
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၊ ပိန္နဲတောရပ်ရှိ ဇေယျ ဘုမ္မိဘုန်းတော်ကြီးသင်ပညာရေး ပရဟိတ အလယ်တန်းကျောင်း တည်ထောင်ဖွင့်လှစ်သည့် နှစ် (၂ဝ)ပြည့် အထိမ်းအမှတ်ပညာ ရေးစုံညီပွဲတော်ကို ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၅ နာရီ အဆိုပါ ကျောင်းဝင်းအတွင်းကျင်းပရာ အခမ်းအနားသို့ ဇေယျဘုမ္မိ (ဘက /ပရဟိတ)အလယ်တန်းကျောင်း ပဓာနနာယကကျောင်းအုပ်ဆရာ တော်အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာဝံသ ကြွရောက်ချီးမြှင့် ပြီး ပညာဒါန ဆရာ/ဆရာမများ၊ ပရဟိတကျောင်းသား/ကျောင်းသူ များ ဖိတ်ကြားထားသူများ စုံညီ စွာတက်ရောက်ကြသည်။
အခမ်းအနားတွင်ကျောင်း အုပ်ဆရာတော်က ဗုဒ္ဓယဉ် ကျေးမှုစာအောင်သူများကို ဆုချီးမြှင့်သည်။ ဆက်လက်၍ ၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ် တွင် ပညာဒါနပြုခဲ့ကြသည့် ဆရာ/ဆရာမများအား ဂုဏ်ပြု ဆုများပေးအပ်ပြီး ပညာရည်ချွန် ဆုများကို တာဝန်ရှိသူအသီးသီး က ပေးအပ်ချီးမြှင့်သည်။ ထို နောက် ပရဟိတကျောင်းသား/ ကျောင်းသူကလေးများမှ ပဒေ သာကပွဲဖြင့် သီဆိုကပြဖျော်ဖြေ ကြပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။
ဇေယျဘုမ္မိဘုန်းတော်ကြီး သင်ပညာရေး ပရဟိတအလယ် တန်းကျောင်းတွင် ကျောင်းသား (၁၈၅)ဦး၊ ကျောင်းသူ (၅၃)ဦး၊ စုစုပေါင်း (၂၃၈)ဦး ပညာသင် ကြားလျက်ရှိပြီး ဆရာ/ဆရာမ (၂၈)ဦးတို့က ပညာဒါနများပြု ပေးလျက်ရှိသည်။ ၄င်းအပြင် အဆိုပါကျောင်းတွင် လူငယ်စွမ်း ရည်၊ အမျိုးသားအမျိုးသမီး (အိမ် တွင်းမှု)ဘက်စုံသက်မွေး အတတ် ပညာများကို သင်ကြားပေးလျက် ရှိကြောင်း သိရှိရသည်။
တိုင်းရင်းသားလူမျိုးစု မိဘမဲ့ ပရဟိတအလယ်တန်းကျောင်းသို့ လှူဒါန်းလိုပါက ဦးစီးနာယက ဆရာတော်၊ ကျောင်းအကျိုး တော်ဆောင်အဖွဲ့ ဖုန်း-ဝ၉၄၂၂၂ဝ၂၃၆၆၊ ဝ၅၉၂၁၉၄၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ပါ ကြောင်း သိရှိရပါသည်။
မျိုးအောင်(မြန်မာစာ)



Vol-3,No-141
Vol-3,No-140
Download
February 15, 2013
Home, သတင်း