
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် နှင့် ငြိမ်းချမ်းရေး သွေးသစ် လူငယ်များ(စမ်းချောင်း)တို့ ပူး ပေါင်းကျင်းပသော ပြည်ထောင်စု နေ့ အထိမ်းအမှတ်စာပေဟော ပြောပွဲကို စမ်းချောင်းမြို့နယ် ဝေဠုဝန်ကျောင်း တိုက်ရှေ့၌ (၁၁-၂-၂ဝ၁၃)ရက်၌ ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။ အဆိုပါ အခမ်းအနားတွင် ဗကသများ အဖွဲ့ချုပ်ဥက္ကဋ္ဌကို ကျော်ကိုကိုက စာပေဟောပြောပွဲ စတင်ကျင်းပဖြစ်ပုံအကြောင်း ပြောကြားခဲ့ပြီး ဗကသများအဖွဲ့ ချုပ် တိုင်းရင်းသားရေးရာကော် မတီမှ ကိုနန္ဒာစစ်အောင်က (၂ဝ၁၃)ခုနှစ် (၆၆)နှစ်မြောက် ပြည်ထောင်စုနေ့သို့ ဗကသများ အဖွဲ့ချုပ်မှ ပေးပို့သော သဝဏ် လွှာကို ဖတ်ကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် ငြိမ်းချမ်း ရေးသွေးသစ်လူငယ်များ ကိုယ် စား ကိုထက်ခိုင်က အမှာစကား ပြောကြားပြီး သတင်းစာ ဆရာ ကြီး ဟံသာဝတီဦးဝင်းတင် ပေးပို့သောသဝဏ်လွှာကို ငြိမ်း ချမ်းရေးသွေးသစ်လူငယ် (စမ်း ချောင်း) မှ ကိုငြိမ်းချမ်းအောင်က ဖတ်ကြားတင်ပြ ခဲ့ကြကြောင်း သိရသည်။ ထို့နောက်ဆရာ မကြီးဒေါ်ခင်ဆွေဦးက ဗကသ များအဖွဲ့ချုပ်တွင် ကျောင်းသား ဘဝက ပါဝင်ခဲ့ပုံများအကြောင်း ဟောပြောခဲ့ပြီး၊ ဆရာဝင်းထွဋ် ဇော်က ဆက်လက်ဟောပြောခဲ့ ကြကြောင်းသိရသည်။ နောက် ဆုံးအနေဖြင့် ကဗျာဆရာမိုးဝေက ဟောပြောခဲ့ပြီး အခမ်းအနားပြီး ဆုံးခဲ့ပါသည်။ ပြည်ထောင်စုနေ့ အထိမ်းအမှတ်စာပေ ဟောပြော ပွဲသို့ အခြေခံပညာကျောင်း သားများသမဂ္ဂမှ ကျောင်းသား များနှင့် ဗကသများအဖွဲ့ချုပ်မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ကျောင်း သား/ကျောင်းသူများ စုပေါင်း၍ ငြိမ်းချမ်းရေးတိုက်ပွဲကျောင်းသား သမဂ္ဂသီချင်းနှင့် သွေးသစ္စာ သီချင်းများကို သီဆို ၍ စာပေဟောပြောပွဲကို စတင်ဖွင့် လှစ်ခဲ့ကြကြောင်း သိရသည်။
ညီညီအောင်



Vol-3,No-141
Vol-3,No-140
Download
February 15, 2013
Home, သတင်း