home, သတင်း