ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားများသမဂ္ဂသို့ နော်ဝေကျောင်းသားများ၏ လေ့လာရေးခရီး

February 15, 2013

Home, သတင်း

 

 

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂနှင့် နော်ဝေနိုင်ငံ ကျောင်းသား အဖွဲ့အစည်းတို့ ချိတ်ဆက်၍ နှစ် နိုင်ငံကျောင်းသားများပူးပေါင်း ဆောင်ရွက်မှုအဖြစ် နော်ဝေ နိုင်ငံကျောင်းသား များနှင့်ဗကသ များအဖွဲ့ချုပ်မှ ကျောင်းသား/ ကျောင်းသူများပူးပေါင်းလှုပ်ရှား မှုများပြုလုပ်ခဲ့ကြရာ ၁-၂-၂ဝ၁၃ ရက်နေ့တွင် ရန်ကုန်တောင်ပိုင်း ခရိုင် ကျောင်းသားများသမဂ္ဂ၏ ရုံးခန်းဖြစ်သော အိုးဝေစာကြည့် တိုက်နှင့် ပညာဒါနသင်တန်း ကျောင်းသို့ လေ့လာရေးရောက်ရှိ ခဲ့ကြရာ ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသား သမဂ္ဂကျောင်းသား များမှ မြန်မာရိုးရာ အစားအစာ များဖြင့် ဧည့်ခံခဲ့ကြပြီး အိုးဝေစာ ကြည့်တိုက်နှင့် ပညာဒါနစတင် ဖြစ်ပေါ်လာပုံနှင့် လုပ်ငန်း လည်ပတ်ဆောင်ရွက်ပုံများကို ရှင်းလင်းခဲ့ကြပြီး လာရောက် လေ့လာကြသော နော်ဝေ ကျောင်းသားများက နဝမတန်းနှင့် တက္ကသိုလ်ဝင်တန်းပညာဒါနကျောင်း သားများ၏ ပညာရေးအခြေ အနေများနှင့် အရေးပေါ် သွေးလှူဒါန်းမှုများအား ပြန် လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့နောက် ကျောက် တန်းမြို့နယ် ရေလယ်ဘုရား၊ သန်လျင်မြို့နယ် သမိုင်းဝင် ဆံတော်ရှင်ကျိုက်ခေါက်စေတီ တော်မြတ်ကြီးနှင့် ဝန်ကြီးပဒေသ ရာဇာနှင့် နတ်ရှင်နောင်ဂူတို့သို့ ဗကသများအဖွဲ့ချုပ်က လိုက်လံ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ ပညာဒါနကျောင်းတွင် တက္ကသိုလ် ဝင်တန်းကျောင်းသား၊ ကျောင်းသူ (၈)ဦး၊ နဝမတန်းကျောင်းသား၊ ကျောင်းသူ(၇)ဦးကို ကျောင်း အိပ်ကျောင်းစားအဖြစ် လက်ခံ သင်ကြားပေးနေပြီး ဆင်းရဲနွမ်းပါး ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုအဖြစ် ဆေးဝါး ကုသစရိတ်နှင့် အရေးပေါ်အခမဲ့ သွေးလှူဒါန်းခြင်းများ၊ သန်လျင် မြို့နယ်သူ၊ မြို့နယ်သားများ အသိ ပညာဗဟုသုတတိုးပွားလာရေး အတွက် စာကြည့်တိုက်ဖွင့်လှစ် ဆောင်ရွက်ခြင်းများကို ပြုလုပ်ပေး နေပါသည်။

 

တူးတူး

,

No comments yet.

Leave a Reply

You must be logged in to post a comment.