
မကြာသေးခင်ရက်များတုန်း က အထက်အညာဒေသ အနောက်မြောက်အရပ်ဆီသို့ မီးရထားဖြင့် ခရီးထွက်ဖြစ်သည်။ ရထားထွက်တော့ ဘူတာရုံ၌ ရောင်းသောစာအုပ်ဆိုင်က အပျင်းပြေဖတ်ရန် ၀ယ်ယူလာခဲ့ သော (၃၇)မင်း နတ်သမိုင်း ကြောင်းစာအုပ်ကို ထုတ်ဖတ်ဖြစ် သည်။ စာအုပ်ပါအကြောင်း အရာတွေက စိတ်ဝင်စားစရာ ကောင်းသော်လည်း မျက်စိက ညောင်းလာသည်။ ဒီလိုနဲ့ ရထား လမ်းဘေးတစ်လျှောက် မြင်ကွင်း ကိုကြည့်မိတော့ လယ်ကွင်းတွေ၊ သစ်ပင်တွေ၊ တောင်တန်းတွေကို တွေ့ရသည်။ ပူပြင်းလှသော ရာသီဥတုနှင့်အတူ ဖြတ်သန်း တိုက်ခတ်လာသော လေနုအေး၊ နရီမှန်ခုတ်မောင်းနေသော ရထား သံကို အာရုံပြုခံစားရင်း ကျွန်ုပ် ၏ မျက်လုံးများမှာလည်း မှေး စင်းလာတော့သည်။ ထို့နောက် မှာတော့…
တောလမ်းလေးတစ်ခုမှာ လူငယ်တစ်ယောက် လမ်းလျှောက် လာနေသည်။ သူ့ပုံစံက ဖြတ် လက်တက်ကြွပုံရသည်။ လည် လည်ဝယ်ဝယ်နှင့် ဆရာကြီးပုံစံ မျိုး သူ့ရဲ့ရှေ့ခပ်လှမ်းလှမ်းမှာ လူ တစ်ယောက်ထင်းတစ်စည်းကို ထမ်းပြီး လမ်းလျှောက်နေတာ တွေ့ရသည်။ ထင်းစည်းထဲမှာ ပုဆိန်တစ်ချောင်းကိုလည်း တွေ့ ရသည်။ သူ့ရှေ့က လူထံ အမြန် လျှောက်သွားပြီး ခေါ်လိုက်သည်။
“ဗျို့ရှေ့က ဆရာကြီး ခဏ ရပ်ပါဦး”
“ဘာလုပ်မလို့တုန်းကွ”
“ဆရာကြီးက ထင်းစည်းထဲ မှာ ပုဆိန်ထည့်ထားတော့ ဖက် ဆစ်လား”
“ဘာဖက်ဆစ်လဲ၊ ငါ့နာမည် ငရင်မောင်လို့ခေါ်တယ်”
“သြော် ဟုတ်ကဲ့ပါခင်ဗျာ၊ အခုဘယ်ကလာလို့၊ ဘယ်ကို သွားမလို့တုန်း”
“ငါက နန်းချောင်းပြည်နယ် ရွှေလီမြစ်ကမ်းဘေးက သစ် တောမှာနေတဲ့သူကွ၊ အခု ငါ့နယ် မြေကြိုးဝိုင်းထဲမှာ မင်းကြီး၊ မင်း လေးတို့ရဲ့ အနွယ်တော် ငတေ ဆိုတဲ့ သူက ခွင့်ပြုချက်မရှိဘဲ သစ်တွေခုတ်နေတာ သစ်တော တွေလည်း ပြုန်းကုန်ပြီ။ သစ်ပင် တွေစောင့်တဲ့ ဒန်းမောင်ရှင်နတ် လည်း ဘုံပျောက်သွားပြီ၊ အဲဒီ ကိစ္စတာဝန်ရှိသူတွေကလည်း ဘာမှမလုပ်ပေးနိုင်တော့ ငါလည်း တရားမျှတစွာ ဆုံးဖြတ်ပေးနိုင် မယ့်သူကို လိုက်ရှာနေတာ တော် တော်ကြာပါပြီကွာ။ အခုထိ မတွေ့သေးဘူး။ ဒါနဲ့ မင်းကကော ဘယ်သူလဲ။”
“ကျုပ်နာမည်က ငကွန်ရက် ပါ၊ လူတွေရဲ့အခက်အခဲဒုက်္ခတွေ ကို အကျိုးအမြတ်မယူဘဲ လိုက် ကူညီပေးနေတဲ့သူပါ။ အခု ဆရာကြီးရဲ့ အခက်အခဲကိုလည်း ကူညီနိုင်ပါတယ်။”
“မင်းက ဘယ်လိုကူညီမှာလဲ ကွ”
“ကျုပ်တို့ပြည်က ဆိုကရေး တီးဆိုတဲ့သူ ဂရိပြည်ကိုသွားပြီး ကျောင်းဆရာသွားလုပ်ခဲ့ဖူးတယ်၊ သူက အဲဒီပြည်မှာ ကျင့်သုံးနေ တဲ့ ဒီမိုကရေစီစနစ်အကြောင်းကို ကျမ်းပြုပြီး ကျုပ်တို့ပြည်ကို ပို့ လိုက်လို့ တကောင်းခေတ်တုန်း က အသုံးပြုဖူးတယ်”
“ဘာလဲကွ ဒီမိုကရေစီစနစ် ဆိုတာ”
“လွှတ်တော်လို့ခေါ်တဲ့ အဆောက်အအုံကြီးထဲမှာ ကိစ္စတစ်ရပ်ကို အများရဲ့ ဆန္ဒအရ အဆုံးအဖြတ်ပြုကြတဲ့စနစ်လို့ ပြောတာပဲ”
“တစ်ယောက်တည်း ဆုံး ဖြတ်တာမဟုတ်ဘူးပေါ့”
“မဟုတ်ဘူး”
“အဲဒါဆို ငါ့ကိုလည်း အဲဒီ စနစ်အတိုင်းအုပ်ချုပ်ဆုံးဖြတ်တဲ့ ခေတ်ကို ခေါ်သွားပါလား။ ငါ့ ကိစ္စကို ဆုံးဖြတ်ခိုင်းမလို့”
“လောလောဆယ် အနီးဆုံး အဲဒီစနစ်အတိုင်းအုပ်ချုပ်နေတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ဆီ ဆရာကြီးကို ခေါ်သွားပါ့မယ်”
“အဲဒါဆိုရင်လည်း သွားကြ စို့ကွာ”
ဤသို့ဖြင့် သူတို့နှစ်ယောက် သည် တောလမ်းလေးအတိုင်း လျှောက်သွားကြရာ “အလိုရှေ့ မှာလူတစ်ယောက်ပါလား။ လက် ထဲမှာလည်း တံစဉ်ကြီးကိုင်လို့၊ ကျုပ်တို့ကိုများ ရန်မူမလားမသိ”
“မကြောက်စမ်းပါနဲ့ဗျာ။ ကျုပ်မိတ်ဆက်လိုက်ပါ့မယ်။ ဗျို့ ရှေ့ကမိတ်ဆွေကြီး ရပ်စမ်းပါဦး ဗျာ။ လက်ထဲမှာလည်း တံစဉ်ကြီး နဲ့ခင်ဗျားက ကွန်မြူနစ်ကြီးလား”
“ဘယ်က ကွန်မြူနစ်လဲ၊ ကျုပ်နာမည် ငလက်ဖယ်လို့ ခေါ် တယ်ဗျ။ လယ်သမားကြီးပေါ့”
“အခုဘယ်ကိုသွားမလို့တုန်း”
“ကျုပ်ပိုင်တဲ့ လယ်တွေကို ငခရုနီဆိုတဲ့ ကြေးရည်တတ်က သာသနာပြုတယ်ဆိုပြီး ကျူး ကျော်ချဲ့ထွင်နေတယ်ဗျာ။ လယ် ထဲမှာ အုတ်လုပ်ဖို့ မြေတွေတူး၊ အုတ်တွေဖုတ်ဖို့အတွက် သစ်တွေ ခုတ်၊ လယ်ထဲမှာ ချိုင့်ခွက်ဖြစ် သွားတဲ့ နေရာတွေကို အင်းလုပ် ပြီး ငါးမွေးတယ်။ သူ အဲဒီလို လုပ်လို့ ကျုပ်တို့ဒေသမှာ ရာသီ ဥတုလည်းမမှန်တော့ဘူး။ သစ် ပင်တွေလည်းမရှိတော့ မိုးခေါင် ရေရှားဖြစ်ပြီး လယ်သမားတွေ လည်း အလုပ်မရှိတော့ ဘုရား တည်တဲ့နေရာမှာ ပန်းရံဝင်လုပ် နေရတယ်။ မိုးခေါင်လို့ မိုးခေါင် ကျော်စွာနတ်လည်း မတတ်နိုင် ဘူး။ ပုန်းမကြည်မနတ်လည်း ငတ်နေပြီ။ ငါးတွေရှိတော့ ပျဉ် ထောင်ရှင်မနတ်ပဲ အဆင်ပြေ နေတယ်။ ငါတို့မှာတော့ လျော် ကြေးမရ။ ဘာမရနဲ့ အဲဒီကိစ္စ တိုင်မလို့ ထွက်လာတာ”
“အဲဒါဆိုရင် ဘာမှပြောမနေ နဲ့တော့ တိုင်ရမယ့်နေရာကို လိုက်ပို့ပေးမယ်။ တစ်ခါတည်း လိုက်ခဲ့တော့”
ဤသို့ဖြင့် သူတို့(၃)ယောက် သည် တောလမ်းလေးအတိုင်း ဆက်လျှောက်လာကြရာ ရှေ့၌ တူကြီးတစ်ချောင်းကိုင်ကာ သွား နေသော ဗလတောင့်တောင့်လူ ကြီးတစ်ဦးကို တွေ့လေသော အခါ “ဗျို့ရှေ့ကနောင်ကြီးလက် ထဲမှာလည်း တူကြီးကိုင်ထားလို့ ခင်ဗျားက အလုပ်သမားထုကို ကိုယ်စားပြုတဲ့ ဆိုရှယ်လစ်ကြီး လား”
“ဘာလဲကွ ဆိုရှယ်လစ်၊ ငါ့ နာမည်က ငတင့်တယ်လို့ခေါ် တယ်၊ ပန်းပဲလုပ်တယ်ကွ”
“ဘယ်ကိုသွားမလို့တုန်း”
“ဒီလိုကွ၊ ငါတို့တစ်တွေက တောင်ပေါ်၊ တောင်တန်းတွေ ပေါ်မှာနေကြတဲ့ သူတွေ၊ ပုပ္ပား တစ်ခွင်မှာ ကျုပ်နေတယ်။ ကျုပ် အနွယ်တော်ဖိုးဝင်းရှင်မဆိုရင် မုန့်သည်မရွာတစ်ဖက်ကမ်း ဆလင်းဘက်က လက်ဖွဲ့တောင် အခုတော့ လက်ပံတောင်းတောင် မှာနေတယ်။ အခု သူနေတဲ့ တောင်တစ်ကြောမှာ သတ္တုတွေ ထွက်လို့ဆိုပြီး ငစိနဆိုတဲ့သူက တူးနေတယ်။ အဲဒါ ဘုမ္မဆိုးဆိုတဲ့ သူက သွားတားတာ အုပ်စုလိုက် လုပ်လွှတ်လိုက်လို့ ဒဏ်ရာတွေရ ကုန်တယ်။ ကျုပ်ကိုလည်း အလို တူ၊ အလိုပါဆိုပြီး ကျုပ်နေတဲ့ တောင်မှာ အင်္ဂတေဖျော်ရင် ထည့်တဲ့ သရိုးမှုန့်တွေထွက်တယ်။ တူးမယ်လုပ်နေတယ်။ ငါ့မှာ ပန်းပဲထုစရာသတ္တုပျောက်မှာ တောင် စိုးရိမ်နေရတဲ့အထဲ အခု လိုလုပ်မယ်ဆိုလို့ တရားမျှတစွာ လုပ်ပေးမယ့်သူကို လိုက်ရှာနေ တာကွ”
“ခင်ဗျားတို့ (၃)ယောက်က အကြောင်းအရာမတူပေမဲ့ ဘ၀တူတွေပဲ၊ ကျုပ်နောက်က သာလိုက်ခဲ့ကြဗျာ”
ဤသို့ဖြင့် ငကွန်ရက်ခေါင်း ဆောင်သော (၄)ဦးအဖွဲ့ ခရီး ဆက်လာရာ အလွန်စည်ကား သော ပြည်တစ်ခုသို့ ဆိုက်ရောက် ကြလေသည်။ “ကဲရောက်ပြီဗျာ။ ဟိုးမှာ လွှတ်တော်လို့ခေါ်တဲ့ အဆောက်အအုံတွေ့လား၊ အဲဒီ ထဲမှာ အလောင်းစည်သူမင်းရဲ့ သားတော်တွေရှိတယ်။ ကိစ္စတစ် ရပ်ကို ညီအစ်ကို(၅)ဦး တိုင်ပင် ပြီးဆုံးဖြတ်တယ်။ အငယ်ဆုံး ပျံချီဆိုတဲ့သူက ဓမ္မသတ်ကျမ်း တွေတောင်ရေးတဲ့သူ။ ခင်ဗျားတို့ ပြဿနာတွေကို သွားတင်ပြကြ။ သူတို့ညီအစ်ကိုတွေက ဒီမိုကရေ စီနည်းကျကျ ဆန္ဒနဲ့အညီ ဆုံး ဖြတ်ပေးလိမ့်မယ်။ ကျုပ်ကတော့ အထဲဝင်လို့မရတော့အပြင်ကပဲ စောင့်နေမယ်”
လွှတ်တော်ထဲ၌ ညီအစ်ကို (၅)ဦးတိုင်ပင်ဆွေးနွေးနေစဉ်လူ (၃)ဦးဝင်လာသည်။ “ဟဲ့ ဘယ်သူ တွေလဲ၊ ဘာကိစ္စလဲ”
“မှန်လှပါ။ ကျွန်တော်မျိုးတို့ ဟာ ငမောင်ရင်၊ ငလက်ဖယ်နဲ့ ငတင့်တယ်တို့ပါ။ ကျွန်တော်မျိုး တို့ကိစ္စကို လျှောက်ချင်လို့ပါ”
“ဘာကိစ္စများလဲကွဲ့”
“ကျွန်တော်မျိုးရဲ့ သစ်တော မှာ….ကိစ္စတွေဖြစ်နေပြီး၊ ငလက် ဖယ်ရဲ့ လယ်ယာမြေမှာတော့…. ကိစ္စတွေဖြစ်နေပါတယ်။ ငတင့် တယ်တို့နေတဲ့တောင်တွေမှာ တော့….ကိစ္စတွေဖြစ်နေလို့ လာ ရောက်တိုင်ကြားလျှောက်ထားရ ခြင်းပါ”
“အဲဒီကိစ္စအတွက် တို့ညီ အစ်ကိုတွေ တိုင်ပင်ဆွေးနွေး လိုက်ဦးမယ်။ မောင်မင်းတို့စောင့် နေ”
“ညီအစ်ကို(၅)ဦးလွှတ်တော် ခန်းမဆောင်ရှိ သီးသန့်အခန်း၌ တိုင်ပင်ဆွေးနွေးကြပုံမှာ “ညီ တော်တို့ သူတို့ပြောတဲ့ ငတေဆို တဲ့သူက ခမည်းတော်ရဲ့ သမက် လောင်းနာမည်နဲ့တူတယ်နော်။ တို့ယောက်ဖလောင်းဖြစ်နေဦး မယ်””
“ဟုတ်နိုင်တယ်ကွ။ ငခရုနီ ဆိုတဲ့ နာမည်လည်းကြားဖူးတယ်။ ခမည်းတော်ရဲ့ မိတ်ဆွေများလား မသိဘူး”
“အိုကွာ သူတို့ပြောတဲ့ ငစိန ဆိုတာ ငါတို့သူငယ်ချင်းကြီးပြော တာ ကျိန်းသေပါတယ်ကွာ။ ဒီ တော့ ဒီကိစ္စအားလုံးကို ညီတော် ပျံချီပဲတာဝန်ယူဆုံးဖြတ်ပေးလိုက် ကွာ”
ဤသို့ဖြင့် ညီအစ်ကို(၅) ဦး တိုင်ပင်ဆွေးနွေးပြီးနောက် ၎င်း တို့(၃)ဦးကို ရှေ့တော်သွင်းစေ သည်။ “မောင်မင်းတို့ကိစ္စကို ဆုံး ဖြတ်ရသော် ကျုပ်တို့ပြည်သည် ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံဖြစ် သောကြောင့် ငခရုနီသည် သာ သနာပြုဖို့ စေတီတော်တည်ရန် အတွက် အုတ်ဖုတ်ဖို့ လယ်မြေ များထဲမှ မြေကြီးတူးခြင်းဖြစ် တယ်။ ထိုကဲ့သို့ သာသနာပြု သောကြောင့် ဒေသခံလယ် သမားများ မြေတူး၊ အုတ်လုပ်၊ အုတ်ဖုတ်၊ ပန်းရံလုပ်၊ ထင်းခုတ် စတဲ့အလုပ်အကိုင်တွေရရှိပြီး ကုသိုလ်လည်းရ၊ ၀မ်းလည်းဝကြ တယ်လို့ သုံးသပ်မိတယ်။ ဒါ ကြောင့် ငခရုနီသာသနာပြုလုပ် ငန်းတွေ စိတ်ချမ်းသာစွာလုပ်ကိုင် နိုင်စေဖို့ ငလက်ဖယ်က လယ် မြေတွေပေးအပ်ရမယ်။ ဘုရား ပုံများ သွန်းလုပ်ရန် သတ္တုများ ရှာဖွေပြီး ငစိနက ငခရုနီထံပို့မှ သင့်တော်မယ့်၊ အင်္ဂတေဖျော်မယ့် သရိုးမှုန့်ရှာရန် ငတင့်တယ်က တောင်ပေါ်က ဖယ်ပေးရမယ်။ ဒါ့ အပြင် အုတ်ဖုတ်ရန်နှင့် သတ္တု ကျိုရန် လိုအပ်သောထင်းကို ငမောင်ရင်နဲ့ သစ်တောမှ သစ် အလုံအလောက်ပို့ပေးဖို့ ငတေက တာဝန်ယူမှဖြစ်မယ်လို့ ဆုံးဖြတ် လိုက်တယ်။ ဒီဆုံးဖြတ်ချက်ကို နောင်တော်တို့ထဲက သဘော မတူသူရှိပါသလား၊ သဘောမတူ သူရှိပါသလား၊ သဘောမတူသူ ရှိပါသလား၊ သဘောမတူသူ မရှိ တဲ့အတွက် ဆုံးဖြတ်ချက်အတည် ဖြစ်တယ်။ အယူခံတက်ခွင့်မရှိ”
ဤသို့ဖြင့် ၎င်းတို့(၃)ဦး ညှိုး ငယ်သောမျက်နှာများဖြင့် လွှတ် တော်အတွင်းမှ ထွက်လာသည် ကို ငကွန်ရက်မြင်သောအခါ “ကိုင်းခင်ဗျားတို့ရောက်ချင်တဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုက ရေစီနိုင်ငံတော်ကြီးဆီကို ရောက် အောင်ကျုပ်ခေါ်လာခဲ့ပြီးပြီ၊ ခင် ဗျားတို့တင်ပြချင်တဲ့ ဆန္ဒတွေ လည်း လွှတ်တော်မှာတင်ပြပြီးပြီ။ အဆင်ပြေကြတယ်မဟုတ်လား”
သုံးယောက်သား ငိုသံကြီး ဖြင့် ပြိုင်တူပြောလိုက်ပုံက
“ကျုပ်တို့ကို သမိုင်းဦးဘုံမြေ ခေတ်ကိုသာ ပြန်ပို့ပေးကြပါ တော့ဗျာ”
ဤစကားအကျယ်ကြီးကို ကြားရပြီးနောက် ကျွန်ုပ်လည်း အိပ်ရာမှ လန့်နိုးသွားပါတော့ သတည်း။
နောင်တင်စိုး



Vol-3,No-141
Vol-3,No-140
Download
February 13, 2013
Home, ဆောင်းပါး