
(၆၆)နှစ်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မကွေးတိုင်း ဒေသကြီး တောင်တွင်းကြီးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ကကြီးမှူး ကျင်းပသော မြန်မာ့ရိုးရာယဉ်ကျေး မှုဝတ်စားဆင်ယင်မှု သရုပ်ပြပြိုင် ပွဲကို (၁၂.၂.၂ဝ၁၃)ရက် ည(၇) အချိန်တွင် တောင်တွင်းကြီးမြို့ ရွှေလမင်းရုပ်ရှင်ရုံကြီးတွင်စည်ကား သိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။ အဆိုပါ ပြိုင်ပွဲတွင် တောင်တွင်းကြီးမြို့နယ် ရပ်ကွက်၊ကျေးရွာများနှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာများကိုယ်စား ပြု၍တောင်တွင်းကြီးမြို့ရဲ့မေမြန်မာ လေး ၂၂ဦးက ဆံစကနေခြေဖျား အထိ ပြင်ဆင်ဖီးလိမ်းမှု မြန်မာ ဆန်ဆန်ဂုဏ်သိက္ခာရှိရှိ။တင့်တင့် တယ်တယ် ဝတ်ဆင်မှုများနှင့် မြန်မာ့ယဉ်ကျေးမှုဂုဏ်ကိုထိန်း သိမ်းစောင့်ရှောက်ဖော်ညွှန်း၍ ယှဉ်ပြိုင်ခဲ့ကြောင်းသိရှိရသည်။ ၄င်းပြိုင်ပွဲတွင် သစ်တောရေးရာ ဌာန ကိုယ်စားပြုပညာရေးဝန်ထမ်း မဆုဝတ်ရည်လှိုင်က ပထမဆုရရှိ ပြီး တောင်ပြင်(၁)ရပ်ကွက်ကိုယ် စားပြု မမိုင်အိအိဌေးက ဒုတိယ ဆု၊တည်ဆောက်ရေး(၃)ကိုယ် စားပြု မယွန်းပွင့်ငယ်က တတိယ ဆု အသီးသီးစွတ်ခူးရရှိခဲ့ကြောင်း သိရှိရသည်။ယင်းဆုရရှိသူများကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌဒေါ်ခင်ပြုံးကြည်နှင့်အမျိုး သမီးရေးရာအဖွဲ့ဝင်များက ထိုက် ထိုက်တန်တန်ဂုဏ်ပြုဆုများချီးမြှင့်ခဲ့သည်၊ဖိတ် ကြားထားသောဧည့်သည်တော်များ၊ ဒေသခံပရိသတ် စုစုပေါင်းအင်အား (၂ဝဝဝ)ကျော်ခန့်တက်ရောက်အား ပေးခဲ့ကြောင်း သိရှိရသည်။ ”ဒီ နေ့ဟာ ကျွန်မတို့မြန်မာနိုင်ငံတစ် ဝှမ်းမှာ (၆၆)နှစ်မြောက်ကျရောက် လာတဲ့ ပြည်ထောင်စုနေ့ပဲဖြစ်ပါ တယ်။၊ဒီလိုနိုင်ငံတစ်ဝှမ်းမှာ ကျက် သရေ၊မင်္ဂလာအပေါင်းနှင့်ပြည့်စုံ တဲ့ ညချမ်းအချိန်အခါသမယမှာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့အနေ နဲ့ပထမဆုံးအကြိမ်အဖြစ် တင့်တင့် တယ်တယ်၊ခမ်းခမ်းနားနားနှင့် အနာဂတ်မြန်မာအမျိုးသမီးလေး များအနေနဲ့မြန်မာ့ယဉ်ကျေးမှုအမွေ အနှစ်များကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်နိုင်ရန်ရည်ရွယ်ပြီး မြန်မာ့ရိုးရာ ဝတ်စားဆင်ယင်မှု၊ ထုံးဖွဲ့မှုဆိုတာ ဆက်စပ်နေတယ် လို့ ဆိုနိုင်ပါတယ်။ မိန်းကလေး တိုင်းဟာ အိနြေ္ဒရှင်အလှ ကျက် သရေရှိတဲ့ အလှပိုင်ရှင်များအဖြစ် သတ်မှတ်ခံယူကြတာချည်းဘဲဖြစ် ပါတယ်။ဒါကြောင့် ခေတ်ရေစီး ကြောင်းအရ ပြောင်းလဲလာတဲ့ အကျိုးဆက်တွေကိုတွေ့ကြုံရပေမဲ့ လည်း ခေတ်ရဲ့တိုက်စားမှုမခံရ လေအောင် ထိန်းသိမ်းနိုင်စွမ်းရှိဖို့ လိုအပ်လှသလို ရိုးရာယဉ်ကျေးမှု ကို ထိန်းသိမ်းပြီး မောင်နဲ့နှမ၊ သား နဲ့အမိ၊အမြင်မှာတင့်စေဖို့အတွက် လျှပ်ပေါ်လော်လီမှုကင်းတဲ့ ဝတ် စားဆင်ယင်မှုနဲ့မြန်မာ့စာရိတ္တနဲ့ မြန်မာ့ဂုဏ်သိက္ခာကိုထိန်းသိမ်း ရမှာကတော့ ကျွန်မတို့မြန်မာ အမျိုးသမီးတိုင်းရဲ့ တာဝန်ပဲဖြစ်ပါ တယ်။ ဒါကြောင့် ကျွန်မတို့မြန်မာ အမျိုးသမီးတိုင်းဟာ မြန်မာဆန် တဲ့ဝတ်စားဆင်ယင်ထုံးဖွဲ့မှု မြန်မာ့ ဂုဏ်ကို ထိန်းသိမ်းသင့်တယ်ဆို တာကို သိစေချင်တဲ့ရည်ရွယ်ချက် နဲ့ အမျိုးသမီးရေးရာအဖွဲ့က ကြီး မှူးပြီး ဒီလိုနေ့ထူးနေ့မြတ်ဖြစ်တဲ့ ပြည်ထောင်စုနေ့မှာ အခုလိုဝတ် စားဆင်ယင်မှု သရုပ်ပြပြိုင်ပွဲကို ပြုလုပ်တာဟာ ကျွန်မအနေနဲ့ တော့ မေမြန်မာလေးများဟာ ဆံ စကနေခြေဖျားအထိ ပြင်ဆင်ဖီး လိမ်းမှုမှာ မြန်မာဆန်ဆန်ဂုဏ် သိက္ခာရှိရှိ တင့်တင့်တယ်တယ်ဖြစ် စေတဲ့ ဝတ်စားဆင်ယင်မှုနဲ့ယှဉ် ပြိုင်ကြတာဖြစ်ပါတယ်။ ဇာတိဂုဏ် ကိုမြတ်နိုး၊မြန်မာ့ဓလေ့ကိုစောင့် ရှောက်၊ကိုယ်ပိုင်ဟန်ကို မပျောက် ပျက်စေဘဲဝတ်စားဆင်ယင်မှု သရုပ်ပြပြိုင်ပွဲမျိုးကိုမကြာခဏဆို သလို ယခုလို နေ့ထူးနေ့မြတ်တွေ မှာ ပြုလုပ်သင့်တယ်”လို့ ဆရာမ တစ်ဦးက သူ့အမြင်သဘောထား ကို ¤င်းပြိုင်ပွဲတွင်ထုတ်ဖော်ပြော ကြားခဲ့သည်။
ဟင်္သာ(တောင်တွင်းကြီး)



Vol-3,No-145
Vol-3,No-144
Download
February 15, 2013
Home, သတင်း