ဘာသာပေါင်းစုံပူးပေါင်း၍ ပြည်ထောင်စုနေ့ အထိမ်းအမှတ်ငြိမ်းချမ်းရေးဟောပြောပွဲကျင်းပ

February 13, 2013

Home, သတင်း

 

 


ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ကျိုက်ခေါင်ဘုရား  နှင့် အရှေ့ပိုင်းတက္ကသိုလ်ကြား (၁၅) ပေ အခမဲ့ရွာ၊ သဘာဝတ ရားရိပ်သာတွင် (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်၊ ငြိမ်းချမ်းရေးအတွက် ဟောပြော ပွဲအား ဘာသာပေါင်းစုံပူးပေါင်း  ၍ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပြည်ထောင်စုနေ့ အထိမ်းအမှတ်ငြိမ်းချမ်းရေးအတွက်  ပူးပေါင်းဆောင်ရွက်ရေးဟောပြော ပွဲအား ဘာသာကြီးလေးဘာသာ   ဖြစ်သော ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာ၊ အစ္စလာမ်ဘာသာနှင့် ဟိန္နူဘာသာတို့မှ သက်ဆိုင်ရာ   တာဝန်ရှိသူဆရာတော်ကြီးများ  တက်ရောက်ကာငြိမ်းချမ်းရေး အတွက် တစ်ဦးစီးဟောပြောခဲ့ ကြောင်း တက်ရောက်ဟောပြော ခဲ့သော ဆရာတော်ကြီးများမှာ အပြည်ပြည်ဆိုင်ရာဗုဒ္ဓသာသနာ ပြုတက္ကသိုလ်မှဦးပဏ္ဍ၀ံသ၊ သန်လျင်မြို့သဘာဝတရားရိပ်သာ  မှ ဆရာတော်အရှင်ဦးဥတ္တမသာ ရ၊ အစ္စလာမ်ဓမ္မဗိမာန်ကာဒရီယာ အလီယာဦးဆောင်ဆော်သြရေး မှူးဓမ္မကအလ်ဟဂ်ျခလီဖွာဦးအေး  လွင်၊ ဟိန္နူဘာသာမဟာသိဒ်္ဓိတင် မဟာပဏ္ဍိတဂုရုမှ ဆရာတော်စရီ  ဦးမောင်မြင့်နှင့် ခရစ်ယာန်ကက်  သလစ်ဂိုဏ်းချုပ်ကျောင်းရန်ကုန် မြို့မှ Rev,Fr. George Shwe Tunတို့တက်ရောက်ခဲ့ကြောင်း အခမ်း အနားပွဲအား နေ့လယ် (၁း၃၀) နာရီမှ စတင်ကာ (၄) နာရီအချိန် အထိပြုလုပ်ခဲ့ကြောင်း သိရ သည်။
ပြည်ထောင်စုနေ့အထိမ်းအမှတ်  ငြိမ်းချမ်းရေးအတွက်ဟောပြော   ပွဲ၌ “ငြိမ်းချမ်းရေးအတွက်ဘာသာ ပေါင်းစုံပူးပေါင်းဆောင်ရွက်မည်” ဟူသော ဦးတည်ချက်ဖြင့် ဓိဋ္ဌာန်  ထားကာဟောပြောပွဲအပြီး၌ ဘာသာပေါင်းစုံမှသက်ဆိုင်ရာဆု တောင်းများကို ဆုတောင်းခဲ့ ကြောင်း သိရသည်။

 

ညီညီအောင်

,

No comments yet.

Leave a Reply

You must be logged in to post a comment.