ပဲခူးတိုင်းဒေသကြီး ၊ အုတ်တွင်းမြို့နယ် ၊ ညောင်ခြေထောက်ဒေသ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော ပြည်ထောင်စုနေ့အကြို ၊ ပထမအကြိမ် စာပေဟောပြောပွဲ နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို (၉.၂.၂၀၁၃) နေ့ ည (၇း၀၀) နာရီတွင် ကိုးန၀င်းစေတီ မြက်ခင်းပြင်တွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ ည(၁၁း၀၀) နာရီခန့်တွင် ပြီးစီးခဲ့သည်။ဟောပြောပွဲသို့ တောင်ငူခရိုင်အတွင်းမှ စာပေချစ်သူပြည်သူများနှင့် အဖွဲ့ချုပ် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး စာရေးဆရာ ညီမင်းညိုက “တိုင်းပြည်ရှင်ပြုချိန်´´၊ စာရေးဆရာ အကြည်တော်က “လမ်းနှစ်သွယ်´´၊ စာရေးဆရာ မင်းကိုနိုင်က “ရာဇ၀င်ထဲကသူရဲကောင်း´´ စသည့်ခေါင်းစဉ်များဖြင့် စာပေရေးရာများကို ဆွေးနွေးဟောပြောခဲ့ကြသည်။ (၁၀.၂.၂၀၁၃) ရက်နေ့ နံနက် (၉း၀၀)နာရီတွင် စာရေးဆရာများသည် ကျွဲပွဲဒေသမှ စာပေချစ်သူအဖွဲ့ချုပ် အဖွဲ့ဝင်များ နှင့် ဦးခင်မောင်ဝင်း၏နေ အိမ်တွင် တွေ့ဆုံပြီး “ရေးသူဖတ်သူ ဆွေးနွေးပွဲ´´ ကိုလည်းကျင်းပခဲ့ကြောင်းသိရှိရပါသည်။
မင်းနေနိုင်



Vol-3,No-141
Vol-3,No-140
Download
February 15, 2013
Home, သတင်း