တောင်သူလယ်သမားများအတွက် မိတ်ဆွေကောင်းမရှိကြပြီလော

February 16, 2013

Home, ဆောင်းပါး

 

paddy-field-farmer-305

လက်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း  ၀န်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမြင်လှိုင် က တောင်သူလယ်သမားများ အကြွေး  ကင်းအောင်နေထိုင်နည်းလေးတစ်ခုအကြံ ပြုတင်ပြချက်ကို (7 day new) ၇ ရက် သတင်းဂျာနယ်အတွဲ (၁၁) အမှတ် (၄၇) မှာ ဖတ်လိုက်ရပါတယ်။ ၀န်ကြီးရဲ့ အကြံ  ပြုချက်ကလည်း ရိုးရိုးရှင်းရှင်းလေးပါ။ “တောင်သူလယ်သမားများထမင်းတစ်နပ် လျှော့စားကြပါတဲ့” စာရေးသူအနေနဲ့ ပြည်ထောင်စုဝန်ကြီးရဲ့ အကြံပြုချက်ကို  ဖတ်ပြီ၊ ငိုရမလိုရယ်ရမလိုဖြစ်နေလို့ဒီဆောင်း  ပါးကို ရေးလိုက်ရတာပါ။
စာရေးသူတို့နိုင်ငံက လယ်သမား တွေရဲ့ ဘ၀ကိုပြန်ပြီး လေလာကြည့်မယ်  ဆိုရင် ကိုလိုနီခေတ်ကစပြီး မျက်မှောက် ခေတ်အထိ ခေတ်တစ်ခေတ်စနစ်တစ်ခုရဲ့  အစပိုင်းမှာ တောင်သူလယ်သမားများ အတွက် ကောင်းတော့မယောင်ယောင်ရှိ ခဲ့ပေမဲ့ နှစ်အတန်ကြာလာရင်လယ်သမား   အများစုဒုက္ခပင်လယ်ဝေခဲ့ကြရတာကြီးပါပဲ။ ကိုလိုနီခေတ်ဦးမှာ ကိုယ်ပိုင်လယ်ကိုယ် တိုင်လုပ်တဲ့ လယ်သမားအဖြစ်က ကိုလိုနီ ခေတ်နှောင်းကာလအရောက်မှာတော့ လယ်သမားများ ကြွေးတင်ခဲ့ကြရာမှ တစ်ဆင့်သီးစားဘ၀ရောက်ပြီး လယ်မဲ့ ယာမဲ့ဖြစ်ခဲ့ကြရပါတယ်။ ၁၉၄၀ ခုနှစ် အရောက်မှာလယ်ဟာစိုက်ပျိုးမြေရဲ့ တစ်ဝက်နီးပါးလယ်မလုပ်သူငွေရှင်ကြေး ရှင်များလက်ထဲသို့ရောက်ခဲ့ကြရပါတယ်။ တကယ်တော့ ကိုလိုနီကာလအနှစ် (၁၀၀) ခန့်အတွင်း အနှစ် (၈၀) လောက် ဟာမြေရှင်ကြီးများ၊ ငွေချေးစားသူချစ်တီး များ၊ ဆန်စပါးလုပ်ငန်းရှင်ကြီးများအသင်း၊ ဆန်စက်လုပ်ငန်းရှင်များ၊ ယုတ်စွအဆုံး  အဆင့်ဆင့်သောသီးနှံပွဲစားတို့ရဲ့ မတရား  ခေါင်းပုံဖြတ်အမြတ်ထုတ်အဖိနှိပ်ခံနင်းပြား  ဘ၀ဖြင့်သာလယ်သမားများအသက်ရှင်  နေခဲ့ကြတာပါ။
ပါလီမန်ဒီမိုကရေစီခေတ်ရောက်ပြန် တော့လည်း သီးနှံဈေးနှုန်းများက အဆ မတန်ကျဆင်းခြင်း၊ စားဝတ်နေရေးစရိတ် ကြီးမားလာခြင်း၊ သီးနှံပွဲစားအဆင့်ဆင့်   တို့၏ မတရားခေါင်းပုံဖြတ်အမြတ်ထုတ်မှု  ခံရခြင်း၊ ရောင်စုံသူပုန်တို့အတွက် ဆက်ကြေးမှ အစ တရုတ်၊ ကုလားဈေး  ဆိုင်များမှ ဈေးကြွေး၊ စပါးပေးကြွေးတို့ ကြောင့် ကြွေးပင်လယ်အတွင်းနစ်မြုပ် ခဲ့ကြရပါတယ်။
မဆလခေတ်ရောက်တော့ ပိုဆိုးလာ  ပါတယ်။ တစ်ပါတီအာဏာရှင်စနစ်ရဲ့ အောက်မှာ ဈေးကွက်ရဲ့ တောင်းဆိုချက်   ကိုမျက်ကွက်ပြုပြီး အထက်အမိန့်အရ  ဟူသော စကားတစ်ခွန်းတည်းဖြင့် အရာရာကိုဖန်တီးခဲ့ကြပါတယ်။ အဆင့် ဆင့်သော အာဏာပိုင်တို့ရဲ့ ကိုယ်ကျိုးစီး ပွားရှေ့ရှုကာကွယ်ရေးမူဝါကြောင့် တောင်သူလယ်သမားထုတစ်ရပ်လုံးဟာ အဖိနှိပ်ခံဘ၀ရောက်ခဲ့ရပါတယ်။ ၁၉၇၀ ခုနှစ်လောက်က စတင်ပြီး ၁၉၈၇ ခုနှစ် လောက်အထိ တာဝန်ကျေစပါးဝယ်ယူ ရေးကိုစတင်ခဲ့ကြရတာ နောက်ပိုင်းကာ လများမှာတော့ “တော်လှန်စစ်ဆင်ရေးကြီး” ကို ဆင်နွှဲခဲ့ကြတာကြောင့် လယ်သမား များ လယ်လုပ်နေရပါလျက် ထမင်းငတ်  ခဲ့ကြရပါတော့တယ်။ လယ်သမားအများ စုအနေဖြင့် စားရမဲ့မဲ့သောက်ရမဲ့မဲ့ ဘ၀ ရောက်ခဲ့ကြရပါတယ်။ နိုင်ငံတော်အစိုးရ    ကလည်း ကမ္ဘာ့ပေါက်ဈေးဆက်အဆမတန် နှိမ့်ချပြီး ဈေးနှုန်းသတ်မှတ်ကာ တောင်သူလယ်သမားများထံမှ စပါးကို  အတင်းအကျပ်ဝယ်ယူခဲ့ခြင်း၊ အ၀ယ်ဒိုင်  ၀န်ထမ်းအဆင့်ဆင့်၏မသမာမှုအမျိုးမျိုး နှိပ်စက်မှုကြောင့်လယ်သမားများ ဘ၀ဒုက္ခရောက်ခဲ့ကြရပြန်ပါတယ်။ တောင်သူလယ်သမားများထံမှ ဈေးနှိမ် ၀ယ်ယူပြီး နိုင်ငံတော်အစိုရအနေနဲ့ လယ်ယာမှစထုတ်ယူသွားတဲ့ အရင်းအနှီး များကို အဆင့်ဆင့်တာဝန်ရှိပုဂ်္ဂိုလ်များ၏  အဂတိလိုက်စားမှု၊ လွဲမှားသော စီမံခန့်ခွဲ မှုများကြောင့် နိုင်ငံတော်အတွက်အကျိုး မဲ့ဆုံးရှုံးနစ်နာမှုများကြုံရပါတယ်။
န၀တ၊ နယက ခေတ်တွင်လည်း မဆလခေတ်က အမြစ်တွယ်လာခဲ့သော ၀န်ထမ်းအဆင့်ဆင့်၏အဂတိလိုက်စားမှု ကြီးကလည်း အားကောင်းမောင်းသန် အလွန်အမင်းကြီးထွားလာသည့် အလျောက် လယ်သမားများအတွက် အကာအကွယ်မဲ့တဲ့ ဘ၀ကိုရောက်ခဲ့ရပါ တယ်။ ကျေးလက်ဒေသအနှံ့အပြားပေါ် ပေါက်လာသော လောင်းကစားလုပ်ငန်း  များ အဆမတန်ကြီးမားလာခြင်း၊ အရက်ဆိုင်များပေါပေါများများပေါ်ပေါက် လာခြင်း၊ အလုပ်အကိုင်များရှားပါးလာ  ခြင်းတို့သည့်ကျေးလက်လူထုကိုဆင်းရဲ တွင်းနက်စေခဲ့ခြင်းဖြစ်ပါတယ်။
လက်ရှိအစိုးရခေတ်တွင်လည်း တောင်သူလယ်သမားများအတွက် အကာအကွယ်မဲ့နေဆဲပဲ ဖြစ်ပါတယ်။ သီးနှံဈေးနှုန်းများကျဆင်းမှု၊ ရာသီဥတု  ဖောက်ပြန်မှု၊ လယ်ယာလုပ်သားရှားပါး မှုနဲ့ လုပ်ခဈေးနှုန်းများမြင့်တက်လာမှု၊ လယ်ယာသွင်းအားစုများ ဈေးနှုန်းမြင့် တက်လာမှုနဲ့ အရည်အသွေးဆိုင်ရာအာ မခံချက်ကင်းမဲ့မှု လယ်သမားအကွက်ဆင်း  ရဲမှုကို နက်နက်ရှိုင်းရှိုင်းပေါ်ပေါက်စေခဲ့ပါ တယ်။
ထိုအခြေအနေသည်လယ်သမားများ ကြောင့် ကြွေးတင်ရသည်မှာ မဆန်း တော့ပြီ။ ကြွေးမဆပ်နိုင်မီသေဆုံးပါက နောင်ဘ၀တွင် အကုသိုလ်အကျိုးဆက်  ကိုဆက်လက်ခံစားကြရမည်ကို လယ်သ မားများမသိမဟုတ်သိပါ၏။ အခု ပြဿနာ  က လက်ငင်းပြဿနာ၊ လယ်သမားများ  လယ်လုပ်နေရပါလျက် ထမင်းဝအောင်  မစားရသူများရှိနေပြီ။ အသားဟင်း၊ ငါးဟင်းကို တစ်လတစ်ကြိမ်လောက်စား နိုင်တဲ့ လယ်သမားကို လယ်သမားသူဌေး   ဟုခေါ်ကြရမှာဖြစ်ပါတယ်။ လူများစုက ငပိရည်နဲ့ တို့စရာနပ်မှန်အောင်မစားနိုင် ကြပါ။ ကျေးလက်ပြည်သူလူထုအချက် ငပိရည်နဲ့တို့ စရာကို မှန်မှန်စားရရင်ပင် လောကနိဗ္ဗာန်ရောက်ပြီဟုပြောနိုင်ပါ တယ်။
ဒီနေရာမှ စကားစပ်မိလို့စာရေးသူ ကိုယ်တွေ့လေးတစ်ခုကိုတင်ပြချင်ပါတယ်။  စာရေးသူအသက် (၁၃) နှစ်သားအရွယ် ကပါ။ အဖေကျန်မားရေးမကောင်းသဖြင့် ဒီဇင်ဘာကျောင်း (၁၀) ရက်ပိတ်ချိန် စာရေးသူကရွာပြန်ပြီးပြောင်းစိုက်ခင်းတို့၊ ကြက်သွန်စိုက်ခင်းတို့ကိုထွန်ယက်ရပါတယ်။  နံနက် (၄) နာရီအိပ်ရာမှထ၊ ထမင်းကျန်  ကိုဒယ်အိုးထဲထည့်၊ မီးဖိုပေါ်တင်၊ ဆီမပါ တော့ အရပ်အခေါ်၊ ထမင်းလှော်ပေါ့။ အဲဒါလေးစားပြီး နေအိမ်ကနေ (၂) မိုင် လောင်ဝေးတဲ့ ကိုင်းထဲ ဆင်းပြီးထွန် ရေးငင်ရပါတယ်။ နံနက် (၅) နာရီလောက်  ကတည်းက စလိုက်ရတာ (၁၁) နာရီ လောက်မှထွန်ဖြုတ်ရပါတယ်။ နွားစာ အတွက်ဆက်ရိတ်ရတော့ (၁၂) နာရီ လောက်မှ ထမင်းစားရပါတယ်။ ထမင်းရဲ့   အရသာကို အဲဒီအချိန်ရောက်မှ သိခဲ့ရ တာပါလို့ပြောရင် လွန်မယ်မထင်ပါဘူး။ စာရေးသူတို့စားခဲ့ရတဲ့ဆန်က အစွမ်းကုန် ကြမ်းလှတဲ့ ငစိန်ဆန်ပါ။ အကယ်၍များ ထမင်းအေးနေချိန်စားမယ်ဆိုပါက ဘေး တွင် ပုဆိန်ချပြီးစားရမလားဟုပင်ပြော  ရမလောက်မာတဲ့ ထမင်း။ ဒါပေမဲ့ ဆန် ကြမ်းလေလေ၊အဆာခံနိုင်လေလေမို့ကြမ်း  နိုင်သမျှ ကြမ်းသည် ဆန်ကိုသာရွေးချက်  စားသုံးကြခြင်းဖြစ်ပါတယ်။ ထိုအချိန်က စာရေးသူဟာ ထမင်းတစ်နပ်ကိုဆန်နို့ဆီဘူး (၂) လုံးချက်လောက်ခတ်လွယ်လွယ်စား နိုင်ပါတယ်။ အဲဒီတစ်ရက်ကတော့ ဘာကြောင့်မှန်းမသိပါဘူး။ စာရေးသူတို့  သားအဖနှစ်ယောက်အတွက်ဆန်နို့ဆီဘူး (၄) လုံးခွဲချက်ထားပါတယ်။ အဖေက နေမကောင်းသဖြင့် (၁၂) နာရီလောက် စာရေးသူထမင်းစားချိန်မှာ အဖေက ထမင်းမစားသေးပါဘူး။ ငပိရည်အဖြူ ထည်၊ ငရုပ်သီးမှုန့်မရှိသဖြင့် ငရုပ်သီး ခြောက်ကို ကိုက်စားရပါတယ်။ တို့စရာ  က ခြံစည်းရိုးက သပွတ်ညွှန့်ကို ခူးပြီး သရက်သီးခြောက်နဲ့ပြုတ်ထားပါတယ်။ ချဉ်ပြုံးပြုံးအရသာ သပွတ်ညွှန့်ပြုတ်၊ ငပိ ရည်နဲ့ စားရတဲ့ထမင်းဟာ စာရင်းစာရင်း  အရသာရှိလိုက်တဲ့ဖြစ်ခြင်း ထမင်းလုတ် သာတစ်လုတ်ပြီးတစ်လုတ်ဗိုက်ထဲဝင်သွား တယ်။ ၀တယ်ကိုမရှိပါဘူး။ အဖေအတွက် အားနာ၍သာ ဆန်နိုဆီဘူးတစ်ဝက်ချက်  လောက်ချန်ထားလိုက်ရတယ်။ ဆက်စား မယ်ဆိုပါက ဆက်စား၍ ရနိုင်သေးတဲ့ အချိန်ပါ။
လယ်သမားတွေအတွက် ထမင်းက လွဲပြီး တခြားမုန့်ပဲသရေစာဝယ်မစားနိုင် ကြပါဘူး။ ထမင်းကိုပဲအားပြုစားကြရ တာပါ။ ဒီထမင်းကိုမှ အနပ်ပြည့်အောင် မစားရရင်တော့ အလုပ်လုပ်နိုင်ဖို့ခက်လှ ပါတယ်။ ပြည်ထောင်စုဝန်ကြီးပြောတဲ့  အတိုင်းစာရေးသူတို့လယ်သမားတွေ တစ်နပ်လျှော့စားပါပြီတဲ့။ ပျမ်းမျှလူတစ် ယောက်ဆန်နို့ဆီဘူး (၂)လုံး ငပိရည်၊ တို့စရာ တန်ဖိုးစုစုပေါင်းမှ ကျပ် (၂၀၀) ထက်မပိုနိုင်ပါ။ မြန်မာနိုင်ငံ၏ ပျမ်းမျှ အိမ်ထောင်စုအရွယ် (၅) ယောက်နဲ့ချက် ပါက တစ်အိမ်ထောင်စုအတွက်အနေ ကျပ် (၁၀၀၀) စု မိတယ်ထားပါ။ ကလေးငယ်တွေ အမှန်တကယ်အလုပ် လုပ်ရတဲ့ လူတွေအတွက် မစားဘဲဘယ်နည်း နဲ့မှ မနေနိုင်ပါဘူး။ လယ်သမားများအပါ အ၀င်ကျေးလက်နေပြည်သူလူထုအားလုံး အတွက် အဟာရဓာတ်ပြည့်ဝရေးဆိုတဲ့ စကားလုံးကိုအိပ်မက်ထဲမှာတောင်ထည့် မမက်ခဲ့ကြပါဘူး။ အသက်ရှင်ရုံစားနေရ ရင်ပဲ ကျေနပ်နေကြရတဲ့ လူတွေ ဒါလေးမှနပ်ပြည့်အောင်မစားရရင်တော့  သေဖို့သာ ရှိပါတော့မယ်။
ပြည်ထောင်စုဝန်ကြီးကိုအကြံပြုချင် တာလေးတစ်ခုတော့ရှိပါတယ်။ အကယ် ၍များ ၀န်ကြီးအနေနဲ့ မြန်မာကျေးလက် လူဦးရေကိုလျှော့ချလိုတဲ့ ဆန္ဒရှိရိုးမှန် ရင်ဒီနည်းလမ်းအလုပ်ဖြစ်နိုင်ပါတယ်။ ကျေးလက်လူဦးရေကို လျှော့ချဖို့မရည် ရွယ်ရင်တော့ ဒီနည်းလမ်းမသုံးသင့်ပါဘူး။
စာရေးသူတို့လယ်သမားတွေထဲမှာ  စည်းမရှိကမ်းမရှိသုံးကြစွဲကြတဲ့သူတွေ၊ လောင်းကစားလုပ်တဲ့လူတွေ အရက်သေ စာသောက်စားကြတဲ့လူတွေရှိကြပါတယ်။ နိုင်ငံတော်အစိုးရအဆက်ဆက်ကျေးလက်  ကို လျစ်လျူရှုခဲ့ကြတဲ့ ပေါ်လစီတွေဟာ ကျေးလက်ကိုဒုက္ခရောက်စေခဲ့တာပါ။ အထူးသဖြင့် ကျေးလက်ဒေသတွေမှာ တရားဥပဒေစိုးမိုးမှုမရှိတာ လယ်သမား  တွေကို အသိပညာမပေးနိုင်တာ တနည်း ပြောရရင်လယ်သမားများကို တိုးတက်တဲ့ အတွေးအခေါ်ရှိလာအောင်လုပ်မပေးခဲ့ နိုင်တာတွေကြောင့်ပါ။ ဒါဟာ လူ့အဖွဲ့ အစည်းတစ်ခုလုံးတာဝန်ရှိပါတယ်။ ဒါပေမဲ့လယ်သမားအများစုကတော့ ဟော့ဟော့ရမ်းရမ်းမဟုတ်ကြပါဘူး။ အမှန်တကယ်သူတို့ဘ၀ကလှေလှော်ရင်း တက်ကျိုးနေကြရတာပါ။ အခုအချိန်မှာက  လယ်သမားများအနေနဲ့ တက်မရှိလို့လက်  နဲ့ လှော်နေရတဲ့အချိန်ပါ။ လယ်သမား ထုတစ်ရပ်လုံးခံစားခဲ့ကြရတဲ့ဒုက္ခကိုထိထိ ရောက်ရောက်ကူညီမပေးနိုင်ခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ ခေတ်အဆက်ဆက်လက်တွေ့မဖြစ်နိုင်တဲ့ ရုပ်ပြစီမံကိန်းကြီးတွေကိုချပြီး တာဝန်ရှိ သူလူကြီးများကလည်း အဆင့်ဆင့်သော အောက်ခြေ၀န်ထမ်းတို့၏ လိမ်ညာတင် ပြမှုများကို ပြုံးပြုံးကြီးအလိမ်ခံနေခဲ့ကြ တာပါ။ လက်ငင်းကာလမှာတော့ သီးနှံ ဈေးနှုန်းနဲ့ ရာသီဥတုရဲရိုက်ချက်ကြောင့် လယ်သမားများနလံမထူနိုင်တော့ပါဘူး။ “အကြွေးမကျေလို့လယ်သမားများနောက်  ဘ၀မှာသူတစ်ပါးကျွန်ြ့ဖစ်လိမ်မယ်”လို့ ဖတ်ရတော့။ စာရေးသူစဉ်းစားမိပါရဲ့။ အခုဘ၀မှာလည်း လယ်သမားများရဲ့ ဘ၀မှာ  ခေတ်အဆက်ဆက်အဖိနှိပ်ခံ၊ ညှဉ်းပန်းခံ၊ အပြစ်ပယ်ခံ၊ အကူအညီမဲ့ ဘ၀ဖြစ် အသက်ရှင်နေကြရတာပါ။ လယ်သမား  ထုကြီးတစ်ရပ်လုံးကတော့ အရေထူနေပါပြီးနောက် ဘ၀မှာဖြစ်မယ့် ကိစ္စလေးခဏထားပြီး ဒီဘ၀ကိစ္စလေး ကိုပဲ စဉ်းစားကြည့်စေချင်ပါတယ်။
ခေတ်အဆက်ဆက်မြန်မာလယ်သမား   တွေ ဆင်းရဲခဲ့ကြတာဟာ အစိုးရအဆက် ဆက်မှာ တာဝန်ရှိပါတယ်။ အစိုးရတွေရဲ့ လွဲမှာတဲ့ လုပ်ဆောင်ချက်တွေကြောင့် ပါ။အဆိုးဆုံးကာလကတော့ မြန်မာနိုင်ငံ ကို ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ်ခဲ့တာပါ  ပဲ။ စာရေးသူတို့နိုင်ငံဟာ ကမ္ဘာ့အလယ် မှာ ကြွေးပတ်လည်ဝိုင်းနေလို့ မျက်နှာ ငယ်ရတဲ့နိုင်ငံဖြစ်ခဲ့ရပါတယ်။ ယခုအခါ မှာ မြန်မာနိုင်ငံအပေါ်ကမ္ဘာ့အမြင်တွေ ပြောင်းလဲသွားပါပြီ။ တတ်နိုင်တဲ့အကူ  အညီတွေပေးနေကြပါပြီ။ နိုင်ငံတော် သမ္မတကြီးက ၁.၂.၂၀၁၃ တွင် တိုင်း ပြည်ကိုပြောကြားသွားသည်။ မိန့်ခွန်းထဲ မှာ “မြန်မာနိုင်ငံအတွက် နော်ဝေနိုင်ငံ၊ ဂျပန်နိုင်ငံတို့ဟာ မိတ်ဆွေကောင်းအဖြစ်  ပြသဖို့အတွက် ဒေါ်လာသန်းပေါင်းများ စွာကို လျော်ပစ်ခဲ့ကြပါပြီ”တဲ့ ဒါဟာ တကယ်ကို ကျေးဇူးတင်စရာကောင်းတဲ့ မိတ်ဆွေစစ်တွေဖြစ်ကြပါတယ်။ ဒုက္ခကို မျှဝေခံစားပေးကြတာပါ။ ဒုက္ခတွင်းက လွတ်လာအောင်ကူမပေးကြတာပါ။ ဂျပန်နိုင်ငံဆိုလျှင် မြန်မာနိုင်ငံက ကမ္ဘာ ဘဏ်တို့ အာရှဖွံ့ဖြိုးရေးဘဏ်တို့မှာ တင်နေတဲ့ကြွေးတွေကို ကူညီဆပ်ပေးပါတယ်။  သို့မှသာ ကမ္ဘာ့ငွေကြေးအဖွဲ့အစည်းများ က သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း များနဲ့ ညီညွတ်ပြီး၊ ချေးငွေအသစ်များပြန်  လည်ရရှိလာအောင် ကူညီဆောင်ရွက် ပေးတာဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ ဂျပန်  နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ မိတ်ဆွေ   ကောင်းဖြစ်တယ်ဆိုတာကိုပြသတာပါပဲ။ မြန်မာနိုင်ငံဟာအလုပ်သမား၊လယ်သမား  ဘ၀သာယာရေးကို အဓိကဦးစားပေးကြ ရမှာပါ။ အစိုးရ၀န်ထမ်းများကို ထောက် ပံ့ကြေးသုံးသောင်းတိုးပေးခဲ့ကြသလို၊ ပုဂ္ဂလိကအလုပ်သမားများလည်း လစာ ငွေသုံးသောင်းတိုးတက်ရရှိရေးတောင်းဆို ဆန္ဒပြခဲ့ကြလို့ရသလောက်ရခဲ့ကြ ပြီးဖြစ်ပါတယ်။
စာရေးသူတို့အားလုံးက စကားအဖြစ်  ပြောနေကြတဲ့ ကျေးဇူးရှင်တောင်သူလယ်  သမားဦးကြီးများဒုက္ခရောက်နေကြရပါပြီ။ ဒုက္ခကိုမျှစေခံစားပေးနိုင်မယ့် မိတ်ဆွေ ကောင်းတွေလိုပါတယ်။ ဘ၀တစ်သက်စာ လုံးစကားလုံးလှလှလေးတွေသုံးပြီး အညာခံခဲ့ရတဲ့ လယ်သမားဘ၀ကလွတ်  မြောက်ချင်ပါပြီ။ အခုတော့ လယ်သမား   ကိုလည်ပင်းနင်းပြီးထွက်လာတဲ့ ထမင်းလုတ်နဲ့ ကြွေးဆပ်ကြပါတဲ့။ လယ် သမားတွေကို ကယ်မယ့်လူမရှိကြတော့ ဘူးလားဗျာ။ ကယ်တော်မူကြပါဦး။ ကမ္ဘာပေါ်မှာ စာရေးသူတို့တောင်သူ လယ်သမားများအတွက်မိတ်ဆွေကောင်း မရှိကြပြီလော။

 

မောင်သံဒိုင်(ဘောဂဗေဒ)

,

No comments yet.

Leave a Reply

You must be logged in to post a comment.